နေရင်းထိုင်ရင်း စန်းပွင့်တတ်သော ရာသီခွင်များ

Astrology

နေရင်းထိုင်ရင်း စန်းပွင့်တတ်သော ရာသီခွင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေရင်းထိုင်ရင်း စန်းပွင့်တတ်သော ရာသီခွင်များ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေရင်းထိုင်ရင်း စန်းပွင့်တတ်သော ရာသီခွင်များ
1. Virgo

Virgo Zodiac sign: Key personality traits, season, dates, explained

Virgo တွေရဲ့ စန်းက နေရင်းထိုင်ရင်းကို ဆွဲဆောင်မှုအားကောင်းချက်က ဆူပုပ်နေရင်တောင် ဆူပုပ်တာလေးကို ချစ်တယ်ဆိုတဲ့သူတွေဝိုင်းနေတတ်ပါတယ်။ ဆက်ဆံရေးအရာမှာ ချေတတ်ပြီး အေးစက်သလိုအပြင်ပိုင်းမှာ ပြတတ်ပေမဲ့ တကယ့်စိတ်ရင်းဖြစ်တဲ့ ပွင့်လင်းနွေးထွေးပြီး ထက်မြက်ပုံလေးကို တစ်ခါမြင်ရုံတင် တစ်ဖက်သူက အရူးကို အမဲသားကျွေးမိသလို တန်းတန်းစွဲ ဖြစ်တတ်ပါတယ်။ Perfectionist တစ်ယောက်ပီပီ ဘက်ပေါင်းစုံက ထက်မြက်ပြီး ပြောတတ်ဆိုတတ်သူမို့ သူများနဲ့မတူတဲ့ ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားပါတယ်။

Gemini zodiac & star sign dates: Symbols and meaning for Gemini |  Express.co.uk

2. Gemini

Gemini တွေက အကောင်းဆုံးနဲ့ အဆိုးဆုံးဆိုတဲ့ အစွန်း ၂ ခုကို အချိုးကျပေါင်းစပ်ထားသလိုကို ထူးခြားတဲ့စန်းရှိပါတယ်။ ချဉ်စပ်အရသာလို ပေးမယ့်ရာသီခွင်တွေ ပီပီ တစ်ဖက်သူအနေနဲ့ သူ့ရဲ့တည်ငြိမ်မှုကို ကြွေဆင်းနေချိန်မှာ သူ့ရဲ့ရူးသွပ်ပုံကိုပါ ကျန်တဲ့အစွန်းတစ်ဖက်အနေနဲ့ ပြတတ်သူတွေမို့ ကြွေဆင်းသူတွေကို ထွက်ပြေးလိုက် ပြန်လာလိုက် ဖြစ်စေသူတွေပါပဲ။ ရုန်းလေနစ်လေ နွံလိုအစွမ်းကြီးတာ Gemini တွေပါနော်။

When does Sagittarius season start 2022? Sign dates, key traits, more

3. Sagittarius

ပွင့်လင်းပြီး အရှိကိုအရှိအတိုင်းပြောတတ်ချက်က တစ်ဖက်သူအပေါ်ကို ဟင်ကနဲ ဟာကနဲဖြစ်ပြီး အံ့သြယူရလောက်တဲ့အတွက် သူ့ရဲ့ ဆွဲဆောင်မှုစန်းက တကယ်အပြစ်ကင်းပါတယ်။ ဒါပေမဲ့ Sagi ကိုကြွေသူတိုင်း ကံမကောင်းတာတစ်ခုကတော့ ပွင့်လင်းသလောက် အချေလည်းကြမ်း တစ်ဆုံးလည်းပြောတတ်လို့ပဲဖြစ်ပါတယ်။

Everything You Wanted To Know About Librans - Ferns N Petals

4. Libra

Libra တွေက ဘယ်နေရာသွားသွား လူအများရဲ့ အာရုံစိုက်ခံရအောင်လုပ်တဲ့နေရာမှာ အရမ်းတော်ကြပါတယ်။ သူများအတွက်သာမန်ကိစ္စမျိုးတွေက သူတို့အတွက် တကယ့်စန်းအကြီးကြီးပွင့်စေတာမျိုး ဖြစ်သွားတတ်တာမို့ စန်းပွင့်ဖို့ အထူးအထွေကြိုးစားစရာမလိုဘဲ ဘေးနားဝန်းရံနေတတ်ပါတယ်။

Cancer Zodiac sign: Key personality traits, season and dates explained

 

5. Cancer

နှစ်ဖက်ချွန်ခဲတံလိုမဟုတ်ပေမဲ့ အငိုနဲ့ အရယ်ကို ရသ ၂ မျိုးခံစားရစေမယ့် Cancer လေးတွေကတော့ mood swing ဖြစ်နေချိန် ဂျစ်ကန်ကန် ဂျစ်တိုက်တတ်တဲ့ပြုမှုပုံလေးတွေက ဆွဲဆောင်မှုအကြီးကြီးဖြစ်နေလေတော့ ဂျစ်ဓာတ်မှ အကြည်ဓာတ်သဘော လူချစ်လူခင်များသလို စန်းအရမ်းကောင်းတတ်ပါတယ်။

Capricorn Zodiac sign: Key personality traits, season, dates and more

6. Capricorn

စနစ်တကျအစီအစဉ် ဆွဲထားတဲ့ ပုံစံခွက်ထဲမှာ ဘယ်လို ဟန်ချက်ညီညီနေလဲဆိုတာကို ကက်ပီတွေက ယူတို့ကို သင်ကြားပေးလိမ့်မယ်။ ကိုယ်တိုင်မသိထားပါပဲ အနီးကပ်သင်ယူနေရင်းကနေ ကက်ပီမှ ကက်ပီဆိုပြီး Capricorn တွေကိုရူးသွပ်နစ်ဝင်သွားမိချိန်မှာ နောက်ဆုတ်ပြေးမယ်ကြံရင်တောင်မှ သိပ်ကို နောက်ကျသွားခဲ့ပါပြီ။

Pisces Zodiac sign: Key personality traits, season, dates, explained

7. Pisces

သေးသေးလေးနဲ့ အဆိပ်ပြင်းတယ်ဆိုတာ Pisces တွေပါပဲနော်။ ပုရွက်ဆိတ် အနီလေးတွေလိုပဲ သေးသေးလေးပေမဲ့ တစ်ချက်ကိုက်ခံရရင် တစ်သက်မှတ်စေသလိုကို တစ်ခါလောက်ဆုံဖူးရုံတင် အမြဲ မှတ်မိနေရလောက်အောင်အထိ Pisces တွေရဲ့ ဆွဲဆောင်မှုအားက ကြီးလှပါတယ်။

ရေးသားသူ – Tarot Queen Gorgeous

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။