ချမ်းသာတဲ့မိသားစုမှာ မွေးဖွားရတာက ကောင်းတဲ့အရာမဟုတ်တာကို ဇာတ်လမ်းအသစ်မှာ ပါဝင်ရင်း နားလည်လိုက်ရတယ်ဆိုတဲ့ ဆောင်ဂျွန်ကီ

Celebrity

ချမ်းသာတဲ့မိသားစုမှာ မွေးဖွားရတာက ကောင်းတဲ့အရာမဟုတ်တာကို ဇာတ်လမ်းအသစ်မှာ ပါဝင်ရင်း နားလည်လိုက်ရတယ်ဆိုတဲ့ ဆောင်ဂျွန်ကီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ချမ်းသာတဲ့မိသားစုမှာ မွေးဖွားရတာက ကောင်းတဲ့အရာမဟုတ်တာကို ဇာတ်လမ်းအသစ်မှာ ပါဝင်ရင်း နားလည်လိုက်ရတယ်ဆိုတဲ့ ဆောင်ဂျွန်ကီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမင်းသားချော ဆောင်ဂျွန်ကီဟာ သူ့ရဲ့နောက်ဆုံးထွက်ဒရာမာစီးရီး “Reborn Rich” Promotion လုပ်ဖို့အတွက် ဒီဇင်ဘာ ၆ ရက်နေ့ကတည်းက စင်ကာပူမှာ ရောက်ရှိနေခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာ ၇ ရက်နေ့က Resorts World Sentosa မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါတယ်။

ဆောင်ဂျွန်ကီက သတင်းစာရှင်းလင်းပွဲတစ်လျှောက်လုံး မေးသမျှမေးခွန်းတိုင်းကို အင်္ဂလိပ်လိုပဲ ဖြေကြားပေးခဲ့ပါတယ်။ မေးတဲ့မေးခွန်းတွေကို ကောင်းကောင်းနားမလည်တဲ့အခါမှသာ သူ့ရဲ့ဘာသာပြန်ကို အားကိုးခဲ့ရတာရှိပေမဲ့ ပေါ့ပေါ့ပါးပါးလေးပဲ မီဒီယာတွေကို တိုက်ရိုက်ဖြေကြားပေးခဲ့ပါတယ်။

ဆောင်ဂျွန်ကီကို သူ့ဒရမ်မာနဲ့ပတ်သက်ပြီး မေးခွန်းမေးတော့ Reborn Rich ဇာတ်ကားထဲက လူချမ်းသာအဖြစ် ပြန်လည်မွေးဖွားလာခဲ့တဲ့ ဇာတ်ကောင်နဲ့ ထပ်တူကျတဲ့ဘဝမျိုးမှာ နေထိုင်ရတာကို စိတ်မဝင်စားဘူးလို့ သူက ပြောပါတယ်။ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားရတာက ကောင်းမွန်တဲ့အရာမဟုတ်တာကို ဒီဇာတ်ကားမှာ ပါဝင်ရင်းနဲ့ သူ နားလည်လိုက်ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ရွေးချယ်မှုတစ်ခုရှိခဲ့မယ်ဆိုရင် သူ့ကိုယ်သူအဖြစ်နဲ့ပဲ ပြန်လည်မွေးဖွားဖို့ ရွေးချယ်ဖြစ်လိမ့်မယ်လို့လည်း အဆုံးသတ်ဖြေကြားသွားခဲ့ပါတယ်။ ဆောင်ဂျွန်ကီက သူ့ရဲ့သရုပ်ဆောင်မှုအပေါ် သုံးသပ်ချက်တွေကို ဖတ်ပါတယ်တဲ့။ သူ ဖတ်ခဲ့တဲ့ သုံးသပ်ချက် (၃) ခုကို မေးတဲ့အခါမှာ “ဆောင်ဂျွန်ကီ…မင်းက အရမ်းချောတာပဲ”ဆိုတဲ့ သုံးသပ်ချက်တွေထဲက တစ်ခုကိုပဲ ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲပြီးတဲ့နောက်မှာ သူ့ပရိသတ်တွေကို တွေ့ဆုံပေးခဲ့ပါတယ်။ သူ့ပရိသတ်တွေထဲက တချို့ဆိုရင် သူ့ကိုတွေ့ချင်လို့ မနက် ၆ ခွဲကတည်းက စောင့်ဆိုင်းနေခဲ့တာပါ။ သူက ပရိသတ်တွေအတွက် အချိန်ပေးပြီး လက်မှတ်ရေးထိုးပေးခဲ့ကာ လက်ဆွဲနှုတ်ဆက်ပေးခဲ့ပါတယ်။

ဆောင်ဂျွန်ကီက မြန်မာပရိသတ်တွေနှစ်ခြိုက်ခဲ့ကြတဲ့ “Descendants of the Sun”၊ “Vincenzo” အပါအဝင် နာမည်ကြီးဒရာမာတွေနဲ့ လူသိများပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး ထုတ်လွှင့်ပြသနေတဲ့ သူ့ရဲ့ဒရာမာအသစ် Reborn Rich ကတော့ အဓိကဇာတ်ကောင်ဖြစ်သူ အthetခံရပြီးနောက် သူ့ဝိဉာဉ်က အင်အားကြီးလုပ်ငန်းစု Soonyang Goup သူဌေးကြီးရဲ့အငယ်ဆုံးမြေးခန္ဓာကိုယ်ထဲဝင်ကာ နောက်တစ်ကြိမ်ပြန်မွေးဖွားလာခဲ့ပြီး သူ့ကို thetခဲ့တဲ့သူတွေကို ကလဲစားပြန်ချေတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။