“အကြွေးကျေ ယတြာ”

Astrology

“အကြွေးကျေ ယတြာ”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အကြွေးကျေ ယတြာ” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယခုကာလအချိန်တွင် အနည်း နှင့် အများ ဒုက္ခနှင့် အခက်အခဲတော့ ရှိကြပါသည်။ ရလိုစိတ်ကိုအခြေမခံပဲ သဒ္ဓါစိတ်ဖြင့်သာ စွဲမြဲယုံကြည်စွာဖြင့် လုပ်ပါ။
အမှန်တကယ် ပေးဆပ်လိုစိတ်လေးတော့ ရှိရပါမည်။
လက်တွေ့ အကျိုးပေးပါသည်။

အိမ်ဘုရားတွင် သောက်တော်ရေ၊ဆီမီးလှူပါ။
ငါးပါးသီလယူပါ။ ခင်ပွန်းကြီးဆယ်ပါး ကန်တော့ပါ။
ပုံတွင်ပါသော ဂါထာကို နေ့စဉ် ဆယ်ခေါက်ပူဇော်ပါ။
အကြွေးပေးရမည့်သူအား ကျေးဇူးတင်စိတ်ဖြင့် မေတ္တာပို့ပါ။

တနင်္လာနေ့တွင် ခွေးစာ၊ခိုစာ၊ငါးစာ မိမိနိုင်တတ်နိုင်သလိုကျွေး၍ ကုသိုလ်ပြုပါ။

စနေနေ့တိုင်း ခြေသည်းလက်သည်းညှပ်ပါ။ငွေတွေဝင်ပါစေအကြွေးတွေ အမြန်ဆပ်နိုင်ပါစေလို့ပြောပါ၊မြောက်အရက်ကိုမျက်နှာမူပီးညှပ်ပါ ဆုတောင်းပါ။

မိမိအိမ်၏ ဘုရားတွင် ဆန်ကို ဖန်ခွက်မောက်မောက် ဖြင့်ထည့်ပါ။ အဆင်ပြေသောဖန်ခွက်ပါ။ ပိုက်ဆံတစ်ထောင်ကိုကန်တော့ချွန်လုပ်ပြီး ဆန်ခွက်မှာစိုက်ထားပါ။
ဤဆန်ငွေခွက်ကိုဘုရားမှာကပ်လှုထားပါ။
ဆန်ကိုတပတ်တစ်ကြိမ်လဲပေးပါ။
တစ်ပတ်ပြည့်ရင် ဆန်ကို ဆွမ်းဆန်လောင်းပါ။
ပိုက်ဆံကို ဘုရားအတွက်လိုအပ်သော ပန်း၊ဆီမီး၊အမွှေးတိုင် ဝယ်နိုင်သလို ရဟန်းသံဃာတော်များ မယ်သီလရှင်များကိုလည်း လှူဒါန်း နိုင်သည်။

မိမိပြုသော ကုသိုလ်တို့ကို ၃၁ဘုံ အမျှပေးဝေ၍ သစ္စာပြုဆုတောင်းပါ။ ဤကုသိုလ်ကံ အထောက်အပံ့ဖြင့် ဤတင်ရှိသော အကြွေးတို့အား အမြန်ဆုံးကျေအောင်ဆပ်နိုင်သောကိုယ်ဖြစ်ရပါစေ လို့ဆုတောင်းပါ။

ယုံကြည်၍ ကပ်လှူပူဇော်၊ပြုလုပ်သော ခုနှစ်ရက်ရှစ်နေ့နံသားသမီးအပေါင်း ကံကြွေး၊ဝဋ်ကြွေး၊ငွေကြွေး ကင်းလွတ်ငြိမ်း၍ စိတ်၏ချမ်းသာခြင်းကို ရရှိကြပါစေ

ရေးသားသူ – မေဘုန်းထက်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။