အလွယ်တကူနိုင်ပွဲဖြင့် ဘရာဇီးလ်အသင်း ကွာတားဖိုင်နယ်ရောက် တောင်ကိုရီးယားအသင်းကို ပထမပိုင်းမှာပင် လေးဂိုးသွင်းယူခဲ့

Sports

အလွယ်တကူနိုင်ပွဲဖြင့် ဘရာဇီးလ်အသင်း ကွာတားဖိုင်နယ်ရောက် တောင်ကိုရီးယားအသင်းကို ပထမပိုင်းမှာပင် လေးဂိုးသွင်းယူခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့အလွယ်တကူနိုင်ပွဲဖြင့် ဘရာဇီးလ်အသင်း ကွာတားဖိုင်နယ်ရောက် တောင်ကိုရီးယားအသင်းကို ပထမပိုင်းမှာပင် လေးဂိုးသွင်းယူခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ယနေ့ နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားကြသည့် ကာတာကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်တွင် ဘရာဇီးလ်အသင်းက တောင်ကိုရီးယားကို လေးဂိုးတစ်ဂိုးဖြင့် အပြတ်အသတ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်တက်ရောက်သွားသည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသမိုင်းတလျှောက် ဗိုလ်လုပွဲ ၇ ကြိမ်ရောက်ရှိကာ ချန်ပီယံဆုငါးကြိမ်ရရှိထားသည့် ဘရာဇီးလ်အသင်းက ယခုနှစ်ကမ္ဘာ့ဖလားတွင်လည်း လက်ကျန်ပြိုင်ဘက်များကို ယနေ့ပွဲစဉ်ဖြင့် ခြိမ်းခြောက်လိုက်သည်။

တောင်ကိုရီးယားနှင့်ပွဲ ပထမပိုင်းတွင် ဘရာဇီးလ်အသင်းက ဗီးရှပ်ဂျူနီယာ၏ ကန်သွင်းမှုဖြင့် ပွဲစပြီး ၇ မိနစ်အကြာမှာပင် အဖွင့်ဂိုးစရသည်။ ထို့နောက် ၁၃ မိနစ်တွင် နေမာက ပင်နယ်တီမှတဆင့် ဒုတိယဂိုးသွင်းယူကာ ဆက်တိုက်ဆိုသလိုပင် ၂၉ မိနစ်နှင့် ၃၆ မိနစ်တို့တွင် ရစ်ချတ်လီဆန်နှင့် လူးကပ်စ်ပါကေတာတို့က တစ်ဂိုးစီသွင်းယူပြီး ပထမပိုင်းမှာပင် ဘရာဇီးလ်အသင်းက လေးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဘရာဇီးလ်အသင်းများ အောင်ပွဲခံနေစဉ်

 

 

ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျေနေရိုးမြို့တွင် ပရိတ်သတ်များ အောင်ပွဲခံနေစဉ်

ဒုတိယပိုင်းပြန်အစတွင် ပွဲမှာထင်သလောက် ကြည့်မကောင်းခဲ့ဘဲ ဘရာဇီးလ်အသင်းက အကြိတ်အနယ်ကစားခြင်း မရှိတော့သည့်နည်းတူ တောင်ကိုရီးယားကလည်း တန်ပြန်ဖိအားပေးနိုင်ခဲ့ခြင်း မရှိပေ။

ဘရာဇီးလ်နောက်ခံလူနှစ်ဦးကြားမှာ တောင်ကိုရီးယားအသင်းခေါင်းဆောင် ဆွန်ယောင်မင်

အသင်းခေါင်းဆောင် ဆွန်ယောင်မင်အနေဖြင့် ဘရာဇီးလ်ဂိုးပေါက်ကို တစ်ကြိမ်ကန်သွင်းခဲ့သော်လည်း ဂိုးမရခဲ့ပေ။ တောင်ကိုရီးယားအတွက် တစ်လုံးတည်းသော ချေပဂိုးကို လူစားဝင်လာသည့် ပိုက်ဆောင်ဟိုက ပွဲချိန် ၇၆ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားအသင်းခေါင်းဆောင်နှင့် ဘရာဇီးလ်မှ နာမည်ကျော် ဘောလုံးသမားနေမာ

ကမ္ဘာ့ဖလားသမိုင်းတလျှောက် အအောင်မြင်ဆုံးဘောလုံးအသင်းဖြစ်သည့် ဘရာဇီးလ်သည် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ခရိုရေးရှားအသင်းနှင့် ကန်ရမည်ဖြစ်သည်။ ခရိုရေးရှားအသင်းမှာ ၁၆ သင်းရှုံးထွက်အဆင့်တွင် ဂျပန်အသင်းကို ပွဲကစားချိန်မိနစ်ပေါင်း ၁၂၀ အတွင်း သရေကျကာ ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ရေးသားသူ –Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။