ထိုင်းပင်လယ်ပြင်အနီး မျောပါနေတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော်ကို မြန်မာရေတပ်သွားရောက်ခေါ်ဆောင်

Local News

ထိုင်းပင်လယ်ပြင်အနီး မျောပါနေတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော်ကို မြန်မာရေတပ်သွားရောက်ခေါ်ဆောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ထိုင်းပင်လယ်ပြင်အနီး မျောပါနေတဲ့ ရိုဟင်ဂျာတစ်ရာ‌ကျော်ကို မြန်မာရေတပ်သွားရောက်ခေါ်ဆောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားသွားမယ့်သူတွေလို့ ကနဦးသိရ

မြိတ်မြို့အနောက်တောင်ဘက် ထိုင်းပင်လယ်ပြင်အနီးမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၅၄ ဦးကို မြန်မာရေတပ်က မနေ့ ဒီဇင်ဘာ ၇ ရက် ညက သွားရောက်ခေါ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်သင်္ဘောပေါ်မှာပဲ ရှိသေးတဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံက သိရပါတယ်။

ကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့ဌာနက သင်္ဘော နှစ်စင်းက ကနဦးသွားရောက် ကယ်ဆယ်ခဲ့ပြီးမှ မြန်မာရေတပ်ကို သတင်းပို့ခဲ့တာလို့သိရပါတယ်။

“ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကနေ အင်ဒိုနီးရှားသွားမယ့်သူတွေလို့ ကနဦးသိရတယ်။ UNHCR ကတ်တွေ ကိုင်ထားတယ်’ လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီရဲ့မေးမြန်းချက်ကို ဖြေကြားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရှိချက်တွေကို ဆက်လက်ထုတ်ပြန်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက်တင်ဆောင်ထားတဲ့ စက်လှေတစ်စင်းဟာ ထိုင်းနိုင်ငံအနီးက ပင်လယ်ပြင်ထဲမှာမျောနေခဲ့တာ တစ်ပတ်နီးပါးရှိပြီဖြစ်တဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေးအဖွဲ့၀င်တစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက ဘီဘီစီကို မနေ့ကပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အယောက် ၁၈၀ တင်ဆောင်လာတဲ့ နောက်ထပ် လှေတစ်စင်းက နိုဝင်ဘာလ ၂၅ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားစဉ် စက်ချို့ယွင်းသွားခဲ့ပြီး လောလောဆယ် ပင်လယ်ထဲမျောနေကြောင်းလည်း ဦးအောင်ကျော်မိုးက သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့ ဒီဇင်ဘာ ၈ ရက်မနက်က ရေးသားထားပါတယ်။

ရိုဟင်ဂျာတွေဟာ ရေလမ်းကရော ကုန်းလမ်းကပါ နေရပ်စွန့်ခွာမှုတွေရှိနေပြီး ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ရန်ကုန်မြို့လှည်းကူးမှာ ရိုဟင်ဂျာ ၇၀ ဦး အဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် လှည်းကူးမြို့နယ်ထဲက ငွေနံ့သာ ကျေးရွာမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့အလောင်းကို လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။