ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့အရာများ

Health

ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့အရာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ထမင်းစားပြီးပြီးချင်း မလုပ်သင့်တဲ့အရာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


သင်စားသုံးတဲ့အစားအစာက သင့်ခန္ဓာကိုယ်မှာ သက်ရောက်မှုရှိပါတယ်။ မနက်စာမစားတာ၊ နေ့လည်စာ (သို့) ညစာကို အများကြီးစားတာတွေက ရသင့်တဲ့အာဟာရဓာတ်ကို မရရှိဘဲ ကျွန်တော်တို့ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ထမင်းစားပြီးရင် ရေချိုးတာ၊ လေ့ကျင့်ခန်းလုပ်တာတွေက ကျွန်တော်တို့အတွက် မကောင်းဘူးဆိုတာ ကျွန်တော်တို့အားလုံးသိထားကြပါတယ်။ ဒါပေမဲ့ ရည်ရွယ်မထားဘဲ လုပ်ဖြစ်နေတဲ့ နောက်ထပ်အမှားတွေရှိပါသေးတယ်။ ထမင်းစားပြီးတိုင်း ကျွန်တော်တို့အများစုလုပ်မိနေတဲ့ အမှားတချို့ကို အောက်မှာ မျှဝေပေးလိုက်ရပါတယ်

ထမင်းစားပြီးတိုင်း ချက်ချင်းသစ်သီးစားခြင်း

သစ်သီးတွေက ကျွန်တော်တို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ဒါပေမဲ့ အာဟာရဓာတ်ကို နည်းမှန်လမ်းမှန်ရချင်ရင် သစ်သီးတွေကို သူ့အချိန်နဲ့သူစားပေးသင့်ပါတယ်။ အသီးတွေက ဗိုက်ထဲအစားမရှိတဲ့အချိန်စားသုံးမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ထမင်းစားပြီးတဲ့နောက် ချက်ချင်းမစားသုံးပါနဲ့။ ထမင်းစားပြီး ချက်ချင်းအသီးစားတာက စုပ်ယူမှုအားကို ကန့်သတ်ပစ်ပြီး အစာခြေပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်

ထမင်းစားပြီးနောက် အိပ်စက်ခြင်း (သို့) လဲလျောင်းခြင်း

ထမင်းစားပြီးတဲ့အခါ ဗိုက်ပြည့်အင်တဲ့အတွက် ဘယ်သူမဆို လဲလျောင်းတတ်ကြပါတယ်။ ထမင်းစားပြီးနောက် သင့်ခန္ဓာကိုယ်က အစာခြေဖျက်နေတုန်းပါပဲ။ ထမင်းစားပြီး ချက်ချင်းအိပ်စက်တာ၊ လဲလျောင်းတာတွေက အစာခြေဖျက်မှုကို အနှောင့်အယှက်ဖြစ်ပြီး မအီမသာဖြစ်တာ၊ ဗိုက်နာတာတွေအပြင် အခြားပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ထမင်းစားပြီးနောက် ချက်ချင်းလဲလျောင်းတာ၊ အိပ်စက်တာတွေမလုပ်သင့်ပါဘူးနော်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းနဲ့ ကွမ်းယာစားခြင်းက ကောင်းတဲ့အလေ့အကျင့်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဆေးလိပ်သောက်တာသူတော်တော်များများက ထမင်းစားပြီးတဲ့နောက် ဆေးလိပ်သောက်တဲ့အကျင့်ရှိပါတယ်။ ဆေးလိပ်သောက်ခြင်းက အစာအိမ်မှာ ပိုပြီးပြင်းထန်ပြီး အစာအိမ်နံရံတွေကို ရောင်ရမ်းလာစေနိုင်ပါတယ်။ ထမင်းစားပြီးနောက် ဆေးလိပ်သောက် (၁) ခါသောက်တာက တစ်ကြိမ်တည်းနဲ့ ဆေးလိပ် (၁၀) လိပ်သောက်သလို သက်ရောက်မှုရှိနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။

ရေသောက်ခြင်း

ရေဓာတ်ပြည့်ဝအောင်နေထိုင်တာက ကျွန်တော်တို့အတွက် ပထမဦးစားပေးဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ထမင်းစားပြီးတိုင်း ရေသောက်တာက တကယ်တော့ အကူအညီမဖြစ်ပါဘူး။ ထမင်းစားပြီး ရေသောက်တာက အစာအိမ်ဆိုင်ရာအရည်ထုတ်ပေးနိုင်စွမ်းနဲ့ အင်ဇိုင်းဓာတ်တွေကို အားပျော့သွားစေပါတယ်။ ထမင်းစားရင်း ကော်ဖီနဲ့ လက်ဖက်ရည်တွေကိုသောက်တာကလည်း သံဓာတ်စုပ်ယူနိုင်မှုမှာ ပြဿနာရှိလာနိုင်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။