“စုတ်( ၉ )ပါး ဗေဒင် “

Astrology

“စုတ်( ၉ )ပါး ဗေဒင် “

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”စုတ်( ၉ )ပါး ဗေဒင် “ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒီ တွက်ကိန်းဟာ သမားစဉ် ပညာအရ တော့ သက်ရောက် မဟာ ဘုတ် နဲ့ ပူးတွဲ အဖြေထုတ် ရတာ ဖြစ်ပါတယ်။ ငယ်စဉ်ဗေဒင် လက္ခဏာ သင်ကာစအချိန် တုန်းက သင်ခဲ့ရတဲ့တွက်ကိန်းလေးတစ်ခုပါ။လွယ်လွယ် တွက်ပြီးတော့ အဖြေကို လွယ်လွယ်ထုတ် နိုင်တဲ့ ဗေဒင် နည်းလေး လည်းဖြစ်ပါတယ်။

ကျ နော် ကတော့ ဒီ ဗေဒင်အ ဟော ကို လက္ခဏာ နဲ့ပြန်ကိုက်ပြီးမှ အ ဟော ထုတ်ခဲ့တာ တွေလည်း ရှိခဲ့ပါတယ်။ဗေဒင် ဝါသနာရှင်များ အနေနဲ့ချိန်ဆ လို့ ရ နိုင် အောင်
တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ကဲ ..ဗေဒင် တွက်နည်းလေးကို ပြောပြမယ်။
ရောက်သက်ကိုတည် ကာ( ၄ ) နဲ့ပေါင်း၍

( ၉) နဲ့စားပါ ။ အကြွင်းကိုကြည့်ကာ အ ဟောထုတ်ရမှာဖြစ်ပါတယ် ။
ဥပမာ – အသက် ( ၄၈ )နှစ်ရှိ အင်္ဂါသား ဆိုပါစို့။
၄၈ + ၄ = ၅၂ ÷ ၉ = ( ၇ )ကြွင်းတယ် ။
မရဏ စုတ် ရတယ်။
ရန်သူ တွေ့တတ်တယ်။
စိတ် အနှောင့်အယှက်
ဖြစ်စရာ ကိစ္စ တွေ ကြုံ
ရတတ်တယ် ပေါ့ဗျာ ။

( ၁)ကြွင်း – ရာဇစုတ်၊

မင်းစိုးရာဇာအကူအညီရတတ်တယ်။

( ၂ )ကြွင်း – ဓနစုတ်၊

စည်းစိမ်ဥစ္စာရတတ်တယ်။
လာဘ်လာဘ တွေ ရတတ်တယ်။ ငွေဝင်မယ် ။

( ၃ )ကြွင်း – သီလစုတ်၊

ကျော်ကြားထင်ရှားတတ်တယ်။
လူများရဲ့ချီးကျူးခံရတတ်တယ်။
အသိအမှတ်ပြုခံရတတ်တယ်၊၊

( ၄ )ကြွင်း – ကမ္မစုတ် ၊

အမှုအခင်းကြုံတတ်တယ်။
ပြသ နာ တွေ ဖြစ်တတ်တယ်။

( ၅) ကြွင်း – အတ္တစုတ်၊

အိုးအိမ် ၊ ခြံ၊ မြေ ဝင်တတ်တယ်။

( ၆ )ကြွင်း – ယာယီစုတ် ၊

ခရီးသွားရတတ်တယ်၊
အပြောင်းအလဲ တွေကြုံရတတ်တယ်။
မထင်မှတ် ထားတာ တွေဖြစ်ရတတ်ပါတယ်။
ကျန်းမာရေးဂရုစိုက်ပါ။

( ၇) ကြွင်း – မရဏစုတ် ၊

ရန်သူတွေ့တတ်တယ်။
စိတ်အနှောင့်အယှက် ဖြစ်စရာ၊ စိတ် လက်မကြည်သာဖြစ်ရမယ့် ကိစ္စ တွေကြုံရတတ်ပါတယ် ။

( ၈ ) ကြွင်း – ဇေယျစုတ်…

လုပ်ငန်းတွေအောင်မြင်မယ်။အခွင့်အလမ်း တွေ ပေါ် လာတတ်တယ် ။

( ၀ )ကြွင်း – ဒုက္ခစုတ် ၊

ဘေးဥပါဒ်ကြုံတွေ့ရတတ်တယ်။ငွေကြေး ဆုံးရှုံးနစ်နာတတ်တယ်။

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ
ကျန်းမာကြပါစေ ။

ရေးသားသူ –ထွဋ်အောင် ဝေ ( လောကီပညာ )

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။