ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော စီးပွားရေးသမား ၈၀ ကျော်ပါ အဖွဲ့ နေ ပြည်တော် သို့ ရောက်ရှိမည်၊ ရုရှားကြည်းတပ်ဗိုလ်ချုပ် မြန်မာပြည်မှ ပြန်အပြီး ရက်မခြားဘဲ ရုရှားစီးပွားရေးအဖွဲ့ လာရောက်

Local News

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော စီးပွားရေးသမား ၈၀ ကျော်ပါ အဖွဲ့ နေ ပြည်တော် သို့ ရောက်ရှိမည်၊ ရုရှားကြည်းတပ်ဗိုလ်ချုပ် မြန်မာပြည်မှ ပြန်အပြီး ရက်မခြားဘဲ ရုရှားစီးပွားရေးအဖွဲ့ လာရောက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော စီးပွားရေးသမား ၈၀ ကျော်ပါ အဖွဲ့ နေ ပြည်တော် သို့ ရောက်ရှိမည်၊ ရုရှားကြည်းတပ်ဗိုလ်ချုပ် မြန်မာပြည်မှ ပြန်အပြီး ရက်မခြားဘဲ ရုရှားစီးပွားရေးအဖွဲ့ လာရောက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဒီဇင်ဘာ ၃

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ဦးဆောင်သော ရုရှား စီးပွား ရေး သမား များအပါ အဝင် အဖွဲ့ဝင် ၈၀ ဦးကျော်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ် ပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ် ဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်ထံမှ သိရှိရသည်။
ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့်အဖွဲ့သည် ဒီဇင် ဘာလ ၂ ရက်နေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နှင့် အဖွဲ့ဝင် ၈၀ ကျော် ပါဝင်သော စီးပွားရေးအဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာ ခြင်းဖြစ်သည်။

ဓာတ်ပုံ- ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ။

ရှရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxin Reshetnikov ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့သည် ရုရှားအစိုးရပိုင် Ilyushin အထူးလေယာဥ်ဖြင့် ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် နေ ပြည် တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းတွင် ပြန်လည်ထွက်ခွာ မည်ဖြစ် ကြောင်း သိရှိရသည်။
ရုရှားစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရုရှားက ရင်းနှီးမြှုပ် နှံရေးအတွက် ဆွေးနွေး မ ည်ဖြစ်ပြီး ရုရှား အစိုးရပိုင် Rosatom အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်းမှ ကိုယ်စားလှယ် တချို့ ပါဝင်လာကြောင်း၊ မြန်မာနိုင်ငံ တွင် အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အသေး စိတ် ထပ်မံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ရေး ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း Rosatom နှင့်စစ်ကောင်စီတိုကြား နိုဝင်ဘာလ ၂၂ ရက် က သဘောတူ လက် မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။