ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ခရိုရေးရှားက ဂျပန်ကို အနိုင်ရ

Sports

ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ခရိုရေးရှားက ဂျပန်ကို အနိုင်ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ခရိုရေးရှားက ဂျပန်ကို အနိုင်ရဆိုတဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျပန် 🇯🇵 ၁-၁ 🇭🇷ခရိုရေးရှား
ပင်နယ်တီ ( 🇯🇵 ၁ – ၃ 🇭🇷 )

ဂိုးသမား လီဗာကိုဗစ်၏ လက်စွမ်းပြ ကာကွယ်မှုများနှင့်အတူ ခရိုရေးရှားသည် ဂျပန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ကစားပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

 

 

နှစ်ဖက်အသင်းသည် မိနစ် ၉၀ အတွင်း အနိုင်အရှုံးမပေါ်သေးဘဲ တစ်ဖက်တစ်ဂိုးစီ သရေရလာဒ် ထွက်ခဲ့သည်။ ဂျပန်အတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပြီးခါနီးတွင် တိုက်စစ်မှူး မာအီဒါ ကသွင်းယူခဲ့ပြီး ခရိုရေးရှားအတွက် ခြေပဂိုးကို ပီရီဆစ် ကပွဲချိန် ၅၅ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
အချိန်ပို နာရီဝက် ဆက်ကစားသော်လည်း ဂိုးမသွင်းနိုင်သဖြင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြခြင်းဖြစ်သည်။ ဂျပန်ဘက်က ကန်သွင်းသည့် ပင်နယ်တီကို သုံးလုံးအထိ ခရိုရေးရှား ဂိုးသမား လီဗာကိုဗစ် လက်စွမ်းပြ ကာကွယ်သွားပြီး နောက်တဆင့်ဆီ တက်ရောက်သွားခဲ့သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။