ပလ္လင်ကိုးကွက်ဗေဒင်ဟောကိန်း

Astrology

ပလ္လင်ကိုးကွက်ဗေဒင်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ပလ္လင်ကိုးကွက်ဗေဒင်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပလ္လင်ကိုးကွက်ဗေဒင်ဟောကိန်း

အလွန်ရှားပါးသော ရိုးရာဗေဒင်ဟောနည်းတစ်ခုဖြစ်ပါသည်။ ပလ္လင်ကိုးကွက် ဗေဒင်ဟုခေါ်သည်။ အောက်တွင်ဖော်ပြထားသည့်ဇယားကို ကြည့်ပါ။
ဇယားကြည့်ပုံကြည့်နည်းမှာ ခွင်တစ်ခွင်တွင် အတန်း သုံးတန်းရှိ၏။
ပထမအတန်းမှာ ကုသလ အတန်းဖြစ်၏။
ဒုတိယတန်းက အကုသလတန်းဖြစ် ၏။
တတိယတန်းမှာ အဗျာကတတန်းဖြစ်သည်။
တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ၊ စနေတို့က ဇယား တစ်ခုစီဖြစ်၏။ ကျန် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပ တေး၊ နေ့သုံးနေ့က တစ်ခွင်ဖြစ်၏။ ထိုအချက်ကို သတိပြုရပေမည်။
ရှေးက ဤနည်းစနစ်တစ်ခုတည်း နှင့်ဟောခဲ့ကြသည်ကိုလည်း တွေ့ရ၏။ အဟော တတ်သရွေ့ အဟောများများ ထွက်နိုင်သည်။
တွက်လိုသူ၏အသက်ကိုကြည့်၍ မည်သည့် တန်းတွင်ရှိသည်ကိုကြည့်ပါ။ ကုသလလား၊ အကု သလလား၊ အဗျာကတာလား…ရှိသည့်အတန်း ကိုကြည့်၍သက်ဆိုင်ရာအဟောကိုဟော၍ရသည်။

နမူနာ

အသက်(၆၅)နှစ်ရှိသူ အင်္ဂါသားသမီးကို တွက်ချက်မည်ဆိုပါက အင်္ဂါသားသမီးအတွက် ဇယားကွက်တွင်ကြည့်ပါ။ အကုသလတန်းတွင် ရောက်နေသည်ကိုတွေ့ရမည်။(၆၃၊ ၆၄၊ ၆၅) သည် အကုသလဖြစ်၏။
သို့သော်(၆၅)ပြီးလျှင်(၆၆)တွင် အဗျာကတတန်းကို ရောက်မည်ဖြစ်ရာ အဗျာကတ ၏ အရှိန်ရိုက်ခတ်မှု အနည်းငယ်ရှိနိုင်သည်။
အလယ်(၆၄)တွင် အကုသလ၏စွမ်းအားအမြင့်ဆုံး အချိန်ဖြစ်သည်ကို သတိပြုရမည်။
(၆၃)သည် အကုသလတန်း၏အစဖြစ်သဖြင့်(၆၂)မှာ ကုသလ ဖြစ်ရာ ကုသလ၏အရှိန်ရိုက်ခတ်မှုရှိသည်ကိုလည်း သတိပြုရပေမည်။
ထို့ကြောင့်(၆၅)နှစ်အဟောကို သိလိုပါက ဆက်လက်ဖော်ပြမည့် အကုသလ ဟောကိန်းကို ဖတ်ကြည့်နိုင်ပါတယ်

ကုသလအတန်းရောက်သက်အတွက်ဟောကိန်း

ဤကာလတွင် ကံကောင်းနေမည်။ လုပ်သမျှ တွေ ဖြစ်လာတော့မည်။ ကြိုးစားသမျှအရာရောက် ၍ ထင်တိုင်းပေါက်နိုင်မည်။ ရည်မှန်းချက်တွေ အောင်မြင်မည်။ ခရီးသွားလိုက သွား၍ရမည်။ အလုပ်ပြောင်းရန်ဆန္ဒရှိပါကလည်း အဆင်ပြေမည်။ အကြံအစည်သစ်၊ အလုပ်အကိုင်သစ်များ လုပ်လို လျှင် လုပ်၍ရမည်။ မိဘ၊ ဆရာသမားများထံမှ အကူအညီတောင်းလျှင် ဝမ်းမြောက်ဝမ်းသာကူညီ ကြလိမ့်မည်။
စီးပွားရေးသမားဖြစ်ပါက အရောင်း အဝယ်ကောင်းမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုး မည်။ လူပျို၊အပျိုဖြစ်ပါက စန်းပွင့်၍စွံကာ အိမ် ထောင်ပြုချင်လျှင် ပြုလို့ရမည်။ လာဘ်လာဘ အစု လိုက်အပြုံလိုက် ရနိုင်မည်။ ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေမည်။
မိတ်ဆွေအပေါင်းအသင်းကောင်း များတွေ့မည်။ အကယ်၍ မိမိပိုင်ပစ္စည်းပျောက်လျှင် ပြန်ရမည်။ ယခင်က ဆုံးရှုံးခဲ့သော အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များ ပြန်ရမည်။ အိမ်ထောင်ရှိလျှင် သားသမီးရတနာထွန်းကားမည်။ ထီထိုးလျှင် ထီ ပေါက်မည်။ အမွေအနှစ်များလည်း ရနိုင်သည်။

အကုသလအတန်းရောက်သက်အတွက်ဟောကိန်း

အကုသလအတန်းရောက်ချိန်မှာ ကံနိမ့်နေ သည်။ အညံ့ထဲသို့ရောက်နေသောကာလဖြစ်၏။ အစစအရာရာ သတိထားပါ။ သူတစ်ပါးက ဒုက္ခပေး လိမ့်မည်။ ဒေါသရှေ့ထားလျှင် ခိုက်ရန်ဒေါသဖြစ် မည်။ အမှုအခင်းဖြစ်မည်။ ခရီးသွားလာပြီး စီးပွား ရှာဖွေလျှင် အကျိုးမပေးပါ။ စကားများရမည်။ ရန် ဖြစ်မည်။ လုပ်ငန်းကိုင်ငန်းတွင် အထင်မြင်လွဲမှား မည်။ မိမိရစရာများ မရဘဲဖြစ်နေမည်။
ဤအချိန်တွင် အိမ်ထောင်ပြုရန်ကြံစည်ပါက သဘောမတူဘဲ ယူရမည်။ အိမ်ပြောင်း၊ နေရာ ပြောင်း အကျိုးမပေးပါ။ အလုပ်ထဲမှာ အနှိမ်ခံရ မည်။ မိမိရရှိပြီးသားအခွင့်အရေးများ လက်လွတ် ဆုံးရှုံးမည်။ မိမိရပိုင်ခွင့် အခွင့်အရေးများ ရလုဆဲဆဲ တွင် ပြိုင်ဘက်ပေါ်လာလိမ့်မည်။ သားသမီးရှိပါက သားသမီးကြောင့် စိတ်ညစ်ရမည်။ အကယ်၍မိမိပိုင် ပစ္စည်းပျောက်လျှင် ပြန်မရတတ်ပါ။ သူတစ်ပါးကို ငွေလက်လွတ်ပေးထားလျှင် ပြန်မရနိုင်ပါ။ လူလိမ်ခံ ရမည်။ အရင်းအနှီး များများစားစားနှင့်လုပ်ငန်းကြီး လုပ်လျှင် ငွေကုန်ကြေးကျများသလောက်အကျိုး မပေးပါ။

အဗျာကတအတန်းရောက်သက်အတွက်ဟောကိန်း

အလွန်အမင်းညံ့နေရာက မျှော်လင့်ချက် ရောင်ခြည်မြင်ရပြီး တဖြည်းဖြည်း ကံကောင်းလာ မည်။ မိမိကြံစည်သမျှ ကိုယ်စွမ်းဉာဏ်စွမ်းထုတ်ပြီး ကြိုးစားလျှင် ရနိုင်လာသည်။ သူတစ်ပါးနှင့်ယှဉ်လျှင် မျက်နှာမငယ်ရတော့ပါ။ သို့သော် အနိုင်မရနိုင်သေး။ ချစ်သူထားချင်လျှင် ထား၍ရသည်။ သားသမီး လိုချင်လျှင် ရမည်။ စီးပွားရေး ကောင်းစပြုနေပါပြီ။ လုပ်ငန်းများ အစပျိုးတည်ထောင်၍ရနိုင်ပြီ။ မိမိခရီး သွားလိုပါက သွားပါ။ အပျော်ခရီးသွားလို့ရသည်။ အကယ်၍ ပစ္စည်းပျောက်လျှင် ပြန်ရနိုင်သည်။ ရှာပါ။ သူတစ်ပါးကို ငွေကြေးလက်လွတ်ပေးထား လျှင်လည်း ပြန်ရနိုင်သည်။ မိန်းမယူလိုပါက ယူလို့ ရမည်။ သူတစ်ပါးထံ အကူအညီတောင်းလျှင် ရနိုင် မည်။ မိဘဆရာသမားများထံ အကူအညီတောင်း လျှင်လည်း လိုလိုလားလား ကူညီလိမ့်မည်။ ရည်မှန်းချက်များ အောင်မြင်ရန် လမ်းစမြင်လာမည်။ အဓိဋ္ဌာန်ပြု၍လုပ်ဆောင်ပါ။ ကံကောင်းစပြုလာပြီ ဖြစ်၏

ရေးသားသူ – credit

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။