ညောင်ဦးတွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးthayဆုံး၊ lat nat ၄ လက်ပါသွားဟု ရဲသတင်းရပ်ကွက် အတည်ပြု

Local News

ညောင်ဦးတွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးthayဆုံး၊ lat nat ၄ လက်ပါသွားဟု ရဲသတင်းရပ်ကွက် အတည်ပြု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ညောင်ဦးတွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးthayဆုံး၊ lat nat ၄ လက်ပါသွားဟု ရဲသတင်းရပ်ကွက် အတည်ပြု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၃
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူနယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးthayဆုံးပြီး lat nat ၄ လက်ပါသွားကြောင်း ရဲသတင်း ရပ်ကွက်က အတည်ပြုသည်။


ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန် ညောင်ဉီးမြို့နယ်၊စဉ့်ကူ နယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုရဲအုပ်ကောင်းမြတ်ကျော်၊ ဒုတပ်ကြပ် ညီညီဝင်း ၊ ရဲတပ်သား ကျော်ကျော် ၊ ရဲတပ် သား ဖြိုးဇော်သန့်၊ ရဲတပ်သား မင်းကိုသက်တို့သည် တက်မရေနံမြေသို့ အမှုစစ်ဆေးရန် သွားရောက် ခဲ့ပြီး ဒုရဲအုပ်ကောင်းမြတ်ကျော်နှင့် တပ်သားဖြိုးဇော်သန့်တို့ ၂ ဦးသည် အလယ်မှော်တွင် ကျန်နေ ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- PDF များ၏ တိုက်ခိုက်မှုကြောင့် thayဆုံးသွားကြသည့် ဒုရဲမှူး ထွန်းထွန်းဇော်နှင့် ရဲ ၃ ဦး။

ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် ဒုရဲမှူးထွန်းထွန်းဇော်၊ ဒုတပ်ကြပ် ညီညီဝင်း၊ တပ် သား ကျော်ကျော်၊ တပ်သား မင်းကိုသက်တို့သည် တောင်မှော်သို့ ဆက်လက် သွား ရောက်ခဲ့ပြီး အဆိုပါမှော်ရှိ ချစ်တီး ထမင်းဆိုင်၌ ထမင်းစားနေစဉ် PDF ၄ ဦးက ပစ်ခတ်သဖြင့် ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုတပ် ကြပ် ညီညီဝင်း၊ တပ်သား မင်းကိုသက်တို့ ပွဲချင်းပြီး thayဆုံးပြီး ရဲတပ်သား ကျော်ကျော်သည် ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးရုံတွင် thayဆုံးသွားကြောင်း သိရှိရသည်


PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် ရဲ ၄ ဦးthayဆုံးသည့်အပြင် ခြောက်လုံးပြူး ၁ လက်၊ BA 63 ၂ လက်၊ MA 13 ၁ လက် ပါသွားကြောင်း ရဲသတင်းရပ်ကွက် ဆိုသည်။
ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)ကမူ ရဲများကို တိုက်ခိုက်မှုသည် ၎င်းတို့ လုပ် ဆောင် ခြင်း ဖြစ်ပြီး ညောင်ဦး မြို့နယ် စဉ့်ကူ ရဲစခန်း မှူး အပါအဝင် ရဲ ၅ ဦးthayဆုံးခဲ့ကြောင်း၊ G 3 ၂ လက်နှင့် အူဇီ ၁ လက် သိမ်း ဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။