မတ္တရာ-စစ်ကိုင်း မြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ်က ညအချိန် စစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ ထွက်ပြေးရ

Local News

မတ္တရာ-စစ်ကိုင်း မြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ်က ညအချိန် စစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ ထွက်ပြေးရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မတ္တရာ-စစ်ကိုင်း မြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ်က ညအချိန် စစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ ထွက်ပြေးရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့်စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်း ဖက် စစ်တပ်က ညအချိန် စစ်ကြောင်းထိုးနေကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် မန္တလေးတိုင်း မတ္တရာမြို့နယ် ဧရာ၀တီမြစ်ရိုး တစ်လျောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ညအချိန် ဆောင်းတွင်းကာလ ထွက်ပြေးနေရသည့် အပြစ်မဲ့ ပြည်သူများ။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အတွင်းရှိ ချောင်းမကြီးကျေးရွာ၊ အုန်းသဇင်ကျေးရွာ၊ မြေတိုင်း ကျေး ရွာ၊ ထိပ်ဆူကုန်းကျေးရွာ၊ ထုံးဘိုကျေးရွာ၊ ကသဲတာကျေးရွာနှင့် မသီလီကျောင်းကျေးရွာတို့မှ ဒေသခံ ပြည်သူများနှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အတွင်းရှိ ရောက်မဆုပ်ကျေးရွာ၊ ရွှေခဲပြန် ကျေးရွာ၊ အိုင့်ဒိုင်ကျေးရွာ၊ သုံးဆယ်ပေးကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ဆုပေါင်းကျွန်းကျေးရွာ၊ ဒင်းဂါးကျွန်း ကျေးရွာ၊ ဒေါင်းကျွန်းကျေးရွာနှင့် ရွှေဘိုးကြီးကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
” စစ်ကောင်စီ တပ်က lat natကြီးတွေနဲ့ ရမ်းပစ်နေလို့ မတ္တရာနဲ့ စစ်ကိုင်းမြို့နယ် အစပ် ရွာတွေက ပြည်သူတွေ ဘေးလွတ်ရာကို ပြေးရတယ်။ ပြည်သူတွေ ၁၈ ဦးနဲ့ ၁၉ ဦးလောက် ဖမ်းဆီးခံရတယ် သိရပေမယ့်လည်း အတည်မပြုနိုင်သေးဘူး။ ညဘက်ကြီး ပြေးနေရတာဆိုတော့ လက်ရှိ အခြေ အနေတွေကို အတည်ပြုဖို့ခက်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။