မြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက် WFP ကို ဥရောပသမဂ္ဂ ယူရို ၆ သန်းကျော်ထောက်ပံ့

International News Local News

မြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက် WFP ကို ဥရောပသမဂ္ဂ ယူရို ၆ သန်းကျော်ထောက်ပံ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့မြန်မာနိုင်ငံစားနပ်ရိက္ခာဖူလုံရေးအတွက် WFP ကို ဥရောပသမဂ္ဂ ယူရို ၆ သန်းကျော်ထောက်ပံ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စားနပ်ရိက္ခာမဖူလုံမှု၊ ပြတ်လပ်မှုတွေ ကြုံတွေ့နေရတဲ့ လူ ၁၅ သန်းရှိနေတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးအပ်နိုင်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကို ဥရောပသမဂ္ဂက ယူရိုငွေ ခြောက်သန်းခွဲ ထောက်ပံ့ပေးအပ်လိုက်ပါတယ်။

စားသောက်ကုန်စျေးနှုန်းတွေနဲ့ လောင်စာဆီ စျေးနှုန်းမြင့်တက်မှုကြောင့် မြန်မာလူထုဟာ ဆန်နဲ့ ဟင်းချက်ဆီကိုတောင် လက်လှမ်းမီ ဝယ်ယူစားသောက်နိုင်ဖို့ ခက်ခဲလာသလို နိုင်ငံတွင်း နေရာအနှံ့အပြားမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေကြောင့် ထောက်ပံ့ရေးကွင်းဆက်တွေပြတ်တောက်မှုကလည်း သန်းနဲ့ချီတဲ့လူထုရဲ့ နေ့စဉ်စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်နေတယ်လို့ဆိုပါတယ်။


WFP ကတော့ အီးယူက ပေးတဲ့ ဒီထောက်ပံ့ရေးအကူအညီတွေကို အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြေပြင်မှာ ပူးပေါင်းပြီး ပဋိပက္ခဒဏ်ကို ထိခိုက်ခံစားရတဲ့ ဒေသတွေအပါအဝင် အကူအညီအလိုအပ်ဆုံး အိမ်ထောင်စုတွေကို အစားအစာနဲ့ ငွေကြေး၊ အာဟာရဆိုင်ရာ ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ဒီထောက်ပံ့မှုတွေကို ရန်ကုန်မြို့ကဆင်ခြေဖုန်းဒေသက ဆင်းရဲတဲ့မိသားစုတွေ၊ နယ်စပ်ဒေသတွေနဲ့ နိုင်ငံရဲ့အရှေ့တောင်ပိုင်းနဲ့မြောက်ပိုင်းက လူ ရှစ်သိန်းကျော်ဆီ ဖြန့်ဝေပေးမှာဖြစ်ပါတယ်။

WFP, EU, humanitarian assistance

ရန်ကုန်မြို့ခံ မိသားစုတစ်စု မြင်ကွင်း

၂၀၂၂ ခုနှစ်ကစလို့ WFP ဟာ နိုင်ငံတဝန်းက လူ ၃ သန်းကျော်ကို အစားအစာ၊ အာဟာရနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေပြုလုပ်ထားပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။