Aquarius (Jan 20 – Feb 18)

Astrology

Aquarius (Jan 20 – Feb 18)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့Aquarius (Jan 20 – Feb 18) အကြောင်းလေးပဲ ဖြစ်ပါတယ်။

Aquarius zodiac sign explained: Dates, compatibility, personality
Aquarius (Jan 20 – Feb 18)
Element – Air
Zodiac Symbol – Water Bearer
Spiritual Animal – Spider
Birth Stone – Amethyst , Garnet , Jasper
Personality

Element က Air ၊ Sign Quality က Fixed ဖြစ်နေမှတော့ ဘာပြောကောင်းမလဲ ။ ခေါင်းမာမာနဲ့ကို Free Spirit နေကြတာပေါ့ ။ ဘော်ဒါတွေ ၊ ကိုစိုးမိတ်/မစိုးမိတ်တွေအနေနဲ့ သူတို့ကို နားလည်ဖို့သိပ်မကြိုးစားစေချင်ဘူး ၊ ဘာလို့ဆို သူတို့ဟာသူတို့တောင် ဆယ်ခါပြန်လက်လျော့ထားတာ ကြာပြီ ။ Water Bearer တွေက တခါတလေ မြောက်ဝင်ရိုးစွန်းကြီးလို အေးစက်စက်နိုင်တယ် ၊ တခါတလေကျ ဆာဟာရလေးလို ခပ်ဟော့ဟော့ဖြစ်နေပြန်ရော ။ ကွန်ဖီးဒန့်နေချိန်များ ဘယ်သူလာဆဲဆဲ အိုင်ဒုန့်ကဲ ၊ Low Self-Esteem ရာသီရောက်ရင်ကျ မှန်ကြည့်ပြီးတောင် စိတ်တိုင်းမကျချင်တော့ဘူး ။ ကိုယ့်ဟာကိုစားချင်တာလျှောက်စားတုန်းက အကောင်း ၊ ပြီးမှ မှန်ကပဲ အမှန်တိုင်းမပြတော့သလိုလို မှန်ဆိုင်ကပဲလိမ်ရောင်းလိုက်သလိုလို ဖြစ်ကြသေးတာ ။ ခံစားချက်အပိုင်းပြောမယ်ဆိုလည်း သူတို့နှလုံးသားက နည်းနည်းတော့ Racist ဖြစ်တယ် ။ သူတို့ Care မလုပ်တဲ့လူကျ အပြင်မှာပဲသေသေ ၊ သူတို့ရှေ့ပဲမြေမြိုမြို ဟန်ဆောင်ပန်ဆောင် မျက်နှာလေးတောင်မှိုင်ပေးလို့မရဘူး ။ အင်း .. သူတို့ Care လုပ်တဲ့သူကျတော့ ရုပ်ရှင်ထဲကမင်းသားပဲသေသေ မျက်ရည်လေးတလည်လည် တမှိုင်မှိုင်တတွေတွေနဲ့ ကယ်လန်ဒါမှာ ခုနှစ်ရက်မြောက်နေ့လေးမှတ်ပြီးတောင် ရက်လည်လုပ်ပေးချင်ကြသေးတာ ။

 

Aquarius တွေနဲ့ပတ်သက်ပြီးသတိထားဖို့က သူတို့မျက်စိဆံပင်မွှေးဆူးစရာ သွားမလုပ်မိဖို့ပဲ ။ သူတို့လည်း တတ်နိုင်သလောက်တော့ သည်းခံပေးရှာတယ် ၊ ဒါပေမယ့် စိတ်များပျက်လိုက်ပြီဆို သူတို့ချစ်တဲ့သူကနေ မုန်းတဲ့လူဖြစ်သွားဖို့က လှေကားသုံးထစ် ဒလိမ့်ခေါက်ကွေးဆင်းတာတောင် ကြာနေဦးမယ် ။

နောက်ပြီး ဒီအုပ်စုက Fixed Sign ပီပီ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တယ် ။ မြန်မာကားတော်ကီတွေ ပြောတာမပြောတာပဲကွာမယ် ။ ဒီဆိုင်မှာစားမလား ? စားမယ်ဆို စားမယ်ပဲ ။ ဆိုင်ပိတ်နေလည်း ပြတင်းပေါက်ကကျော်ဝင်ပြီး ဝင်စားချင်စားမယ် ။ ဒါမှမဟုတ် ဆိုင်မဖွင့်မချင်း အစာအငတ်ခံဆန္ဒပြမလား? ရတယ်လေ အိုခေတယ် ။ တစ်ခုပဲ .. နောက်တစ်ဆိုင်ပြောင်းစားဖို့တော့ အကြံလာမပေးနဲ့ ။ ဗိုက်ဆာပြီး စိတ်တိုတဲ့အချိန်ဆို အာရုံထဲဘယ်သူလာလာ သူမသာကိုယ်အသုဘပဲ ။ ဒီဟာကတိပေးပြီး ဟိုဟာလုပ်မိရင်တော့ ရည်းစားဆို နင်နောက်ကောင်တွေကောင်မတွေသာ ကြိုရှာထားလိုက်တော့ပဲ ။

Aquarius တွေက ဒီလိုစိတ်ကြီးတတ်ပေမယ့် သူတို့မှာ သိပ်ကောင်းတဲ့စိတ်ထားလေးတွေလည်း ကျန်ပါသေးတယ် (ကျန်ဦးမှပဲ) ။ သူတို့က အဖော်မက်တယ် ၊ မိသားစုမက်တယ် ။ သူတို့ကိုဂရုစိုက်ပေးရင် အပြင်ပန်းကသာ ဟန်ဆောင်ချင်ဆောင်မယ် ၊ အတွင်းမှာ ပန်းတွေပွင့်လိပ်ပြာတွေပျံနေတာ သေချာတယ် ။ သူတို့ချစ်တဲ့သူတွေ ဘာများလိုမလဲ ၊ သူတို့ဘာများလုပ်ပေးနိုင်မလဲ တချိန်လုံးလိုက်ကြည့်နေတာ ။ Facts တွေအရတော့ ကြည့်နေတာသေချာတယ် သူ့ဟာသူကပ်စေးနည်းပြီးလုပ်မပေးတာတော့ နောက်ကိစ္စပေါ့ ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ခွဲခြားခွဲခြားနိုင်ပေမယ့် ဒီဟာကတော့ ကောင်းသောဘက်လိုက်ခြင်းပါ ။ ဘယ်လောက်ပဲကျိကျိတက်မကလို့ ရေညှိပဲတက်နေနေ အာရုံမလာရင် သွားသုံးဆယ့်နှစ်ချောင်းစေ့ပြလို့မရသလို သူတို့ချစ်ပြီဆိုရင်များ လူမပြောနဲ့ လမ်းဘေးခွေးလေးတွေကအစ မွေးပြီးထဲက Animal Shelter ရောက်သွားပြီး ခုမှပြန်ဆုံကြတဲ့မိခင်ကြီးလို အနန္တမေတ္တာတွေပေးလိုက်ကြသေးတာ ။

မကောင်းတဲ့အချက်

ဘယ် Zodiac ရေးရေး ရေးလို့အကောင်းဆုံးအပိုင်းကို ရောက်လို့လာပါပြီ ။ သူများမကောင်းကြောင်းကို စာတစ်တန်ပေတစ်တန်နဲ့ အတင်းတုပ်ရတာလောက် ဘာကောင်းဦးမလဲ ။ ဒီတော့ .. ဒီနေ့အလှည့်ကျတဲ့ Aquarius တွေရဲ့ Big No No ကတော့ အတ္တကြီးတာပဲ ။ သူတို့ Self-Center ထားပုံကတစ်မျိုး ၊ စိတ်ကောင်းလေးတော့ရှိတယ် အသုံးတည့်အောင် မသုံးဘူးဆိုတာမျိုး ။ သူများဘာဖြစ်ချင်လည်းခေါင်းထဲသိပ်မထည့်ဘူး သူတို့ဖြစ်ချင်တာ ၊ ဖြစ်စေချင်တာပဲ ဦးစားပေးတတ်တယ် ။ စေတနာလေးကတော့ကောင်းတယ် ၊ ဒါပေမယ့် လုပ်ပုံကမဟုတ်တော့ ဝေဒနာဖြစ်ရတာလည်း မနည်းဘူး ။ သူတို့လောက် Calculate တာလည်းသူတို့ ၊ ဒါပေမယ့် စိတ်ထဲပေါ်ရာကောက်လုပ်လို့ လွဲပြန်ပဟေ့ဆိုလည်း သူတို့ပဲ ။ အပေါ်မှာပြောခဲ့သလို သူတို့မှာ သူငယ်ချင်းတွေအများကြီးရှိတယ် ။ မူကြိုကသူငယ်ချင်း ၊ ကျောင်းတုန်းကသူငယ်ချင်း ၊ တက္ကသိုလ်သူငယ်ချင်း ၊ အလုပ်ကသူငယ်ချင်း ၊ သူငယ်ချင်းရဲ့သူငယ်ချင်းရဲ့သူငယ်ချင်း အဲ့လိုအုပ်စုတွေအများကြီးနဲ့ပေါ့ ။ ဒါပေမယ့် သွားမေးကြည့်လိုက် ၊ ဘယ်သူ့ကိုတကယ်ပေါင်းလဲဆိုရင် သူတို့လည်းမသိဘူး ။ သူတို့ Mood Swing တဲ့ဖက်ပေါင်းတယ် ။ အရက်သောက်ချင်လား ကြွက်တွင်းအုပ်စုရှိတယ် ၊ သီချင်းဆိုမလား စံပယ်,ခရေ,မိုက်ကယ်တို့အုပ်စုရှိတယ် ၊ အလုပ်ကြိုးစားပြီလား ဆံပင်စုတ်ဖွားနဲ့ စာကြမ်းပိုးအုပ်စုရှိတယ် ။ ဒါပေမယ့် အကုန်လုံးကိုကိုယ်ပေါင်းစိတ်ခွာထားတာ ၊ သူတို့ရဲ့အကောင်းဆုံးသူငယ်ချင်းက သူတို့ကိုယ်တိုင်ပဲ ။ ဒါတောင် သူတို့ကိုယ်သူတို့ ရန်ဖြစ်ချင်ဖြစ်သေးတာ ။ နောက်ပြီး Overly Spontaneous ဖြစ်နေတဲ့အတွက် စိတ်သွားတိုင်းကိုယ်သိပ်ပါတယ် ၊ လက်ကသိပ်မြန်လွန်းလို့ တခါတလေ ဖြန်းကနဲချထည့်လိုက်ပြီးမှ ငါသူ့ကိုရိုက်လိုက်ရမလား ပြန်စဥ်းစားတာ ။ နောက်ပြီး အကွားရီယက်စ်အတော်များများ သူများကို အကြံတောင်းတတ်တယ် ။ သူတို့ဖာသာ ဆုံးဖြတ်ချက်မချခင် သူများဘယ်လိုထင်လည်း အရင်လိုက်မေးတယ် ။ အဖေကိုမေးတယ် ၊ အမေကိုမေးတယ် ၊ အိမ်ရှေ့ကဖြတ်သွားတဲ့လူ ခေါ်မေးတယ် ၊ နတ်ဝင်သည်မေးတယ် ၊ ကိုယ်စောင့်နတ်ကို ပင့်မေးတယ် ၊ အရင်ဘဝက ပဠာန်းဆက်တွေပါ ဆင့်မေးတယ် ။ သူတို့ကြားချင်တာများပြောပေးပြီဆို ပါးစပ်ကများ တဟီးဟီးတဟားဟားနဲ့ I’m so Genius ပဲ ၊ အင်း .. သူတို့စဥ်းစားထားတာနဲ့ မကိုက်ဘူးဆိုရင်တော့ ဘယ်လောက်ပဲ Logic ကျကျ ဘယ်ဖက်နားကဝင် ညာဖက်နားကထွက်ပဲ ။ လူကတော့ အော် .. အင်း .. နဲ့ ဟန်မပျက်ခေါင်းတညိမ့်ညိမ့်ပဲ ၊ အတွေးကတော့ တစ်ခြားကမ္ဘာရောက်နေပြီ ။

Horoscope Today, Feb 23, 2021: Libra people likely to hear good news today,  know what's in

Ruling Planet

Saturn နဲ့ Uranus တို့ရဲ့စိုးမိုးနေတာကြောင့် စိတ်ဓာတ်ပြင်းတယ် ၊ ဥာဏ်ကောင်းတယ် ၊ သူများနဲ့မတူတဲ့ အမြင်ရှိတယ် ၊ အသုံးဝင်တာမဝင်တာနောက်ထား တီထွင်ဖန်တီးတဲ့ဥာဏ်ရှိတယ် ။ လျှောက်ကွန့်တတ်တာမို့လို့ မထင်ရင်မထင်သလို လက်မှုပညာ / အနုပညာတွေဖက်လည်း စိတ်ဝင်စားတတ်တယ် ။

ထူးခြားချက်

အပြင်ပန်း ရွှီရှောင်ကောင်းတဲ့ Aquarius တွေအနေနဲ့ နေရာပေါင်းစုံ ၊ နယ်ပယ်မျိုးစုံမှာ လူမျိုးမရွေးဘာသာမရွေး အသက်အရွယ်မျိုးစုံ မိတ်ဆွေတွေအများကြီးရှိတတ်တယ် ။ ဒီလိုမျိုး ဘော်ဒါဘော်ကန့်များပေမယ့် Trust Issue ရှိနေတာကြောင့် အနီးကပ် BFF တော့ တော်တော်နည်းပါတယ် ။ Emotional က Introvert နဲ့ Extrovert ကြား မာရသွန်ပြေးနေပြီး တကယ်တမ်းဆို Aquarius ရဲ့ Symbol က ပိုလာဝက်ဝံနှစ်ကောင်ဖြစ်ခဲ့သင့်တာပါ ။ ဘာလို့ဆို သူတို့အများစုက Bipolar ဖြစ်နေတာကိုး (အဟင်း) ။

အကောင်းဖက်ကပြောပေးရင်တော့ သူတို့အကြောင်းဖတ်မိသလောက် Aquarius တွေက လူအဆန်ဆုံးလူလို့ ပြောထားတာတွေ့တယ် ။ ဥာဏ်ကောင်းတယ် ၊ Independent ဖြစ်တယ် ၊ ဘယ်သူကဘယ်လိုလဲ X-Ray Vision နဲ့ကြည့်တတ်တယ် ။ နောက်ပြီး Emotional လည်းများတော့ စိတ်လိုက်မာန်ပါလုပ်တယ် ၊ Over Think ဖြစ်တယ် ၊ Plus တွေ Minus တွေတွက်ချက်စဥ်းစားပြီး နောက်ဆုံးကျ စိတ်ထဲပေါ်ရာပဲကောက်လုပ်တတ်တယ် ။ မှန်တာလည်းလုပ်တယ် မှားတာတွေလည်းလုပ်တယ် ။ ဒါကြောင့်မို့လည်း လူအဆန်ဆုံးလို့ ပြောတာနေမှာပေါ့ ။ နောက်ထက်ထူးခြားတာပြောရရင် စဆရကမလုပ်တတ်ပေမယ့် ဆရာကြီးဖြစ်တဲ့နေရာမှာပဲနေတယ် ။ စာသင်ရတာကြိုက်တယ် ၊ ရှင်းပြရတာကြိုက်တယ် ။ သူတို့အရည်အချင်းကိုသာ အသိအမှတ်ပြုပေးရင် လစာမပေးလည်းရတယ် ၊ ကုန်ကုန်ပြောရင် သူဠေးကိုပဲ လစာပြန်ပေးထားရမလား? ရသေးတယ် ။ အဓိကက သူတို့လုပ်ပိုင်ခွင့်နဲ့ သူတို့လုပ်သမျှအရာထင်နေဖို့ပဲ ။ နောက်ပြီး Aquarius ကိုကိုမမတွေ အမုန်းဆုံးက သူတို့အပေါ်စည်းကဆက်ဆံတာပဲ (မဟုတ်တာကို တလွဲအထာမပေါက်ကြပါနဲ့) ။ မှန်တာမှားတာနောက်ထား အပေါ်စည်းကလာပြောပြီဆိုရင် ဒေါသကထောင်းခနဲအရင်ထွက်တာ ။ အဖေဆိုလည်းပြန်အော်ချင်အော်တယ် ၊ ဦးလေးလား ၊ အထက်လူကြီးလား အားလုံး Welcome ပဲ ။ ဒါကြောင့်မို့လည်း Aquarius တွေရဲ့ပင်တိုင်ဗီလိန်က ဒရိုင်ဘာ ၊ တက်ဆီဆရာ ၊ ကားစပယ်ယာ ၊ ဆိုက်ကားဆရာတွေ ဖြစ်နေတာနေမှာ ။ အသံနေအသံထားနဲ့ ဆရာလာလုပ်လို့ကတော့ ကိုယ့်ဘဝကိုယ်တွေးထားတော့ပဲ ၊ နည်းနည်းလောက်ပြန်ပက်လိုက်မှ အိပ်လို့ပျော်တာ ။ ဖြစ်ရပ်မှန် Aquarius တစ်ယောက်အကြောင်း ထည့်ရေးရရင် သူ့ဟာသူဗေဒင်သွားမေးပြီး ယတြာပဲမချေရင် တစ်မိသားစုလုံးဝုန်းဒိုင်းအုန်းဂွမ်းဆိုပြီး အခုချက်ချင်းလဲသေတော့မလိုပြောလို့ ဗေဒင်ဆရာနဲ့ နောင်ဂျိန်ပလေးခဲ့သေးတာ ။ ဟိုက ခြေကြွခပြန်ပေးပြီး ပြန်ပါတော့ပြောယူရမယ့်အပေါက် ။ နောက်ဆုံး Aquarius တွေ Emotional နဲ့ Detached ဖြစ်တဲ့နှစ်ခုကြားပြေးနေပုံများ ချစ်တဲ့သူနှာကလေးစေးရင်တောင် အခုပဲယူကရိန်းသွားပြီး ရရာလက်နက်ကိုင်တိုက်တော့မယ့် ဗော်လန်တီယာကြီးလို အင်္ကျီလေးပုခုံးပေါ်တင်ပြီး မေတ္တာတွေတစ်ပို့ပို့ ၊ Detached ဖြစ်သွားပြီဆိုရင်လည်း အခုနအချစ်တုံးဗော်လန်တီယာကြီးကပဲ သည်းရေနောက်ဆုံးအချိန်မို့ မျက်နှာလေးမြင်ပါရစေဆိုရင်တောင် အပြင်ထွက်ရင် ရေချိုးနေရမှာပျင်းလို့ မလာတော့ဘူး ၊ ညအမျှဝေမှသာဓုလာခေါ်တော့ ဆိုတာမျိုး ။

အကျိုးပေးသောစီးပွားရေး

Aquarius Trait ကိုက အတွေးအခေါ်ကောင်းတယ် ။ သူများနဲ့မတူတာ တွေးတတ်တယ် ။ ဒါပေမယ့် ကိုယ့်ရဲ့အကြံအစည်ကို အကောင်အထည်မဖော်ရသေးခင် ခုနှစ်အိမ်ကြားရှစ်အိမ်ကြား တိုင်တည်တတ်လို့ ကိုယ်ကခြေမကြွရသေးဘူး သူများပန်းဝင်သွားတယ်ဆိုတာမျိုး ဖြစ်တတ်တယ် ။ သူတို့ဘဝမှာ ရှေးရှုစရာတစ်ခုခု အမြဲလိုတယ် ။ နေ့တိုင်းဒါလုပ်ဒါလုပ်နဲ့ ပုံမှန် Routine ကြီးဖြစ်နေပြီဆို သူတို့ဘဝကြီးပဲ ပန်းကောင်းအညွန့်ကျိုးသွားသလို Depression ဝင်တော့တာပဲ ။ ဒါကြောင့်မို့ အမြဲတမ်း Challenge ဖြစ်နေတဲ့ လူအများနဲ့ဆက်ဆံရတဲ့ Service အလုပ်တွေ ၊ ဟိုသွားဒီသွားလမ်းသလားရတဲ့အလုပ်တွေမှာဆို ပိုအံဝင်ကြတယ် ။ Hotel ၊ Transportation ၊ Education ၊ Real Estate ၊ Technology ၊ Programming တွေနဲ့ အကျိုးပေးတယ် ။ Air Sign ပီပီ စိတ်အပြောင်းအလဲသိပ်မြန်ကြတဲ့အတွက် ဘဝမှာ Career သုံး,လေးမျိုး ပြောင်းပြီး နောက်ဆုံး အသက်ကြီး/အိမ်ထောင်ကျပြီး Energy ကုန်ခမ်းသွားမှ Settle ကျသွားတာများပါတယ် ။

အချစ်ရေး

Water bearer, the symbol of Aquarius

Aquarius အချစ်ရေးက ကံလည်းဆိုးသလို ၊ ကံလည်းကောင်းတယ် ။ Free Spirit ဆိုတဲ့အတိုင်း လေလွင့်နေတဲ့ဝိဥာည်ကြီးတွေလို Settle ကျဖို့တော့ အတော်ခက်တယ် ။ မကြင်နာလည်းရတယ် အလေးထားခံရမှ သဘောကျတယ် ။ ဒါပေမယ့် Romance တွေများလာရင်လည်း အသက်ရှူကျပ်တတ်တဲ့အတွက် ပန်းနာရင်ကျပ် ကိုဗစ်ဝေဒနာသည်တွေ အောက်ဆီဂျင်အိုးလိုသလို Aquarius တွေလည်း ကိုယ်ပိုင် Me Time မဖြစ်မနေလိုအပ်ပါတယ် ။ Aquarius Love Language ကတော့ Shared Interest ပါ ။ ဝါသနာတူတာတွေ ထိုင်ပြောမလား ၊ နှစ်ယောက်သားကြိုက်တဲ့ဆိုင်လေး သွားစားမလား ၊ အမှတ်တရနေ့လေးမှာ အတူတူအချိန်ကုန်မလား ၊ ဟေးလားဝါးလား လမ်းသလားချင်လား ၊ အမြဲတမ်း ရယ်ဒီပါပဲ ။ ကောင်းတဲ့တစ်ချက်က သူများအပေါ်အော်ကြော့လန်သလောက် ချစ်သူကိုတော့ လျော့နိုင်သမျှလျော့ပေးကြတယ် ။ ဒါပေမယ့် Aquarius ထုံးစံက ငယ်တုန်းမှာ အချစ်ရေးကံကောင်းတာ အတော်ရှားတယ် ။ ဒါကလည်း သူတို့လက်ခံထားတဲ့အချစ်ကိုက နင်လိုတာမလိုတာနင့်ကိစ္စ ငါပေးကိုပေးဆပ်မယ်ဆိုပြီး သတ်မှတ်ထားတာမို့လို့ နှစ်ဖက်လုံးမရင့်ကျက်သေးတဲ့အရွယ်မှာ ဟိုဖက်က ရောင့်တက်ပြီးအနိုင်ယူလာတာမျိုးပေါ့ ။ သူတို့ခေါင်းမာတဲ့အချက်က Toxic ဖြစ်နေလည်း လက်မလွှတ်ဘူး ၊ အဆင်ပြေမလား ပြေမလားနဲ့ အီကြာကွေးကြီး မြိုမချပဲပါးစပ်ထဲငုံထားသလို အီလည်လည်အချစ်ရေးထဲ ရောက်နေနိုင်တယ် ။ ဒါ့အပြင် စိတ်လိုက်မာန်ပါ လုပ်တတ်ကြတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်လင်နောက်လိုက်သွားတာမျိုး ဖြစ်နိုင်ချေ အတော်ရှိတယ် ။ ဟုတ်ပါတယ် မျက်စိမမှားဘူး ။ Aquarius ယောကျားလေးတွေလည်း မိန်းမခိုးရင်ခိုး ၊ မခိုးရင် လင်နောက်လည်းလိုက်သွားနိုင်ပါတယ် ။ ဒါကြောင့်မို့ လူငယ်ဘဝအချစ်ရေးကံခေတာပဲ ကံကောင်းတယ်ပြောရမလားပဲ ။ Attraction ဖက်လှည့်ရရင် Aquarius တွေသဘောကျတဲ့ပုံက ဘယ်သူဖြစ်မှ ဘာဖြစ်မှဆိုတာမျိုး မရှိဘူး ။ သုံးပြဖြုန်းပြ ကြွားပြနေလည်း သူတို့မျက်လုံးထဲအထင်မကြီးလာဘူး ၊ သူတို့စိတ်ဝင်စားတဲ့သူက အနုပညာပဲလုပ်လုပ် စီးပွားရေးပဲလုပ်လုပ် နိုင်ငံရေးပဲလုပ်လုပ် ဖြစ်မြောက်အောင်သာလုပ် ။ ဘေးကတတ်နိုင်သလောက် Support ပေးမယ် နားလည်ပေးမယ် ။ သူ့အထွာလေးနဲ့သူ အလုပ်ရှုပ်နေရင်ပဲ သူတို့စိတ်ထဲ Sexy ဖြစ်နေပြီ ။ အလေးထားခံရတာကြိုက်တယ်ဆိုပေမယ့် ပိုအရေးကြီးတာက သူတို့ချစ်သူကို သူတို့အထင်ကြီးလို့ရနေဖို့ပဲ ။ သူတို့ကိုယ်တိုင်လည်း လုပ်စရာရှိတာလေးလုပ်နေမှ ပျော်မွေ့တာဆိုတော့ Aquarius Ideal Relationship က သူလည်းဖြစ်ချင်တာဖြစ် ၊ ကိုယ်လည်းဖြစ်ချင်တာဖြစ် ၊ အချိန်တန် သူနဲ့ကိုယ်နဲ့ဖြစ် ဆိုတာမျိုး ။ ဒါကြောင့်မို့လည်း ဒီအုပ်စုက LDRS ကို ကောင်းကောင်း Survive လုပ်နိုင်တယ် ။

အချုပ်ပြောရရင် Aquarius တွေ ရည်းစားရကံဆိုးသလောက် အိမ်ထောင်ရေးတော့ ကံကောင်းကြပါတယ် ။ လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးတယ်ဆိုသလို အသက် (၂၅) မတိုင်ခင်တော့ အသည်းဗြန်းဗြန်းကွဲတာမျိုး မကြာမကြာကြုံရနိုင်ပြီး အဲ့နောက်ပိုင်းမှာတော့ လက်တွဲဖော်ကောင်း ရှာတွေ့သွားတတ်ပါတယ် (ဆက်ရှာဖို့တော့ လိုတာပေါ့နော်) ။ အရက်သောက်ချင်လား ပြိုင်သောက်ပေးမယ် ၊ ဘုရားတရားလုပ်မလား အဓိဠာန်ပါဝင်ပေးမယ် ။ တစ်ခုပဲ ဘယ်လောက်အရေးမကြီးဘူးထင်ရတဲ့အရာလေးဖြစ်ဖြစ် သူတို့မလုပ်ပါနဲ့ဆိုတာကို သွားမလုပ်မိဖို့ပဲ ။ အဲ့ဒီအခါကျရင် ချက်ချင်းမဟုတ်တောင် ဖြည်းဖြည်းချင်း ကိုယ့်နားကခွာသွားလိမ့်မယ် ။

လွှမ်းမိုးသောတားရော့ကတ်အမြင်

The Star ကတ်အရ ဘဝမှာဘယ်လောက်ပဲအဆိုးတွေကြုံကြုံ မျှော်လင့်ချက်လေးတစ်ခု အမြဲတမ်းကပ်ပါလာတတ်တယ် ။ အပေါင်းအသင်းမှားတတ်တယ် ၊ အသုံးချခံရတတ်တယ် ။စီးပွားရေးလုပ်ကိုင်ရမှာ ဘယ်လောက်ပဲရင်းနှီးတဲ့သူဖြစ်ဖြစ် တစ်ယောက်ပဲကိုယ်စိုးကိုယ်ပိုင်လုပ်ဖို့ ဦးစားပေးသင့်တယ် ။

ရေးသားသူ –Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။