ဆွစ်ဇာလန်က ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံ တက်ရန် တရားမဝင် မြန်မာ အကြမ်းဖက် စစ်ကောင်စီကို ဖိတ်ကြားထားမှု ပြန် လည်ရုပ်သိမ်း

Local News

ဆွစ်ဇာလန်က ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံ တက်ရန် တရားမဝင် မြန်မာ အကြမ်းဖက် စစ်ကောင်စီကို ဖိတ်ကြားထားမှု ပြန် လည်ရုပ်သိမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ဆွစ်ဇာလန်က ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံ တက်ရန် တရားမဝင် မြန်မာ အကြမ်းဖက် စစ်ကောင်စီကို ဖိတ်ကြားထားမှု ပြန် လည်ရုပ်သိမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၈

ဆွစ်ဇာလန်နိုင်ငံက မြန်မာအကြမ်းဖက် စစ်ကောင်စီကို ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒီညီလာခံဟာ Global Partnership for Effective Development Co-operation (GPEDC) ကစီစဥ်ခဲ့တာ ဖြစ်ပါတယ်။ GPEDC ဆိုတာကတော့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးသူတွေ၊ အစိုးရတွေ၊ UNDP၊ OECD၊ ဖွံ့ဖြိုးရေးဘဏ်တွေ၊ လွှတ်တော်အမတ်တွေ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ကြတဲ့ ကဏ္ဍစုံကွန်ရက်တစ်ခုပဲ ဖြစ်ပါတယ်။

Swiss Agency for Development and Cooperation (SDC) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ သံအမတ်ကြီး Thomas Gass က သူရဲ့ GPEDC ပူးတွဲဥက္ကဌ လုပ်ပိုင်ခွင့်ကိုသုံးပြီး တရားမဝင်စစ်အုပ်စုက အပိုင်စီးထားတဲ့ ဂျနီဗာမြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းမစ်ရှင် ကတဆင့် မြန်မာစစ်အုပ်စုကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်တဲ့ သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တကယ်တော့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (HRC) က မြန်မာနိုင်ငံ အမြဲတမ်းမစ်ရှင် အဖွဲ့ဝင်တွေကို မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စား လှယ်တွေ မဟုတ်တဲ့အတွက် ၂၀၂၁ ခုနှစ်ကတည်းက လူ့အခွင့်အရေး ကောင်စီ မှာ ပေးမတက်ဘဲ ပိတ်ထားခဲ့တာပါ။
နိုင်ငံတကာ တရားဝင်မှုကို အာသာငမ်းငမ်း လိုချင်နေတဲ့ စစ်ကောင်စီ ဘက် ကတော့ အဆိုပါညီလာခံမှာ ၄င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားရေး ဆက်ဆံရေး လက်ထောက်ဝန်ကြီး ဒေါက်တာဝါဝါမောင်ကို အွန်လိုင်းကနေ တက်ရောက်စေဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး Justice For Myanmar က သံအမတ်ကြီး Gass ကို စာရေးသားပေးပို့မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ထိပ်သီး ညီလာခံကနေ တရားမဝင် မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားတာကို ပယ်ဖျက် ပေးဖို့နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ညီလာခံ တက်ရောက်ရန် ဖိတ်ကြားဖို့ သံအမတ်ကြီး Gass ကို တောင်းဆိုခဲ့တယ်လို့ JFM ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဖော်ပြပြီး မကြာမှီ ဒီဇင်ဘာ ၇ ရက်ညပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာ လန်သံရုံးက ဂျီနီဗာမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ ၁၄ ရက်အထိ ကျင်းပမယ့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံကို တက် ရောက်ဖို့ ဖိတ်ကြားမှုမှာ မြန်မာနိုင်ငံမပါဝင်ဘူးလို့ ကြေညာချက် ထုတ် ပြန်ခဲ့ပါတယ်။


အဆိုပါထုတ်ပြန်ချက်ထဲမှာ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ကုလသမဂ္ ဂကအသိအမှတ်ပြုထားတဲ့ အစိုးရ အဖွဲ့ကိုယ်စားလှယ်တွေကို ဖိတ်ကြားမှာ ဖြစ်ပြီး မြန်မာနိုင်ငံတော့ မပါဝင်ဘူးလို့ ဖော်ပြထားတာပါ။
ဒီလို ထိပ်သီးညီလာခံကို မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ ဆွစ်ဇာလန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Justice for Myanmar က ယနေ့ ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Justice for Myanmar အဖွဲ့ရဲ့ ယခင်ထုတ်ပြန်ချက်မှာတော့ ဆွစ်ဇာလန် အစိုးရ ကနိုင်ငံတကာဥပဒေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတန်ဖိုးတွေကို လက်ကိုင်ထားရမယ့်အစား စစ်အုပ်စုနဲ့ လက်တလော ထိတွေ့ဆက်ဆံ တာ တွေ နဲ့ ရှေ့ဆက်ထိတွေ့ဆက်ဆံသွားဖို့ ကြုးစားတဲ့ လုပ်ရပ်တွေဟာ တရား မဝင် စစ်အုပ်စုကို တရားဝင်မှု ပေးတာဖြစ်ပြီး၊ ဒါဟာစစ်အုပ်စုကို စစ်ရာဇ၀တ် မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေ အတွက် အရေးယူအပြစ်ပေးခံရခြင်း တစုံတရာမရှိတဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး ကျူးလွန်ဖို့ အတင့်ရဲစေမှာ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် GPEDC အနေနဲ့ UN စနစ်အတွင်း မြန်မာနိုင်ငံပြည်သူတွေကို ကိုယ် စား ပြုနိုင်တဲ့ အခွင့်အာဏာရှိသူ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ညီလာခံသို့ ဖိတ်ကြားရမှာဖြစ်ပြီး၊ ဆွစ်ဇာ လန်အစိုးရအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထောက်ခံခြင်းဖြင့် ၄င်းတို့ရဲ့ ဒီမိုကရေစီတန်ဖိုးတွေနှင့်အညီ လိုက်နာလုပ်ဆောင်ရမယ့်အချိန် ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန် တောင်းဆိုထားပါတယ်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။