မော်ရိုကိုကိုအရေးနိမ့်ပြီး စပိန်ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီ

Sports

မော်ရိုကိုကိုအရေးနိမ့်ပြီး စပိန်ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မော်ရိုကိုကိုအရေးနိမ့်ပြီး စပိန်ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မော်ရိုကို🇲🇦 ၀-၀ 🇪🇸စပိန်
( ပင်နယ်တီ 🇲🇦 ၃-၀ 🇪🇸 )

ကမ္ဘာ့ဖလားတွင် အသင်းကြီးတစ်သင်းဖြစ်သည့် စပိန်သည် မော်ရိုကိုကို ပင်နယ်တီဖြင့် အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။

စပိန်သည် ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့သော်လည်း မိနစ် ၉၀ နှင့် အချိန်ပို နာရီဝက်အတွင်း တစ်ဂိုးမှ မရသည့်နောက် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။

ယမန်နေ့က ခရိုရေးရှားဂိုးသမားလိုပင် မော်ရိုကို ဂိုးသမားလည်း ပင်နယ်တီ သုံးလုံးအထိ ဖမ်းပြသွားပြီး မော်ရိုကိုကို ကွာတားအဆင့်ရောက်အောင် ကူညီပေးသွားခဲ့သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။