ဂိုးဒါဇင်ဝက်နိုင်ပွဲဖြင့် ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်တက် အစဉ်အလာရှိ အသင်းကြီးများကိုဖြုတ်ချထားသည့် မော်ရိုကိုနှင့်တွေ့မည်ဂိုးဒါဇင်ဝက်နိုင်ပွဲဖြင့် ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်တက် အစဉ်အလာရှိ အသင်းကြီးများကိုဖြုတ်ချထားသည့် မော်ရိုကိုနှင့်တွေ့မည်

Sports

ဂိုးဒါဇင်ဝက်နိုင်ပွဲဖြင့် ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်တက် အစဉ်အလာရှိ အသင်းကြီးများကိုဖြုတ်ချထားသည့် မော်ရိုကိုနှင့်တွေ့မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဂိုးဒါဇင်ဝက်နိုင်ပွဲဖြင့် ပေါ်တူဂီအသင်း ကွာတားဖိုင်နယ်တက် အစဉ်အလာရှိ အသင်းကြီးများကိုဖြုတ်ချထားသည့် မော်ရိုကိုနှင့်တွေ့မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ၁၆ သင်းရှုံးထွက်အဆင့် နောက်ဆုံးပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဆွစ်ဇာလန်ကို ဂိုးပေါင်းဒါဇင်ဝက်သွင်းယူကာ ကွာတားဖိုင်နယ် တက်ရောက်သွားသည်။ နာမည်ကျော် ကစားသမား ရော်နယ်လ်ဒို မပါဝင်သော်လည်း ပေါ်တူဂီအသင်းက ပထမပိုင်းမှာပင် နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ပထမပိုင်း ၁၇ မိနစ်တွင် ပေါ်တူဂီအသင်း အဖွင့်ဂိုးစရသည်။ ရှေ့တန်းမှ လူငယ်ကစားသမား ဖီးလစ်စ်ချပေးသည့် ဘောလုံးကို ဂွန်ကာလိုရာမို့စ်က သွင်းယူကာ ၃၃ မိနစ်တွင် ဒုတိယဦးဆောင်ဂိုးကို ဝါရင့်နောက်တန်းကစားသမား ပက်ပေက ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ အသက် ၃၉ နှစ်အရွယ် နောက်တန်းကစားသမားမှာ ကမ္ဘာ့ဖလားကို သုံးကြိမ်မြောက် ပါဝင်ကစားနေခြင်းဖြစ်သည်။

ဒုတိယပိုင်းစပြီး ငါးမိနစ်ခန့်အကြာတွင် ရာမို့စ်ကပင် ပေါ်တူဂီအတွက် တတိယမြောက် အနိုင်ဂိုးသွင်းယူကာ ပွဲချိန် ၅၅ မိနစ်တွင် နောက်တန်းကစားသမား ရာဖေးလ်ဂွာရန်ရိုက လေးဂိုးမြောက်သွင်းယူသည်။ မိနစ်ပိုင်းအတွင်း၌ပင် ဆွစ်ဇာလန်အသင်းက ထောင့်ကန်ဘောမှတဆင့် ချေပဂိုးရသည်။ ဆွစ်ဇာလန်အတွက် တစ်လုံးတည်းသော ချေပဂိုးဖြစ်သည်။

ပွဲချိန် ၆၇ မိနစ်တွင် ပေါ်တူဂီအသင်း ငါးဂိုးမြောက်ဦးဆောင်ဂိုးထပ်ရသည်။ ရာမို့စ်ကပင် သွင်းယူပေးခြင်းဖြစ်ကာ ယခုနှစ်ကမ္ဘာ့ဖလားတွင် ပွဲစဉ်တစ်ခုအတွင်း သုံးဂိုးသွင်းယူနိုင်သည့် (hat-trick) ပထမဆုံး ကစားသမားဖြစ်လာသည်။

ပွဲချိန် ၇၃ မိနစ်တွင် ရော်နယ်လ်ဒို လူစားဝင်ကစားခွင့်ရခဲ့သော် ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပေ။ ပေါ်တူဂီအသင်းနှင့်အတူ ကမ္ဘာ့ဖလားကို ငါးကြိမ်တိုင်တိုင် ဝင်ကစားခွင့်ရထားသည့် နာမည်ကြီးကစားသမားမှာ ပထမဆုံးအကြိမ် အချိန်ကြာမြင့်စွာ အရန်ခုံ၌ ထိုင်စောင်နေခဲ့ရခြင်းဖြစ်သည်။ ပွဲပြီးခါနီးတွင် ပေါ်တူဂီအတွက် ခြောက်ဂိုးမြောက် အနိုင်ဂိုးကို နောက်တန်းကစားသမား ရာဖေးလ်လီယိုက သွင်းယူသည်။

ကွာတားဖိုင်နယ်တွင် ပေါ်တူဂီအသင်းမှာ မော်ရိုကိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ကမ္ဘာ့ဖလားတွင် တစ်သင်းတည်းသော လက်ကျန်အာဖရိကအသင်းမှာ အစဉ်အလာရှိ အသင်းကြီးတစ်သင်းဖြစ်သော စပိန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ကွာတားဖိုင်နယ်တက်ရောက်လာခြင်းဖြစ်သည်။ ခရိုရေးရှား၊ ဘယ်လ်ဂျီယံ၊ ကနေဒါတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည့် မော်ရိုကိုအသင်းမှာ အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်ရောက်ခဲ့ခြင်းဖြစ်သည့်အပြင် ဘယ်လ်ဂျီယံနှင့် စပိန်လို နာမည်ကြီးအသင်းများကို ဖြုတ်ချနိုင်ခဲ့သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။