ရာထူးတိုးတတ်ရန် မြဲရန်ယတြာများ

Astrology

ရာထူးတိုးတတ်ရန် မြဲရန်ယတြာများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရာထူးတိုးတတ်ရန် မြဲရန်ယတြာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ယတြာ၏သဘောတရားသည် မူလကံမြင့်မာနေဘို့လိုအပ်လှတယ် မူလကံမြင့်မားစေရန် ဆန်းတိုင်အရ တန်းစီတိုင်ထိပ်ယတြာပြုလုပ်ခြင်း တေဇအရပ်တွင် သဲပုံစေတီ သို့မဟုတ် စေတီတည်ထားကိုးကွယ်ခြင်း မိမိ၏တေဇအရပ်တွင် ဘုရား ကျောင်း သိမ် ဇရပ် ရေတွင်းရေကန် စသောမိမိတတ်နိုင်သည့် ကုသိုလ်ကောင်းမူ ပြုလုပ်ရန်ပင်ဖြစ်ပါတယ်။

#တနဂ်နွေသားသမီးများ၏တေဇအရပ်…..အနောက်အရပ်

​#တနလ်ာသားသမီးများ၏..တေဇအရပ်..အနောက်မြောက်အရပ်

#အဂ်ါသားသမီးများ၏..တေဇအရပ်…မြောက်အရပ်

#ဗုဒ္ဓဟူးသားသမီးများ၏တေဇအရပ်..အရှေမြောက်အရပ်

#ကြာသာပတေးသားသမီးများ၏တေဇအရပ်…အရှေ့တောင်အရပ်

#သောကြာသားသမီးများ၏..တေဇအရပ် မနောက်တောင်အရပ်

#စနေသားသမီးများ၏..တေဇအရပ်…အရှေ့အရပ်

#ရာဟုသားသမီးများ၏တေဇအရပ်…တောင်အရပ်


အဂ်ဝိဇ္ဇာနည်းပညာအရ…တြိရမ်းတွဲ စတုရမ်းတွဲဓါတ်ပန်းများလှုခြင်းတို့ကိုပြုလုပ်ရမယ်။
တြိရမ်း စတုရမ်းမှာမိမိမွေးနဲမှ ၃.ခုမြောက် ၄ ခုမြောက်နံတွဲများဖြစ်ပါတယ်။
ဥပမာ….အဂ်ါသားသမီးဆိုလျှင်အဂ်ါတိုင်ကိုထူသော်
အောက်တွင် သောကြာ တနလ်ာ ကြာသပတေးနံများကိုတွေ့ရမည် အပေါ်တွင် တနဂ်နွေ ဗုဒ္ဓဟူး စနေနံများတွေ့ရမည်။ အဂ်ါတိုင်အပေါ်မှ တနဂ်နွေနှင့်အောက်ဆုံးမှကြာသပတေးတွကိုတြိရမ်းတွဲဟုခေါ်ပါတယ်။
အဂ်ဝိဇ္ဇာ ဋီကားကြီးကျမ်း အဆိုအမိန့်အရ(သစ်ဆိမ့်တွဲ)ဟုခေါ်ပါတယ်။တိုင်ထိပ်ရှိစနေနှင့်အောက်တန်းကပ်သောကြာတွဲကို စတုရမ်းတွဲလို့ခေါ်ပါတယ်။၎င်းကို(ပန်းယျတွဲ)ဟုခေါ်ပါတယ်ဒါကတော့ပညာကိုရှင်းပြတာပါ။
#တနဂ်နွေသားသမီးများအတွက်
မရမ်း၊သဇင်

#တနလ်ာသားသမီးများအတွက်
သဖန်း၊ဒူးရင်း

#အဂ်ါသားသမီးများအတွက်
အောင်မဲဖြူ၊

#ဗုဒ္ဓဟူးသားသမီးများအတွက်
အုံးနှဲ၊ကသစ်

#ကြာသပတေးသားသမီးများအတွက်
ကြီးအာ၊စွယ်တော်

#သောကြာသားသမီးများအတွက်
စကား၊ဝင်အူ

#စနေသားသမီးများအတွက်
မကျီး၊လေညှင်းများပင်ဖြစ်ပါတယ်

တိုင်တွင်တွဲပြထားသောဂြိုဟ်များကိုကြည့်၍မိမိဒေသနယ်ပယ်ရှိ ဓါတ်ပန်း ဓါတ်သစ်ပင်သစ်ရွက် အညွန့်အခက်တို့ကိုကောက်ယူ၍ ၎င်းနံတွဲအပင်များကို မိမိအိမ်ရှေ့ လုပ်ငန်းရှေ့မျက်နှာစာတွင်၎င်း သီရိအရပ်..တေဇအရပ်တို့တွင်၎င်း စိုက်ထားခြင်းဖြင့် လုပ်ငန်း၊ရာထူးတိုးခြင်း စီးပွားတိုးခြင်းများရရှိပါတယ်….

ရေးသားသူ – ဆရာမမြတ်-ဝတ်မူံဦး ဆဋ္ဌမအာရုံဂမ္ဘီရဝေဒပညာရှင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။