ရောဘတ်ပတ်တင်ဆန် ပါဝင်ပြီး အော်စကာဆုရှင်ကိုရီးယားဒါရိုက်တာရိုက်ကူးမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကား

Celebrity

ရောဘတ်ပတ်တင်ဆန် ပါဝင်ပြီး အော်စကာဆုရှင်ကိုရီးယားဒါရိုက်တာရိုက်ကူးမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ရောဘတ်ပတ်တင်ဆန် ပါဝင်ပြီး အော်စကာဆုရှင်ကိုရီးယားဒါရိုက်တာရိုက်ကူးမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အော်စကာဆုရှင်တောင်ကိုရီးယားဒါရိုက်တာ ဘုံဂျွန်ဟိုဟာ ရုပ်ရှင်ကားသစ်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်တဲ့ Mickey 17 ဖြစ်ပြီး ဟောလိဝုဒ်မင်းသား ရောဘတ်ပတ်တင်ဆန် ပါဝင်မှာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါရိုက်တာ ဘုံဂျွန်ဟိုက ဒီရုပ်ရှင်ကားရဲ့ဇာတ်ညွှန်းရေးဆရာနဲ့ထုတ်လုပ်သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဇာတ်ကားကို ရိုက်ကူးဖို့လုပ်နေတုန်းပါပဲ။
Mickey 17 ရုပ်ရှင်ကားသစ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စာရေးဆရာ အက်ဒ်ဝပ် အက်စတန်ရေးသားထုတ်ဝေခဲ့တဲ့ Mickey 17 ဝတ္ထုကို အခြေခံရိုက်ကူးမှာဖြစ်ပါတယ်။ ရောဘတ်ပတ်တင်ဆန်က ရေခဲကမ္ဘာ Nifheim ကို နယ်ချဲ့ဖို့ စေလွှတ်လိုက်တဲ့ စူးစမ်းလေ့လာရေးခရီးမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့တဲ့ လူသားဝန်ထမ်းတစ်ဦးအဖြစ် သရုပ်ဆောင်မှာပါ။ ဝတ္ထုထဲမှာတော့ အဲဒီဇာတ်ကောင်က အန္တရာယ်အရှိဆုံးအလုပ်တွေကို လုပ်ဖို့ တာဝန်ပေးခံရပြီး သူ thayဆုံးတဲ့အချိန် သူ့ရဲ့မှတ်ဉာဏ်တွေနဲ့အတူ ခန္ဓာကိုယ်အသစ်နဲ့ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။


ဒီရုပ်ရှင်ကားမှာ စူပါဟီးရိုးဇာတ်ကောင် Hulk အဖြစ် လူသိများတဲ့ မင်းသား မက်ခ် ရက်ဖ်ဖလို၊ မင်းသမီး တိုနီ ကိုလ်လက်တ်၊ ကိုရီးယား-အမေရိကန်မင်းသား စတီဗန် ယွန်၊ မင်းသမီး နိုအာမီ အာခီတို့လည်း ပါဝင်မှာပါ။ Mickey 17 ဟာ ဒါရိုက်တာ ဘုံဂျွန်ဟိုကို အော်စကာဆုအပါအဝင် အကောင်းဆုံးဒါရိုက်တာဆုများစွာ ရရှိစေခဲ့တဲ့ သူ့ရဲ့ Parasite ဇာတ်ကားပြီးနောက် ရိုက်ကူးတဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ ဘုံဂျွန်ဟိုကို Snowpiercer၊ The Host၊ Okja၊ Barking Dogs Never Bite စတဲ့ ရုပ်ရှင်ကားတွေနဲ့လည်း လူသိများပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။