“December Predictions – Part 2” (ELLIE)

Astrology

“December Predictions – Part 2” (ELLIE)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”December Predictions – Part 2″ (ELLIE) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“December Predictions – Part 2” (ELLIE)
Libra (September 23 – October 22)

Everything You Wanted To Know About Librans - Ferns N Petals

Libra တွေကံကောင်းတဲ့အထဲ ပါပါတယ် ။ ကိုးကွယ်ရာဘာသာအလိုက် မေတ္တာထားလေ အကောင်းမြင်စိတ်များလေ ဘာသာရေးလုပ်နိုင်လေ ကောင်းလေပါပဲ ။ ဘာဖြစ်လို့တော့ နှောင့်နှေးကြန့်ကြာတာလေးတွေ ရှိတယ် ။ ဥပဒေနဲ့ပတ်သက်တာ ၊ တရားခွင်ကိစ္စ ၊ စာရွက်စာတန်းကိစ္စ ၊ ကျောင်းပညာရေးတွေမှာ နှစ်ခါပြန်လုပ်ရတတ်တယ် ။ ဒါကြောင့်မို့ အစကတည်းက အထပ်ထပ်အခါခါစစ်နိုင်လေ ပို Safe ဖြစ်လေပါပဲ ။ လူအများစုကတော့ တွေးလိမ့်မယ် ၊ ကံကောင်းတယ်ဆိုတာ အရာရာအဆင်ပြေချောမွေ့ခြင်းဆိုတာမျိုး.. တကယ်တမ်းတော့ မဟုတ်ပါဘူး ။ နောက်ပိုင်းကောင်းဖို့ အရင်အဆိုးကြုံလိုက်တာ ၊ ပိုကောင်းတာတစ်ခုအစားထိုးဖို့ အဟောင်းပျက်သွားတာ ၊ အကြီးကြီးကြုံမယ့်အစား စတိလေးနဲ့ပြီးသွားတာလေးတွေလည်း ခြုံကြည့်ရင်ကံကောင်းတာပါပဲ ။ ဒီတစ်လကံကောင်းခြင်းကတော့ ဒီလိုဖက်ပိုသွားတယ် ။ ကျန်းမာရေး အဆင်ပြေပါတယ် ။ နာတာရှည်ရောဂါမျိုးတွေ ဆေးကောင်းဆရာကောင်းရခြင်း ၊ သက်သာခြင်း ၊ ပျောက်ကင်းခြင်းဆိုတာမျိုး အားသာတယ် ။ အလုပ်ရာထူးတိုး ၊ လစာတိုးအဆင်ပြေတယ် ။ ဒီတစ်လအတွင်းကို ပိုကောင်းတဲ့အလုပ်အသစ် ၊ ပိုကောင်းတဲ့ပညာရေးလမ်းကြောင်း ၊ ပိုကောင်းတဲ့အချစ်ရေးဆိုတာမျိုး ရှိနေတယ် ။ လျပ်စစ်ပစ္စည်းလေးတွေ ပျက်တတ်သလို မိတ်ဆွေရင်းတချို့ ကိုယ့်အနားကထွက်သွားတတ်တယ် ။ လိုက်မဆွဲထားပါနဲ့ ပိုကောင်းတာတွေရောက်လာမယ် ၊ ကိုယ့်စိတ်မှာ ကောင်းဖို့ဖြစ်လာတယ်ဆိုတာလေး သိထားရင်ရပြီ ။

Scorpio Zodiac Sign: Horoscope, Compatibility, Careers & More

Scorpio (October 23 – November 21)

Scorpio တွေဒီဇင်ဘာမှာကံအကောင်းဆုံးအပိုင်းက အချစ်ရေးလို့ပြောရမယ် ။ ဒီတစ်လ Energy ကိုကရှုပ်ထွေးတဲ့အထဲပါနေလို့ Generally အကုန်တိုက်ဆိုင်အောင်ပြောဖို့ ခက်တယ် ။ သေချာတာတော့ Scorpio နဲ့ ရုတ်တရက်ခရီးသွားလာရခြင်းနဲ့ ဒီတစ်လမှာအများကြီးအားသာတယ် ။ တချို့ဆိုခရီးတစ်ခုထက်ပိုပြီး သွားရဖို့ကိုများတယ် ။ အချစ်ရေး Single ရည်းစားရမယ် ၊ စန်းပွင့်မယ်🫶🏻 ။ Flirt လုပ်တဲ့အပိုင်းမသိပေမယ့် Commitment နဲ့ပတ်သက်တဲ့ကိစ္စတွေအကုန် အဆင်ပြေတယ် ။ အရင်ဆုံးရန်ဖြစ်တာ ၊ စိတ်ချင်းဝေးကွာတာရှိတတ်တယ် ။ ဒါပေမယ့် စိတ်အေးအေးစဥ်းစားပါ ၊ လတ်တလောပြသနာကြောင့် ပိုပြီးနီးစပ်စေဖို့ရှိတယ် ။ Me Time လေးတွေတော့လိုတာ အမှန်ပါပဲ ။ အလုပ်တွေပြီးမယ် ၊ အောင်မြင်မယ် ။ ဒီလိုပဲအာရုံများရမယ် ခေါင်းကိုက်ရမယ် တစ်ယောက်ထဲလုပ်ကိုင်ရခြင်း တာဝန်ခံရခြင်းရှိတယ် ။ Commitment ကိစ္စမှာအချစ်ရေးအပြင် လူမှုရေးတွေလည်းအားကောင်းပါတယ် ။ စပ်တူလုပ်ဖို့ရှိလား ၊ စာချုပ်ချုပ်ဖို့ရှိနေလား ကောင်းတယ် ဆက်လုပ်ပါ ။ လအစပိုင်းမှာတော့ ကျန်းမာရေးညံ့တတ်တယ် ။ ဒုတိယ-တတိယအပတ်လောက်ကနေပြီး သိသိသာသာစိတ်သစ်လူသစ် ဖြစ်လာပါလိမ့်မယ် ။ မိသားစုထူထောင်ဖို့ စဥ်းစားနေတာ ၊ စေ့စပ်တဲ့ကိစ္စမျိုးတွေအဆင်ပြေတယ်🪄🪄 ။ ကလေးလိုချင်သူတွေလည်း ဆန္ဒပြည့်ဖို့အားကောင်းတယ် ။ လအစပိုင်းနဲ့ လကုန်ရက်အနည်းငယ်မှာတော့ စိတ်ရှုပ်ရဖို့ရှိပေမယ့် လအလယ်ပိုင်းတွေကတော့ ကိုယ်တောက်ပရမယ့်နေ့ရက်တွေပါပဲ ။

Sagittarius: Dates, Personality Traits, Compatibility, Symbol... | UniGuide

Sagittarius (November 22 – December 21)

ဒီဇင်ဘာတစ်လမှာသိထားရမှာကတော့ Jupiter က ကိုယ့်အတွက်မွေးနေ့လက်ဆောင်တွေ ရှိနေတယ်ဆိုတာပါပဲ ။ အလုပ် ၊ အချစ်ရေး ၊ မိသားစု ၊ ပညာရေး အကုန်ကောင်းမွန်ပါတယ် ။ ခက်တာက မွေးနေ့လက်ဆောင်ကို Door to Door မပို့ပေးဘူး ။ ကိုယ်သွားယူဖို့လိုတယ် ။ အနည်းဆုံးတော့ Cash of Deli ရှင်းပေးဖို့ပြောထားတယ် ။ ဘာသဘောလဲဆိုရင် နည်းနည်းတော့ခေါင်းမာရမယ် ၊ ဇွတ်တရွတ်ရမယ် ။ ကိုယ်ဖြစ်ချင်တာအတွက် ရဲရဲတိုက်ယူတာကနေ Reward ကောင်းကောင်းပြန်ရတတ်တယ် ။ မြောက်ပေးတာတော့ မဟုတ်ဘူးနော် ။ ပြောစရာရှိတာကို ပြတ်ပြတ်သားသားပြော ၊ မှားရင်တောင်းပန် ၊ မှန်တယ်ထင်တာပြောင်းလုပ်ဖို့ပါ ။ အချစ်ရေး Overall ကောင်းမွန်ပါတယ် ။ ဒါပေမယ့် ချစ်ခင်ရသူတွေနဲ့ တွေ့ဖို့အချိန်နည်းတာ ၊ အလုပ်မအားတာလေးတော့ ရှောင်လွှဲဖို့ခက်လိမ့်မယ် ။ ဒါလေးကပဲ ပိုကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရလာဖို့ကူပေးပါတယ် ။ Romance အားကောင်းပါတယ် Passionate လည်းဖြစ်တယ် ။ အချစ်ကြီးအမျက်ကြီးတာလေးတော့ သတိပြု ။ ဒီတစ်လအတွင်း တစ်ကိုယ်တဲ့အချိန်လေးတွေ ၊ ဘဝရှေ့ရေးအစီအစဥ်လေးတွေ သေသေချာချာစဥ်းစားဖြစ်လိမ့်မယ် ။ အကောင်အထည်လည်း ဖော်ဖြစ်ဖို့ရှိတယ် ။ အခုရေတွင်းတူး အခုရေကြည်သောက်ဖို့တော့မဟုတ်ဘူးပေါ့ ။ ပညာရပ်အသစ်သင်တာ ၊ ပိုကောင်းတဲ့နေရာ/အလုပ်အကိုင်ပြောင်းတာမျိုး အားပေးတယ် ။ နောက်နှစ်လကနေငါးလအတွင်းကို တိုးတက်မှုမြင်သာလာပါလိမ့်မယ် ။

Capricorn zodiac & star sign dates: Symbols and meaning for Capricorn |  Express.co.uk

Capricorn ( December 22 – January 19)

Capricorn ရဲ့ Physical Health ရော Mental Health ရော အားနည်းပါမယ်နော် ။ နှာစေးချောင်းဆိုး ၊ လည်ချောင်းနာကနေစပြီး ထိခိုက်ရှနာ ၊ နုံးခွေနေတာ ၊ ပင်ပန်းလွယ်တာတွေ ဖြစ်နေလိမ့်မယ် ။ မွေးနေ့အနီးမှာချူခြာတတ်တာလေးမြင်လို့ ဒီတစ်လကနေ နောက်နှစ်ဆန်းပိုင်းလောက်အထိ ဂရုစိုက်ဖို့လိုပါတယ် ။ အလုပ်ပြီးမြောက်တဲ့လထဲ ပါပါတယ် ။ အလုပ်အသစ်စတာ ၊ ပညာသင်ကြားတာ ၊ အသိအပညာအသစ်ရရှိခြင်းတွေ အားသာတယ် ။ ဒီလိုပဲ Routine တစ်ခုစတင်ဖို့ကြိုးစားပြီး အရာမထင်ဖြစ်နေတာ ၊ Exercise လုပ်တာ Gym ဆော့တာမျိုးဆိုလည်း ရပ်သွားလိုက်ပြန်စလိုက်လေးတွေတော့ ရှိနေလိမ့်မယ် ။ အနာဂတ်နဲ့ပတ်သက်ပြီး အားမရနေမယ့်လမို့လို့ ကိုယ့်ကိုကိုယ်တအားကြီး Push မလုပ်စေချင်ဘူး ။ ဒီအစားလက်ရှိကိုယ့်အနားရှိနေတဲ့ ကောင်းခြင်းတွေကို အာရုံစိုက်ဖို့လိုတယ် ။ Capricorn ရဲ့ Strength က ကံကောင်းခြင်း ၊ တစ်ခုခုမှာထူးချွန်ခြင်းဆိုတာထက် ကိုယ့် Limit ကိုယ်သဘောပေါက်ခြင်းဆိုတာလေး ပြန်သတိဝင်ဖို့လိုတယ် ။ ကိုယ်အားသာတဲ့နေရာ အားနည်းတဲ့နေရာ ကိုယ်ကောင်းကောင်းသိတယ် ။ ဘယ်ဖက်အားစိုက်မလဲ ၊ ဘယ်ဖက်အားလျော့မလဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ပဲ လိုပါတယ် ။ ဒီဇင်ဘာလက တစ်ယောက်ထဲမနေသင့်တဲ့ကာလပါ ။ ချစ်တဲ့သူတွေနဲ့နေပါ ။ သူငယ်ချင်း ၊ မိသားစုတွေနဲ့ စကားစမြည်ပြောရင်း ပျော်ပျော်ပါးပါးလေးနေသင့်တယ် ။ ကိုယ့်သက်ဆိုင်ရာမွေးရက်ကျော်တာနဲ့ ကောင်းတဲ့လမ်းပေါ် ပြန်ရောက်သွားလိမ့်မယ် ။ ဒီတစ်လောကိုတော့ ရေလိုက်ငါးလိုက်လေးကျော်ဖြတ်ပါ ။ ရှေ့မှာပိုအားထည့်ဖို့ ခတ္တအနားယူတယ်ပဲမှတ်ထားစေချင်တယ် ။

10 Reasons Aquarius is the Best Zodiac Sign

Aquarius (January 20 – February 18)

Aquarius တွေငွေကြေး ၊ အချစ်ရေးကံကောင်းမွန်တဲ့ လတစ်လပါ ။ ခရီးသွားလာခြင်းအားသာတယ် ။ ကောင်းလည်းကောင်းမွန်တယ် ၊ အစီအစဥ်မရှိတောင် ချစ်သူ/မိသားစုနဲ့အတူ ရက်တိုခရီးလေးဖြစ်ဖြစ် သွားသင့်တယ် ။ လက်ရှိမွန်းကြပ်နေတဲ့စိတ်ခံကို သိသိသာသာပြေလျော့ပေးသွားဖို့ ရှိတယ် ။ လကုန်ပိုင်းမှာတော့ အနည်းငယ်လေး အရှိန်ပြန်လျော့သွားမယ် ။ ဒါကြောင့်ပျော်ချင်ပါးချင် ချစ်ခင်ချင်တာတွေကို လအစပိုင်းနဲ့ အလယ်ပိုင်းမှာပိုပြီးအားထည့်ထားသင့်တယ် ။ ဒီတစ်လမှာ ကိုယ့် Creative Energy တွေကောင်းမွန်ပါတယ် ။ အနုပညာ ၊ လက်မှုပညာ ၊ ဥာဏ်ကွန့်မြူးရတဲ့အရာတွေမှာ ဦးနှောက်လည်းပိုရွှင်သလို တူညီတဲ့အသိအမှတ်ပြုမှု ကျော်ကြားမှုရမယ် ။ အချစ်ရေး ကောင်းမွန်နေတယ် ။ အချစ်သစ်ရှာနေသူတွေ နောက်နှစ်ကို In a Relationship နဲ့ရောက်သွားဖို့ရှိတယ် ။ မိသားစုကံလည်း ကောင်းနေပါတယ် ။ အိမ်ထောင်ရှင်တွေအတွက် ကိုယ့်မိသားစုနဲ့ခရီးသွားဖြစ်ဖို့ အကြောင်းဖန်လာလိမ့်မယ် ။ လုပ်ငန်းရှင်တွေအတွက် လက်ရှိကြန့်ကြာနေတဲ့ကိစ္စွတွေ အနှေးနဲ့အမြန်ပြေလည်လာမယ် ။ သတိထားဖို့တစ်ခုကတော့ အရင်ကကိုယ့်အပေါ်မကောင်းဖူးတဲ့ မိတ်ဆွေဟောင်း ၊ ချစ်သူဟောင်းတွေကြောင့် စိတ်သောကရောက်ရတတ်တယ် ။ ချစ်သူ/အိမ်ထောင်ရှိသူဆိုလည်း ဒီလိုကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းရတာမျိုးမြင်လို့ သနားလို့စကားလက်ခံပြောတယ်ဆိုတာမျိုး လုံးဝတားမြစ်ချင်ပါတယ် ။

Pisces Zodiac sign: Key personality traits, season, dates, explained

Pisces  (February 19 – March 20)

စိတ်အပြောင်းအလဲများမယ့်လလို့ မြင်ပါတယ် ။ စီးပွားရေးကိစ္စတွေ ကောင်းမွန်ပါတယ် ။ ခင်မင်ရင်းနှီးသူအဆက်အသွယ်ကတစ်ဆင့် အဆင်ပြေခြင်းတွေရဖို့ရှိတယ် ။ ဒီလကတော့ စကားလည်းအများကြီးပြောရမယ် ၊ လူတွေအများကြီးနဲ့ တွေ့ရဖို့အားသာတယ် ။ အထူးသဖြင့် မိတ်ဆွေသစ်ကတစ်ဆင့် အဆင်ပြေခြင်းတွေရသလိုပဲ မိတ်ဆွေဟောင်းတွေ ၊ မိသားစုဝင်တွေနဲ့ပတ်သက်ပြီး အပြန်အလှန်ပြောစကားတွေများလိမ့်မယ် ။ ဥပမာ- အရင်မကြေလည်တဲ့ပြသနာကို ဖြေရှင်းရတာ ၊ ငြင်းခုန်ရတာမျိုးပေါ့ ။ အဓိကကတော့ မိသားစုလို့မြင်တယ် ။ ကိုယ်နဲ့မဆိုင်တဲ့ပြသနာတစ်ခုကို ဝင်ဖြေရှင်းပေးရတတ်တယ် ။ ရှင်းလေရှုပ်လေဖြစ်တတ်လို့ လက်ရှိမှာ မိသားစုအဆင်မပြေတဲ့သူဆိုရင် ကိုယ့်ဖက်ကစကားအထိန်းအသိမ်းရှိဖို့ တော်ရုံဝင်မပါဖို့ သတိလေးထားဖို့လိုတယ် ။ ကိုယ်ဝါသနာပါတဲ့အရာလေးတွေမှာ အောင်မြင်ပါလိမ့်မယ် ။ ငွေကြေးရလို့ထက် ပျော်လို့လုပ်တဲ့အလုပ်မျိုးကနေပြီး ငွေပိုဝင်လိမ့်မယ် ။ အချစ်ရေး Single တွေကို မီးစိမ်းပြနေပါတယ် ။ဒါပေမယ့် ချစ်သူ/အိမ်ထောင်ကြားမှာတော့ ဘေးလူကတစ်ဆင့် စကားရှုပ်တတ်တယ် ။ Overall နှစ်သစ်အတွက် အလုပ်အသစ်တွေစတင်ဖို့ ကောင်းမွန်တဲ့ကာလလို့မြင်ပါတယ် ။ ငွေကြေးကံကောင်းတယ် ၊ မိသားစုအရေးသတိထားပါ ။ ကိုယ်တိုင်လည်း Emotion များနေမယ် ။ စိတ်အတက်အကျမြန်မယ် ။ ဒါကြောင့်မို့ စက္ကန့်ပိုင်းအတွင်းဆုံးဖြတ်တာမျိုးက ဦးစားပေးရှောင်ရမယ့်အရာပါပဲ 

 

ရေးသားသူ -ELLIE

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။