ဒီပဲယင်း၊ ကုန်းတဲကျေးရွာနှင့် ထီးချိုင့်မြို့နယ်၊ အောင်သာကုန်းကျေးရွာကို ယနေ့နံနက်ပိုင်း စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက်ဆီး

Local News

ဒီပဲယင်း၊ ကုန်းတဲကျေးရွာနှင့် ထီးချိုင့်မြို့နယ်၊ အောင်သာကုန်းကျေးရွာကို ယနေ့နံနက်ပိုင်း စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက်ဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဒီပဲယင်း၊ ကုန်းတဲကျေးရွာနှင့် ထီးချိုင့်မြို့နယ်၊ အောင်သာကုန်းကျေးရွာကို ယနေ့နံနက်ပိုင်း စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက်ဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကုန်းတဲကျေးရွာနှင့် ထီးချိုင့်မြို့နယ်၊ အောင် သာ ကုန်းကျေးရွာကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်က အကြောင်းမဲ့ မီးရှို့ ဖျက် ဆီးလျက်ရှိကြောင်း ဒေသပြည်သူများနှင့်ဒေသသတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကို စစ်တပ် က ဝင်ရောက်မီးရှို့လျက်ရှိပြီး မီးရှို့သော စစ်ကြောင်းသည် ယမန်နေ့ အင်ပင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြသည့် စစ်တပ်ဖြစ်ကြောင်း သိရှိရသည်။
“လက်ရှိမှာ စစ်ခွေးတွေက တစ်ရွာပြီးတစ်ရွာ အကြောင်းပြချက် မဲ့မီးရှို့ နေခြင်း ဖြစ်ပါတယ်။ ကုန်းတဲကျေးရွာဟာ ယခင်မီးရှို့ခံရဘူးတဲ့ရွာပါ။ ၂၁ အိမ် မီးလောင် ပြာ ကျခဲ့ရပါတယ်။အခု ဒုတိယအကြိမ်ဝင်လာပြီး၂ ရက်ဆက်တိုက် မီးရှို့ နေ တာ ဖြစ်ပါတယ်” ဟု ဒေသသတင်းရင်းမြစ် ဒီပဲယင်းမြို့နယ် ညီနောင် များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အောင်သာကုန်းကျေးရွာကိုလည်း စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မီးရှို့လျက် ရှိကြောင်း ဒေသပြည်သူများက ပြောသည်။
“ထီးချိုင့်ထဲမှာ မီးပတ်ရှို့နေတာ။ ရွာတော်တော်များများလည်း ကုန်နေပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။
အလားတူ ယမန်နေ့က စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ရွာနှင့် လေ သာ ရွာ ကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်းတိန် ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် လေသာရွာကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ယခု နံနက်ပိုင်း စစ်တပ်က မီးရှို့နေသော ဒီပဲယင်းမြို့နယ်၊ ကုန်းတဲ ကျေးရွာမှ မီးခိုးများထွက်နေစဉ်။

“စစ်ခွေးတွေ ဒုတိယအကြိမ် မီးရှို့သွားတဲ့ အင်းတိန်ရွာက နေအိမ် ၈ လုံး လောက်နဲ့ လေသာရွာ နေအိမ် ၇ လုံးလောက် ထပ်မံ မီးရှို့ ဖျက်ဆီး ခံရတယ်လို့ သိရတယ်။ အရေအတွက်တော့ အတိအကျတော့ အတည်မပြုနိုင်သေးဘူး” ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။