ကြက်ဥနဲ့ ကျိန်စာဖယ်နည်း

Astrology

ကြက်ဥနဲ့ ကျိန်စာဖယ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြက်ဥနဲ့ ကျိန်စာဖယ်နည်းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြက်ဥနဲ့ ကျိန်စာဖယ်နည်း
Una limpieza / Egg cleansing!
ကြက်ဥသန့်စင်နည်း
Una limpieza / egg cleansing / ကြက်ဥသန့်စင်နည်းက Mexico ကလာတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။
ဒီနည်းက Witchcraft, အစီအရင်၊ ယတြာ လုံးဝလုံးဝ မဟုတ်ပါဘူး။
Witchcraft ရဲ့ ဆန့်ကျင်ဘက်ပါလို့ကို ပြောလို့ရပါတယ်။
ကြက်ဥ က ဘဝအသစ်အစပြုတာ၊ ခရီးလမ်းအသစ်အစပြုတာ တွေကို ကိုယ်စားပြုပါတယ်။
ကိုယ့်ရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ negative energies တွေ၊ evil eyes တွေကို ကြက်ဥက စုပ်ယူသွားပြီးတော့ သူ့ရဲ့ အသစ်ဖြစ်တဲ့ positive energies တွေနဲ့ အစားထိုးလဲလှယ်လိုက်တဲ့ သဘောပါ။
~~~~~~~~~~~~~~~~~~~~~~
ဒီ ကြက်ဥသန့်စင်နည်းက ဘယ်အချိန်တွေမှာ လုပ်သင့်တာလဲ ဆိုရင်
– ကိုယ့်အပေါ်ကို evil eye အကြည့်ခံထားရတဲ့၊ သက်ရောက်နေတဲ့ အချိန်။
– negative energy တွေ အရမ်းများနေ၊ ပိနေတဲ့ အချိန်။
– ကျိန်စာအတိုက်ခံထားရတဲ့အချိန်။
– dark witchcraft, black magic နဲ့ အစီအရီ အလုပ်ခံထားရတဲ့ အချိန်။
တွေမှာဆိုရင် ဒီနည်းကို အသုံးပြုပြီးတော့ ဖယ်ရှားနိုင်ပါတယ်။
( ဘယ်သူက ကိုယ့်ကိုလုပ်သလဲဆိုတာပါ ကြည့်နိုင်တဲ့ နည်းဖြစ်ပါတယ်။ )
တစ်နှစ်တစ်ခါလောက် လုပ်ံပေးတာလည်း အကောင်းဆုံးပါ။
~~~~~~~~~~~~~~~~~~~~~~
လိုအပ်တဲ့ ပစ္စည်း / Ingredients
– Egg / ကြက်ဥ ( ဥဖြစ်ရင် ရပါတယ်။ ကြက်နေနေ ဘဲနေနေ။ ငုံးဥရလား မမေးပါနဲ့ သေးပါတယ် )
– Water / ရေ
– Salt / ဆား
– Glass / ဖန်ခွက်
~~~~~~~~~~~~~~~~~~~~~~
နည်း / Method
– ကြက်ဥကို ရေခဲသေတ္တာထဲကနေ ထုတ်ပြီးရင် အခန်းတွင်း အပူချိန်ဖြစ်အောင်ထားပါ။ အနည်းဆုံး တစ်ညလောက် ထားထားပေးပါ။ ( အေးနေရင် အလုပ်မဖြစ်ပါဘူး။ နွေးနေမှ ကိုယ့် ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ negative energies တွေကို စုပ်ယူနိုင်မှာဖြစ်ပါတယ်။
– ကြက်ဥလေးကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီးတော့ ရည်ရွယ်ချက်ပေးတာ၊ ဘုရားစာရွတ်တာ လုပ်ပေးပါ။ ကိုယ့်ဘာသာရေးဆိုင်ရာ မြင့်မြတ်တဲ့ prayers လေး အတိုချုပ်လေးရွတ်ပေးပါ။
( E.g. “ ဒီကြက်ဥက ငါ့ခန္ဓာကိုယ်အတွင်း၊ အပေါ်မှာ ရှိတဲ့ negative energies / အဖျက်သဘောဆောင်နေတဲ့ အားတွေ၊ မကောင်းတဲ့ အရာတွေ၊ ကျိန်စာတွေ၊ evil eye တွေကို ဖယ်ရှားထုတ်ပယ်ပေးပြီးတော့ အသစ်ဖြစ်တဲ့၊ positive energies / အပြုသဘောဆောင်တဲ့ အားတွေနဲ့ အစားထိုးလဲလှယ် ပေးတဲ့ရည်ရွယ်ချက်ရှိပါတယ်။ )
– ရည်ရွယ်ချက်ပေးပြီးသွားတဲ့ နောက်မှာ မတ်တပ်ရပ်ထားပါ။
– ကြက်ဥကို ခန္ဓာကိုယ်အနှံ ပွတ်ဆွဲပေးပါ။ ပွတ်တိုက်ပေးပါ။ ( ခေါင်းပေါ်၊ ရှေ့၊ နောက်၊ ဆံပင်၊ မျက်နှာ၊ လည်ပင်း ဝမ်းဗိုက်၊ လက်ပေါ်၊ အောက်၊ လက်ချောင်း၊ ခါး၊ ခါးဘေး၊ နောက်ကျော၊ ခါးစစ်၊ ဟိုအင်္ဂါ၊ တင်၊ ပေါင်ရှေ့၊ နောက်၊ ခြေသလုံးရှေ့၊ နောက်၊ ခြေဖမိုး၊ ခြေဖဝါး။ ) အကုန် နေရာအနှံ ပွတ်တိုက်ဆွဲပေးပါ။
– ဖြစ်နိုင်ရင် ငယ်ထိပ်ကစပါ ခြေဖဝါးမှာဆုံးပေးပါ။ထိထိမိမိနဲ့ လုပ်ပေးပါ။
– အဲ့လို ခန္ဓာကိုယ်ပေါ် ပွတ်ဆွဲရင်းနဲ့ သတိထားမိလာတစ်ခုက ကြက်ဥက သိသိသာသာကိုလေးလံလာမှာကို သတိထားမိလာပါလိမ့်မယ်။ ကိုယ့် ခန္ဓာကိုယ်ထဲက negative energies တွေ ကြက်ဥထဲကို ဝင်ရောက်သွားလို့ အဲ့လိုလေးလာတာပါ။
– ခန္ဓာကိုယ်အပြည့်ကို အာ့လုပ်ပြီးသွားတဲ့နောက် ဖန်ခွက်ထဲကို ရိုးရိုးရေဖြည့်ပါ။ ဆားအနည်းငယ်လေးထည့်ပေးပါ။ ( ဆား အရမ်းအရေးကြီးပါတယ်နော်! )
– ကြက်ဥကို ဖန်ခွက်ထဲကို ခွဲထည့်ကြည့်ပါ။
– 20 – 30 mins လောက်စောင့်ပေးပါ။ ( ငြိမ်သွား အနည်ထိုင်သွားအောင်။ )
ပုံစံအမျိုးမျိုးနဲ့ နိမိတ်အဓိပ္ပာယ် အမျိုးမျိုးပေါ်ပေါက်လာပါလိမ့်မယ်။
ချုံပြောပေးရမယ်ဆိုရင် ပုံစံနိမိတ်တွေက 8 မျိုးရှိနေတတ်ပါတယ်။ ပုံလေးတွေနဲ့ အတူတူ ရှင်းပြပေးထားပါတယ်။ ( နှစ်ခုသုံးခုလောက်လည်း ပေါင်းဖြစ်နေနိုင်သလို၊ တစ်ခုတည်း သီးသီးကြီးဖြစ်နေတတ်ပါတယ်။ ပေါင်းကြည့်ပေးပါ။ )

ရေမျက်နှာပြင်ပေါ်က ဖူဖောင်း

အဓိပ္ပာယ် – အခုလို ရေမျက်နှာပြင်ပေါ်မှာ ဖူးဖောင်းတွေ မြင်နေရတယ်ဆိုရင် သေချာတယ် ကိုယ့်အပေါ်ကို evil eye အကြည့်ခံနေရပြီ။

ဘာမှကြောက်စရာမလိုပါဘူး။ ကြက်ဥသန့်စင်နည်းကို နောက်သုံးလေးရက်နေရင် တစ်ခါလောက် ထပ်လုပ်လိုက်ပါ။ နည်းနည်းချင်း ပျောက်လာပါလိမ့်မယ်။ ရေကလည်း ကြည်လင်လာပါလိမ့်မယ်။

May be an image of drink and indoor

အချွန်အတက်တွေ အများကြီး

အဓိပ္ပာယ် – အခုပုံတွေထဲကလို အချွန်အတက်တွေ အများကြီးပေါ်နေခဲ့တယ်ဆိုရင် လူအများစုက ကိုယ့်ကို မနာလိုဝန်တိုဖြစ်နေကြပါတယ်။ ကိုယ်လျှောက်နေတဲ့ လမ်းကိုလည်း ဘက်ပေါင်းစုံကနေ ပိတ်ဆို့မှုတွေဖြစ်အောင် ပြုလုပ်နေကြပါတယ်။ အနှောက်အယှက်တွေများပါတယ်။

နောက် နှစ်ရက် သုံးရက်လောက်နေရင် ထပ်ပြီး သန့်စင်ပေးပါ။ အတွင်းထဲက ရေ သန့်ပြီးရင် သန့်လာပါမယ်။

 

No photo description available.

မှိုင်းတိုင်းပြီးတော့ ရေကနှောက်နေတယ်
ပထမ အဓိပ္ပာယ်

လူပုံစံ၊ တိရိစ္ဆာန်၊ နေရာ၊ စာလုံးပုံ တွေ ပေါ်နေနိုင်ပါတယ်။ အခုလိုဖြစ်နေပြီဆိုရင် ကိုယ့်အပေါ်ကို dark witchcraft, black magic တွေ ပြုလုပ်နေပြီ။ ( သက်ရောက်မှုတော့ မရှိသေးဘူး )

လူပုံစံ ဆိုရင်လည်း ကိုယ့်ကို ကျိန်စာတိုက်နေတဲ့သူရဲ့ ပုံ၊ ထူးခြားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း၊ မျက်နှာ တို့ကို ဖော်ပြတတ်ပါတယ်။

တိရိစ္ဆာန်ပုံပေါ်နေတာကလည်း ကိုယ့်အပေါ်ကို dark witchcraft, black magic တွေအလုပ်နေပါပြီ။ တိရိစ္ဆာန်ပုံက ဘယ်လိုမျိုး ကျိန်စာမျိုးလည်းဆိုတာ ဖော်ပြပါတယ်။

နေရာပေါ်လာတယ်။ ( ကျောင်း၊ အလုပ်၊… ) တွေထဲက လူတစ်ယောက်ဖြစ်နေတယ်ဆိုပြီး ပြောနေတာပါ။ လုပ်ဖော်ကိုင်ဖက်ထဲက၊ တပည့်ထဲက ကိုယ့်အပေါ်ကို dark witchcraft တွေပြုလုပ်နေပါပြီ။ ( ကိုယ့်အပေါ်တော့ ကျိန်စာတွေ၊ အတိုက်တွေ ကျရောက်မလာသေးဘူး။ လုပ်နေပြီ။ )
စာလုံးပုံတွေက ကိုယ့်အပေါ်ကိုလုပ်နေတဲ့သူရဲ့ နာမည်အစတွေ၊ နာမည်တွေကိုဖော်ပြပေးတဲ့ နိမိတ်ပါ။

ဒုတိယ အဓိပ္ပာယ်

လူ၊ တိရိစ္ဆာန်၊ နေရာ၊ စာလုံး ဘာတစ်ခုမှ မပေါ်ဘူးဆိုရင် ကိုယ့်အနီးနားမှာ ရှိနေတဲ့ လူတွေကို သတိထားပါ။ ကိုယ့်ကို မကောင်းဖြစ်အောင်၊ ကျရှုံးအောင် ဆုတောင်းနေတဲ့ လူတွေ ရှိနိုင်ပါတယ်။

ကိုယ့်ပတ်ဝန်းကျင်မှာလည်း negative energies တွေအရမ်းများနေပါတယ်။

နောက်ထပ် သုံလေးရက်လောက်နေရင် ထပ်ပြီးတော့ သန့်စင်ပေးပါ။ အတွင်းထဲကရေ ကြည်ပြီးရင်း ကြည်လာပါလိမ့်မယ်။

No photo description available.

ကြက်ဥ အနှစ်ပေါက်သွား

အဓိပ္ပာယ် – Dark witchcraft, black magic တွေ အလုပ်ခံထားရပါတယ်။ ကိုယ့်အပေါ်ကို ကျိန်စာ၊ အစီအရင်တွေ အတိုက်ခံထားရပါတယ်။ သက်ရောက်နေပါပြီ။

နောက် သုံးလေးရက်လောက်နေရင် ထပ်ပြီးတော့မှ လုပ်ပေးပါ။

May be an image of indoor

ကြက်ဥ က အောက်ခြေကိုမကျဘဲ အလယ်လောက်မှာ ဝဲနေတယ်။

အဓိပ္ပာယ် – Dark witchcraft, black magic တွေ ကိုယ့်အပေါ်ကို ထပ်လုပ်နေတဲ့ သူရှိနေပါတယ်။ သူကိုယ့်ကို လုပ်နေတာမှန်း မသိဘဲ ပေါင်းသင်းဆက်ဆံနေမိပါတယ်။

သုံးလေးရက်လောက်နေရင် ထပ်ပြီး သန့်စင်ပေးပါ။ ( Cord cut ဖို့လိုအပ်ခဲ့ရင် cut ပေးပါ။ )

May be an image of indoor

အောက်ကို မကျဘူး but ရေပေါ်မှာ နည်းနည်းလေး ဝဲနေတယ်။

အဓိပ္ပာယ် – စိတ်ဖိစီးမှု အရမ်းများနေပါတယ်။ ကိုယ့်ကို အနိုင်ကျင့်နေတဲ့သူတွေ၊ negative energy တွေအရမ်းများနေတဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်နေမိပါတယ်။

တစ်ရက်နှစ်ရက်နေရင် ထပ်သန့်စင်ပေးပါ။ Cord cutting လိုအပ်ခဲ့ရင် cut ပါ။

No photo description available.

သွေးပါလာတယ်။

အဓိပ္ပာယ် – ကျန်းမာရေးနဲ့ ပတ်သက်လို့ ချို့ယွင်းနေပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကျန်းမာရေး မချို့ချို့အောင် ကျိန်စာတိုက်ခံထားရတာပါ။

သုံးလေးရက်နေရင် ထပ်ပြီးတော့ သန့်စင်ပေးပါ။ ဆရာဝန်နဲ့လည်း တိုင်ပင်ပါ။

No photo description available.

ရေက ကြည်နေပြီးတော့ ကြက်ဥအကာလေး / အဖြူလေးပေါ်နေတယ်။

အဓိပ္ပာယ် – ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ negative energies တွေကို အောင်အောင်မြင်မြင်နဲ့ ဖယ်ရှားပစ်လိုက်နိုင်တယ်။

 

– နိမိတ်ကြည့်ပြီးသွားတဲ့ နောက်ပိုင်းမှာ ကြက်ဥထည့်ထားတဲ့ ခွက်ကို အိမ်သာ / မြောင်းထဲကို သွန်ပေးပါ။ ( အိမ်က အပင်တွေထဲ လောင်းမထည့်ပါနဲ့။ )

ရေးသားသူ – Khanner Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။