မက်ဆီနှင့်အတူ အာဂျင်တီးနား ဆီးမီးဖိုင်နယ်ရောက်ပြီအိမ်ပြန်ရမည့်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့ခြင်းဖြစ် ဘရာဇီးလ်ကို အိမ်ပြန်စေခဲ့သည့် ခရိုရေးရှားနှင့် တွေ့မည်

Sports

မက်ဆီနှင့်အတူ အာဂျင်တီးနား ဆီးမီးဖိုင်နယ်ရောက်ပြီအိမ်ပြန်ရမည့်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့ခြင်းဖြစ် ဘရာဇီးလ်ကို အိမ်ပြန်စေခဲ့သည့် ခရိုရေးရှားနှင့် တွေ့မည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မက်ဆီနှင့်အတူ အာဂျင်တီးနား ဆီးမီးဖိုင်နယ်ရောက်ပြီအိမ်ပြန်ရမည့်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့ခြင်းဖြစ် ဘရာဇီးလ်ကို အိမ်ပြန်စေခဲ့သည့် ခရိုရေးရှားနှင့် တွေ့မည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဒုတိယကွာတားဖိုင်နယ်ပွဲစဉ်တွင် နယ်သာလန်အသင်းကို နာမည်ကျော် ဘောလုံးသမား မက်ဆီဦးဆောင်သည့် အာဂျင်တီးနားက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်တက်ရောက်သွားသည်။

ပထမပိုင်း ၃၅ မိနစ်တွင် မက်ဆီဖန်တီးပေးသည့် ဘောလုံးကို မိုလီနာကသွင်းယူကာ အာဂျင်တီးနား ဦးဆောင်ဂိုးရသည်။ ဒုတိယ ၇၃ မိနစ်တွင် အာဂျင်တီးနား ရရှိသည့် ပင်နယ်တီကို မက်ဆီပင်သွင်းယူ ခဲ့သည်။ ၈၃ မိနစ်တွင် နယ်သာလန်ချေပဂိုးရသော်လည်း အာဂျင်တီးနားက ထိန်းကစားနိုင်ခဲ့ရာ နှစ်ဂိုးတစ်ဂိုးရလဒ်ဖြင့်သာ ပွဲပြီးတော့မည်ဟု ထင်မှတ်ခဲ့ရသည်။

သို့သော် ထပ်ဆောင်းအချိန်ပို ၁၀ မိနစ်၏ နောက်ဆုံးမိနစ်ပိုင်းတွင် နယ်သာလန်အသင်းက ပြစ်ဒဏ်ဘောမှတဆင့် ဂိုးသွင်းယူလိုက်ရာ နှစ်ဂိုးစီသရေကျသဖြင့် အချိန်ပိုဆက်ကန်ရသည်။ မိနစ် ၃၀ အတွင်း အာဂျင်တီးနားအသင်းက ကြိမ်ဖန်များစွာ ထိုးဖောက်ကစားခဲ့သော်လည်း ဂိုးမရခဲ့ပေ။ပင်နယ်တီအဆုံးဖြတ်တွင် အာဂျင်တီးနားဂိုးသမားက နှစ်လုံးကာကွယ်ကာ ဆီးမီးဖိုင်နယ်အရောက် ပို့ဆောင်လိုက်နိုင်သည်။

နိုင်ငံ့လက်ရွေးစင်အသင်းနှင့်အတူ ကမ္ဘော့ဖလား မရဘူးသေးသည့် မက်ဆီအတွက် ဗိုလ်လုပွဲရောက်ရှိရန် အလွန်နီးကပ်နေပြီဖြစ်သည်။ ဒီဇင်ဘာ ၁၄ ရက်တွင် ခရိုရေးရှားအသင်းနှင့် အာဂျင်တီးနားတို့ ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်သည်။
ဗိုလ်စွဲရန် အထူးရေးပန်းစားနေသည့် နာမည်ကျော် ဘရာဇီးလ်အသင်းမှာ ခရိုရေးရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် အိမ်ပြန်သွားခဲ့ရပြီဖြစ်ရာ လက်ကျန် တောင်အမေရိကအသင်းကြီး အာဂျင်တီးနားအနေဖြင့် ကမ္ဘာ့ဖလားချန်ပီယံ ပြန်ဖြစ်မလားစောင့်ကြည့်ရမည်ဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။