အီးယူ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်အချို့ ဘရပ်ဆဲလ်မြို့ကိုရောက်နေ

International News Local News

အီးယူ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်အချို့ ဘရပ်ဆဲလ်မြို့ကိုရောက်နေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီးယူ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံခေါင်းဆောင်အချို့ ဘရပ်ဆဲလ်မြို့ကိုရောက်နေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော် ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ(အီးယူ)- အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်အချို့ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အဲဒီထဲမှာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းကျန်နေသေးတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟွန်ဆန်၊ ဖီလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာ၊ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းနဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ဟာ ဘရပ်ဆဲလ်မြို့ကို မနေ့ ဒီဇင်ဘာလ ၁၂ ရက်ကတည်းက ရောက်နေပါတယ်။

ထိပ်သီးအစည်းအဝေးပွဲတက်ဖို့ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိတဲ့ ဖီလစ်ပိုင်သမ္မတနဲ့ ဇနီး

လာမယ့် ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်မှာပဲ ဘရပ်ဆဲလ်မြို့ကို လေကြောင်းခရီးစဥ်နဲ့ ထွက်ခွါ သွားပြီဖြစ်ပါတယ်။

မနက်ဖြန် ဒီဇင်ဘာလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမယ် အဲဒီထိပ်သီးဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီဥက္ကဋ္ဌဘက်က တက်ရောက်ခွင့် ရ၊ မရ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒါပေမဲ့ အာဆီယံဟာ မြန့်မာ့အရေးဖြေရှင်းနိုင်ရေးအတွက်ထားရှိတဲ့ဘုံသဘောတူညီချက် အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းတာကိုထောက်ပြပြီး စစ်ကောင်စီဘက်က နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးကိုပဲ တက်ရောက်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက် ဆက်ထားမယ်ဆိုရင်၊ စစ်ကောင်စီဘက်ကလည်း အဲဒီလို ဖိတ်ကြားမှုကို လက်မခံဘူးဆိုရင်တော့ ဒီထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို ကိုယ်စားပြုတက်ရောက်မယ့်သူနေရာမှာ လစ်လပ်နေဦးမှာဖြစ်ပါတယ်။

ဥရောသမဂ္ဂအဖွဲ့ဘက်ကတော့ မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံကို အီးယူက အပြည့်အ၀ ပံ့ပိုးပေးမယ်လို့ ပြောထားပါတယ်။

မြန်မာအရေးဖြေရှင်းဖို့နဲ့ပတ်သက်ပြီး အလှည့်ကျ ဥက္ကဋ္ဌသစ်အင်ဒိုနီးရှားနိုင်ငံအပေါ်အများကြီးမျှော်လင့်ထားကြောင်း အာဆီယံဆိုင်ရာ အီးယူသံအမတ်ကပြောထားပါတယ်။

“ နိုင်ငံကိုသာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတဲ့ ဒီအကျပ်အတည်းအတွက် အဖြေရဖို့ နဲ့ အမှန်တကယ်တွန်းအားပေးဖို့ အင်ဒိုနီးရှားကို ကျွန်တော်တို့ အားကိုးတယ်။ဒါမှလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်မှာပါ” လို့ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ပြောထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။