နျူကလီးယားတင်းမာမှုများ မြင့်တက်နေသော်လည်း ရုရှအနေဖြင့် နျူlat nat များကို အရင်စသုံးမည် မဟုတ်ဟု ပူတင် ပြော

International News Local News

နျူကလီးယားတင်းမာမှုများ မြင့်တက်နေသော်လည်း ရုရှအနေဖြင့် နျူlat nat များကို အရင်စသုံးမည် မဟုတ်ဟု ပူတင် ပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့နျူကလီးယားတင်းမာမှုများ မြင့်တက်နေသော်လည်း ရုရှအနေဖြင့် နျူlat nat များကို အရင်စသုံးမည် မဟုတ်ဟု ပူတင် ပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နျူကလီးယားlat natဆိုင်ရာ တင်းမာမှုများ မြင့်တက်နေသော်လည်း ယူကရိန်းစစ်ပွဲတွင် ရုရှဘက်က နျူlat natများကို အရင်ဆုံး စသုံးမည် မဟုတ်ကြောင်း ရုရှသမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၇ ရက်တွင် ပြောသည်။

နျူlat natများကို အရင်ဆုံး စပြီး သုံးရအောင် မိမိတို့ မရူးသေးကြောင်း ပူတင်က အခိုင်အမာ ပြောသည်။

ပူတင်၏ ရုရှတပ်ဖွဲ့များက ၎င်းတို့အခေါ် စစ်ဖက်စစ်ဆင်ရေးဆိုသည်ကို ယူကရိန်းတွင် စတင်ခဲ့ပြီးနောက် ကိုးလကျော်ရှိလာချိန်တွင် ပဋိပက္ခစစ်ပွဲက အချိန်ရှည်ကြာနိုင်ကြောင်း ပူတင်က သတိပေးသည်။

ရုရှတပ်များသည် ဖေဖေါ်ဝါရီလနောက်ပိုင်း ၎င်းတို့၏ အဓိကစစ်ရေး ရည်မှန်းချက် အများစုကို မအောင်မြင်ဘဲ လွဲချော်ထားခဲ့သည့်အတွက် စစ်မြေပြင်ဆိုင်ရာ မတိုးသာ မဆုတ်သာ အခြေအနေတွင် ရုရှအနေဖြင့် အဆုံးစွန်တွင် နျူlat natများကို ထုတ်သုံးလာနိုင်သည် ဆိုသည့် စိုးရိမ်ပူပန်မှုများကို မြင့်တက်စေလျက် ရှိသည်။

“ကျွန်တော်တို့ မရူးသေးပါဘူး။ နျူကလီးယားlat nat တွေက ဘာလဲဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ပူတင်က ဒီဇင်ဘာ ၇ ရက်တွင် ၎င်း၏ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ခု၌ ပြောသည်။

“ကျွန်တော်တို့ဟာ ကမ္ဘာပတ်ပြီး ဒါတွေနဲ့ ဒေါသတကြီး လိုက်ရမ်းနေမှာ မဟုတ်ပါဘူး”
သို့သော် တင်းမာမှုများ မြင့်တက်နေကြောင်း ပူတင်က ဝန်ခံခဲ့သလို ယင်းကဲ့သို့သော ခြိမ်းခြောက်မှုတစ်ခုက မြင့်တက်နေသည်ဟု ပြောသည်။

သို့သော် ရုရှအနေဖြင့် ရန်သူ၏ တိုက်ခိုက်မှုတစ်ရပ်ကို ပြန်တုံ့ပြန်သည့်အနေဖြင့်သာလျှင် နျူlat nat ကို အသုံးပြုမည်ဟု ပူတင်က ပြောသည်။

“ကျွန်တော်တို့ကို လာပြီး တိုက်ခိုက်ရင်တော့ ကျွန်တော်တို့ကလည်း ပြန်တိုက်ခိုက်မှာပေါ့” ဟု ပူတင်က ပြောသည်။ မော်စကို၏ မဟာဗျူဟာသည် လက်တုံ့ပြန် တိုက်ခိုက်မှု မူဝါဒတစ်ခုအပေါ် အခြေတည်သည်ဟု သူက ပြောသည်။

“ဘယ်အခြေအနေမျိုးအောက်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒါကို အရင်ဆုံး စမသုံးဘူး ဆိုပေမယ့် ကျွန်တော်တို့က ဒါတွေကို သူများရဲ့နောက် ဒုတိယနေရာကနေ သုံးမှာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နယ်နိမိတ်ကို နျူကလီးယား တိုက်ခိုက်မှု ဖြစ်လာခဲ့ရင် ဒါတွေကို အသုံးပြုမှုရဲ့ အလားအလာက အင်မတန်အကန့်အသတ်ရှိလို့ပါ” ဟု ပူတင်က ပြောသည်။

ပူတင်၏ မှတ်ချက်စကားများအပေါ် အမေရိကန်က ချက်ချင်း ဝေဖန်ပြစ်တင်သည်။

“နျူlat natတွေနဲ့ပတ်သက်လို့ ပေါ့ပေါ့လျော့လျော့ ပြောဆိုမှုတွေက တကယ့်ကို တာဝန်မဲ့ရာကျတယ်လို့ မိမိတို့ ထင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က သတင်းထောက်များကို ပြောသည်။

ရေးသားသူ – Mizzima

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။