ထွက်ရှိပြီး တစ်ပတ်အတွင်း ကြည့်ရှုတဲ့နာရီပေါင်း ၃၄၁. ၂ သန်းရှိခဲ့တဲ့ Wednesday

Celebrity

ထွက်ရှိပြီး တစ်ပတ်အတွင်း ကြည့်ရှုတဲ့နာရီပေါင်း ၃၄၁. ၂ သန်းရှိခဲ့တဲ့ Wednesday

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ထွက်ရှိပြီး တစ်ပတ်အတွင်း ကြည့်ရှုတဲ့နာရီပေါင်း ၃၄၁. ၂ သန်းရှိခဲ့တဲ့ Wednesday ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဇာတ်ကားကောင်းကောင်း၊ ဇာတ်လမ်းတွဲကောင်းကောင်းတွေ ထုတ်လွှင့်တဲ့ Netflix က အခုတစ်ခါမှာလည်း Wednesday ဆိုတဲ့ စီးရီးကိုထုတ်လွှင့်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့က ထွက်ရှိခဲ့တဲ့ ဒီစီးရီးက တစ်ပတ်အတွင်း ကြည့်ရှုနှုန်းကောင်းခဲ့ပါတယ်။


အသက် ၂၀ အရွယ်မင်းသမီး ဂျန်နာ အော်တီဂါ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Wednesday ဟာ ကြည့်ရှုတဲ့ နာရီပေါင်း ၃၄၁.၂ သန်းနဲ့ တာထွက်ကောင်းခဲ့ပါတယ်။ နိုင်ငံပေါင်း ၈၃ နိုင်ငံမှာလည်း နံပါတ် ၁ စီးရီးဖြစ်နေပါတယ်။

“အခု Wednesday က တစ်ပတ်အတွင်း နာရီပေါင်း ၃၄၁.၂ သန်းနဲ့ ကြည့်ရှုတဲ့နာရီအများဆုံးစံချိန်ကို ချိုးထားပါတယ်”လို့ Netflix က ကြေညာခဲ့တာပါ။ Wednesday က Netflix မှာ အခုလ ထွက်ရှိခဲ့တဲ့ The Crown နဲ့ Dead to Me စီးရီးတွေကို ကျော်ပြီး နံပါတ်၁ နေရာမှာ ရောက်ရှိနေပါတယ်။


ဒီစီးရီးက လူထူးဆန်းတွေချည်းပဲ တက်တဲ့ Nevermore ဆိုတဲ့ကျောင်းကို ရောက်သွားခဲ့တဲ့ နာမည်ကျော် အဒမ်စ်မိသားစုရဲ့သမီးဖြစ်သူ Wednesday ကို အဓိကဇာတ်ကောင်အဖြစ်ရိုက်ကူးထားတာပါ။ အဒမ်စ်မိသားစုအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တွေကြည့်ဖူးရင် သူတို့မိသားစုကို သိကြမှာပါ။ စွမ်းအားကိုယ်စီနဲ့၊ ပေါက်ဂွစာတွေ၊ လူ့ကန့်လန့်တွေပါပဲ။ Wednesday က အပိုင်း ၈ ပိုင်းရှိတဲ့ ရယ်လည်းရရသလို ကြောက်ဖို့လည်းကောင်းတဲ့ ဇာတ်လမ်းတွဲကောင်းလေးပါ။ ကြည့်သင့်တဲ့series လေးတခုဖြစ်ပါတယ်

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။