အာဖရိကချန်ပီယံ ဆီနီဂေါအသင်းကို အင်္ဂလန်ဂိုးပြတ်အနိုင်ယူ ကွာတာဖိုင်နယ်တွင် လက်ရှိချန်ပီယံ ပြင်သစ်နှင့်တွေ့မည်

Sports

အာဖရိကချန်ပီယံ ဆီနီဂေါအသင်းကို အင်္ဂလန်ဂိုးပြတ်အနိုင်ယူ ကွာတာဖိုင်နယ်တွင် လက်ရှိချန်ပီယံ ပြင်သစ်နှင့်တွေ့မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အာဖရိကချန်ပီယံ ဆီနီဂေါအသင်းကို အင်္ဂလန်ဂိုးပြတ်အနိုင်ယူ ကွာတာဖိုင်နယ်တွင် လက်ရှိချန်ပီယံ ပြင်သစ်နှင့်တွေ့မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပထမပိုင်းအစတွင် အင်္ဂလန်အသင်းက ခြေစွမ်းအသာဖြင့် ဖိကစားနိုင်ခဲ့သော်လည်း အပိုင်ဂိုးသွင်းခွင့် မရခဲ့ဘဲ တချက်တချက် ဆီနီဂေါအသင်း၏ ထိုးဖောက်မှုကို ကာကွယ်တားဆီးခဲ့ရသည်။ ပွဲချိန် ၃၈ မိနစ်တွင် အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို ကွင်းလယ်ကစားသမားဟန်ဒါဆင်က သွင်းယူခဲ့သည်။ ဘယ်လင်ဂန် ဖန်တီးပေးလိုက်သည့် ဘောလုံးကို အနီးကပ်ပိတ် သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပြီးခါနီးတွင် ဘယ်ခြမ်းမှ ဖိုဒန်ထိုးပေးလိုက်သည့် ဘောလုံးကို အသင်းခေါင်းဆောင် ဟာရီကိန်းက အပိုင်ကန်သွင်းပြီး ဒုတိယဦးဆောင်ဂိုးရရှိခဲ့သည်။

 

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း အောင်ပွဲခံနေစဉ်

ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်တွင် အင်္ဂလန်က တတိယဂိုးထပ်ရသည်။ ဘယ်ဘက်ခြမ်းမှပင် ဖိုဒန် ဖြတ်တင်ပေးလိုက်သည့် ဘောလုံးကို ဆာကာက ပါးပါးနပ်နပ် ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ အာဖရိကချန်ပံယံ ဆီနီဂေါအသင်းမှာ ၂၀၀၂ ကမ္ဘာ့ဖလားတွင် ကွာတာဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့သော်လည်း ကာတာ ကမ္ဘာ့ဖလားတွင် ၁၆ သင်းရှံးထွက်အဆင့်မှ အိမ်ပြန်သွားရပြီဖြစ်သည်။

 

အောင်ပွဲခံနေသည့် အင်္ဂလန်အသင်းသားများ

အင်္ဂလန်အသင်းနည်းပြနှင့် ဆီနီဂေါ ကစားသမားတစ်ဦး

ဆီနီဂေါပရိတ်သတ်များ

ယခုနှစ် ကမ္ဘာ့ဖလားတွင် ရေပန်းစားနေသည့် အင်္ဂလန်အသင်းမှာ ကွာတာဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ ပြင်သစ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လေးပွဲစီကစားပြီးချိန်တွင် ပြင်သစ်အသင်းက ရဂိုး ၉ ဂိုး၊ ပေးဂိုး ၄ ဂိုးရှိကာ အင်္ဂလန်က ရဂိုး ၁၂ ဂိုးအထိရှိပြီး ပေးဂိုး ၂ ဂိုးသာရှိသည်။
၎င်းတို့နှစ်သင်းမှာ ဘောလုံးသမိုင်းတလျှောက် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံတွေ့ဖူးပြီး ၂၀၁၇ ခုနှစ် အတွင်းက နောက်ဆုံးအကြိမ်တွင် ပြင်သစ်က သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြင်သစ်နှင့် အင်္ဂလန်တို့၏ ကွာတာဖိုင်နယ်ပွဲစဉ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။