ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များပြီးဆုံး၊ အာရှသုံးသင်း ရှုံးထွက်အဆင့်တက်

Sports

ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များပြီးဆုံး၊ အာရှသုံးသင်း ရှုံးထွက်အဆင့်တက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်များပြီးဆုံး၊ အာရှသုံးသင်း ရှုံးထွက်အဆင့်တက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲတွင် ဘရာဇီးလ်အသင်းသားများ ဂိုးမသွင်းနိုင်ဘဲရှုံးပွဲတွေ့
တောင်ကိုရီးယားတို့ ကမ္ဘာ့ဖလားအအောင်မြင့်ဆုံးအသင်းနှင့်တွေ့မည်

ကာတာနိုင်ငံတွင် ကျင်းပနေသည့် ၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်၏ အုပ်စုပတ်လည်ပွဲစဉ်များအားလုံး ပြီးဆုံးသွားပြီးဖြစ်သည်။ အသင်းပေါင်း ၃၂ သင်းပါဝင်သည့် အုပ်စွဲပွဲစဉ်များအပြီး အာရှဇုန်မှ ဩစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယား၊ အာဖရိကမှ ဆီနီဂေါနှင့် မော်ရိုကိုတို့သာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

ယနေ့ နံနက်အစောပိုင်းက ကျင်းပသည့် နောက်ဆုံးအုပ်စုပွဲစဉ်တွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသမိုင်းတလျှောက် အအောင်မြင်ဆုံးအသင်းဖြစ်သော ဘရာဇီးလ်အသင်းမှာ ခြေစွမ်းအသာဖြင့် ကစားခဲ့သော်လည်း ဂိုး သွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ကင်းမရွန်းအသင်းကို တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်သည်။ ဆွတ်ဇာလန်အသင်းမှာ ဆားဗီးယားကို သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နှစ်ပွဲနိုင်ခြောက်မှတ်စီဖြင့် ရမှတ်တူသော်လည်း ဂိုးကွာဟချက်ကြောင့် ဘရားဇီးလ်က အုပ်စုဗိုလ်အဖြစ်လည်းကောင်း၊ ဆွတ်ဇာလန်က ဒုတိယနေရာမှလည်းကောင်း နောက်တဆင့်တက်ရောက်သွားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းတွင် လက်တင်အမေရိကန်နှင့် ဥရောပအသင်းများသာ ကြီးစိုးလေ့ရှိသည်ဖြစ်ရာ အာဖရိကနှင့် အာရှဒေသမှ အသင်းများအနေဖြင့် အုပ်စုအဆင့်မှ ကျော်လွှားနိုင်ရေးကိုပင် ခက်ခက်ခဲခဲရုန်းကန်ရလေ့ရှိသည်။
အာရှတိုက်တွင် ဒုတိယကြိမ်ကျင်းပသည့် ကာတာကမ္ဘာ့ဖလားပွဲတွင် အာရှဇုန်မှ နောက်တဆင့် တက်လှမ်းနိုင်ခဲ့သော အသင်းသုံးသင်းမှာ အုပ်စုတွင်းပွဲစဉ်များတွင် ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရသည်။ ၁၆ သင်းရှုံးထွက်အဆင့်ပြိုင်ပွဲများတွင် ဩစတြေးလျက နာမည်ကြီး အာဂျင်တီးနား၊ ဂျပန်က အလွန်မာကျောသည်ဟုနာမည်ကြီးသည့် ခရိုရေးရှား၊ တောင်ကိုရီးယားက ချန်ပီယံဆုငါးကြိမ်ရ ဘရာဇီးလ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အတူ အာဖရိကနှစ်သင်းဖြစ်သော ဆီနီဂေါနှင့် မော်ရိုကိုတို့သည်လည်း ဥရောပထိပ်သီး ဘောလုံးအင်အားကြီး အင်္ဂလန်နှင့် စပိန်တို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။

အာရှတိုက်တွင် ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားပွဲအဖြစ် ၂၀၀၂ ခုနှစ်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် ကမ္ဘာ့ဖလားပွဲတွင် ၁၆ သင်းရှုံးထွက်အဆင့်ကို အာရှနှစ်သင်းနှင့် အာဖရိတစ်သင်းသာ တက်ရောက်နိုင်ခဲ့သည်။
ယခုနှစ် ကမ္ဘာ့ဖလားတွင် ၁၆ သင်းရှုံးထွက်အဆင့် တက်လှမ်းနိုင်ခဲ့သော အာရှမှ ဂျပန်နှင့် တောင်ကိုရီးယား၊ အာဖရိကမှ ဆီနီဂေါတို့သည် ၂၀၀၂ ကမ္ဘာ့ဖလားတွင်လည်း ၁၆ ရှုံးထွက်အဆင့်ရောက်ရှိခဲ့ပြီး အိမ်ရှင်တောင်ကိုရီးယားအသင်းက ဆီးမီးဖိုင်နယ်အထိရောက်ရှိကာ စတုတ္ထနေရာ ရရှိခဲ့ဖူးသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။