မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရုရှားလုပ်ငန်းရှင်တွေကို ဘယ်သူမှ မရတဲ့ အထူး အခွင့် အရေး တွေ ပေးမယ်လို့ မင်းအောင်လှိုင် ကမ်းလှမ်း

Local News

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရုရှားလုပ်ငန်းရှင်တွေကို ဘယ်သူမှ မရတဲ့ အထူး အခွင့် အရေး တွေ ပေးမယ်လို့ မင်းအောင်လှိုင် ကမ်းလှမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရုရှားလုပ်ငန်းရှင်တွေကို ဘယ်သူမှ မရတဲ့ အထူး အခွင့် အရေး တွေ ပေးမယ်လို့ မင်းအောင်လှိုင် ကမ်းလှမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ လာ ရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်သူ့ကိုမှ မပေးတဲ့ အထူးအခွင့်အရေးတွေဖြစ်တဲ့ အခွန်ကင်း လွတ် ခွင့်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ လွယ်ကူချောမွေ့စေရေး၊ ဗီဇာကင်းလွတ် ခွင့် စတဲ့အထူး အခွင့်အရေးတွေ ပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မင်းအောင်လှိုင်က ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ဦးဆောင်တဲ့ ရုရှား စီးပွား ရေး ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ တွေ့ဆုံစဉ် အဲဒီလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က အတည်ပြု ပြောဆိုပါတယ်။
မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ ရုရှားစီးပွားရေးသမားတွေအတွက် အမြဲတံခါးဖွင့်ထားပြီး အခုအချိန်အခါဟာ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုကို အမြင့်ဆုံး တိုးမြှင့်ဖို့ အချိန်အခါကောင်း ဖြစ်တယ် လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၅ ရက်နေ့ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ ရုရှားစီးပွားဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးတို့ တွေ့ဆုံမှုကို ပြည်သူတချို့က ကန့်ကွက်သရော်ထားမှု။

မင်းအောင်လှိုင်က ရုရှားနဲ့ မြန်မာ အကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေး၊ ခရီး သွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံမှာ ရုရှားရင်းနှီးမြှုပ်နှံသူတွေအတွက် အထူးအခွင့်အရေး ပေးမယ့်အစီအစဉ်တွေ၊ သံနဲ့သံမဏိထုတ်လုပ်ရေးမှာ ရုရှား နည်းပညာကို မြန်မာတွေထံ ပြန်မျှဝေပေးရေး၊ နူကလီးယားစွမ်းအင် အပါအဝင် ရုရှားစွမ်းအင်နဲ့ပတ်သက်လို့ မြန်မာနဲ့ရုရှား ပူးပေါင်းဆောင်ရွက် သင်ယူနိုင်ရေး တို့အတွက် လည်းဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် အခြားသော စီးပွားရေးကဏ္ဍပေါင်းစုံကိုလည်း အပြောမဟုတ်ဘဲ ရုရှားနဲ့မြန်မာ လက်တွေ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေး စီးပွားရေးတိုးမြှင့်ဖို့ မင်းအောင်လှိုင်က ကမ်းလှမ်းပြန်ပါတယ်။
ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နှင့် အဖွဲ့ဝင် ၈၀ ကျော် ပါဝင်တဲ့ စီးပွားရေးအဖွဲ့ က နေပြည်တော်ကို ဒီဇင်ဘာလ ၃ ရက်နေ့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။