မြန်မာ့အရေးဖြေရှင်းဖို့ နောက် ၅ နှစ်ကြာမြင့်နိုင်တယ်လို့ အာဆီယံဥက္ကဋ္ဌပြော

Local News
မြန်မာ့အရေးဖြေရှင်းဖို့ နောက် ၅ နှစ်ကြာမြင့်နိုင်တယ်လို့ အာဆီယံဥက္ကဋ္ဌပြော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာ့အရေးဖြေရှင်းဖို့ နောက် ၅ နှစ်ကြာမြင့်နိုင်တယ်လို့ အာဆီယံဥက္ကဋ္ဌပြော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ နောက် ၅ နှစ်ကြာမြင့်နိုင်တယ်ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ထုတ်ပြောလာပါတယ်။

ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်မှာ ပြုလုပ်မယ့် ဥရောပသမဂ္ဂ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲကိုတက်ဖို့ ဘရပ်ဆဲလ်မြို့ကို ရောက်ချိန် ဥရောပရောက် ကမ္ဘောဒီးယားဖွား ၂၀၀၀ ကျော်နဲ့ တွေ့ဆုံစဥ် ဒီဇင်ဘာ ၁၂ ရက်မှာ ဝန်ကြီးချုပ် အခုလိုပြောလာတာပါ။

”မြန်မာ့အရေးကို ဖြေရှင်းနိုင်ဖို့ဆိုရင် အနည်းဆုံး ၅ နှစ်လောက် အချိန်ယူရလိမ့်မယ်။ အဲဒီအကျပ်အတည်းအတည်းအတွက် အဖြေရှိတဲ့ဘယ်သူမဆို ဖြေရှင်းသင့်တယ်လို့လည်း အကြံပြုလိုပါတယ်။ ကျွန်တော်တို့ကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့သက်တမ်းလည်းပြည့်တော့မှာဆိုတော့ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးသံတမန်လည်း မြန်မာကို သွားတော့မှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်မှာ အရာအားလုံးရှုပ်ထွေးနေပေမဲ့ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တာဝန်သိသိ၊ ယုံကြည်ချက်ရှိရှိနဲ့ ထမ်းဆောင်ခဲ့တဲ့အကြောင်းကိုလည်း သူက ထည့်ပြောသွားပါတယ်။

ကမ္ဘော ဒီးယားနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပုံမှန်အခြေအနေအတိုင်း လမ်းကြောင်းပြန်လှည့်နိုင်အောင် အားတက်သရော ကူညီပါဝင်ခဲ့ပေမဲ့ အခုတော့ မြန်မာ့အရေးဟာ ၂၀၂၃ ခုနှစ်မှာ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူလာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ အလှည့်ကို ရောက်သွားပြီလို့ ဝန်ကြီးချုပ် ဟွန်ဆန်က တာဝန်ပြီးဆုံးလို့ ပြန်မယ့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့တွေ့ဆုံချိန် ဒီဇင်ဘာလ ၈ ရက်တုန်းက ပြောထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။