မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို စစ်တပ်က မီးရှို့မှု နေအိမ်များပြာကျ၊ မီးရှို့ခဲ့သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးthayဆုံး

Local News

မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို စစ်တပ်က မီးရှို့မှု နေအိမ်များပြာကျ၊ မီးရှို့ခဲ့သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို စစ်တပ်က မီးရှို့မှု နေအိမ်များပြာကျ၊ မီးရှို့ခဲ့သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း ကိုတိုက်ဂါး MUA (မြောင် ပြည်သူ့ တပ်မတော်)က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။


ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြောင်နယ် ကျောက်ရစ်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘုံသာရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီး အိမ်မွေး တိရိစ္ဆာန်များကိုလည်း thetဖြတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်က ရွှေဘုံသာကျေးရွာကို မီးရှို့ပြီး စခန်းချနေသော ကျောက်ရစ် ရဲစခန်းကို ပြန်လာစဥ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၆ ဦးthayဆုံးခဲ့ကြောင်း၊ thayဆုံးသွားသော စစ်သား အလောင်းများကို မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လာရောက် ကောက်ယူသွားပြီးနောက် ကျောက်ရစ် သုဿန်တွင် သဂြိုလ်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နယ်ခံ PDF များနှင့် အတူ 11 BRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုတိုက်ဂါး MUA ( မြောင် ပြည်သူ့ တပ်မတော်)က ထုတ်ပြန်ထားသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။