ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်လည်း ဆီးချိုရောဂါ ခံစားနေရ

Local News
ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်လည်း ဆီးချိုရောဂါ ခံစားနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါက်တာဇော်မြင့်မောင် ကင်ဆာရောဂါကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်လည်း ဆီးချိုရောဂါ ခံစားနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်ထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ဟာ ကင်ဆာရောဂါဝေဒနာကို ဆေးကုသမှုခံယူခဲ့ရပြီး မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်လည်း ဆီးချိုရောဂါခံစားနေရကြောင်း တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

အရိုးကင်ဆာ လို့ သံသယရှိတာကြောင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့က ပြင်ပဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရကာ ဆေးသွင်း၊ ဆေးစစ်တာနဲ့ ဓာတ်မှန်ရိုက် စစ်ဆေးတာတွေကို တစ်ရက်တည်းနဲ့ အပြီးလုပ်ပြီး အိုးဘိုအကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် မြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင်ဟာလည်း ဆီးချိုရောဂါ ပြန်လည်ခံစားနေရလို့ အကျဉ်းထောင်တွင်းမှာပဲ မိမိဘာသာ ပြန်လည် ကုသနေရတယ်လို့ သိရပါတယ်။

“ကျန်းမာရေးဆေးသွင်းတာ ၊ စကင်န်ဖတ်တာတွေ တစ်ရက်တည်းနဲ့ လုပ်ရတာ။ သုံးရက်လုပ်ရမှာကို တစ်ရက်တည်း အပြီးလုပ်လို့ ပန်းတာပေါ့။ ဆရာဇော် ကျန်းမာရေးအခြေနေအရရော ။ အရိုးကင်ဆာ ယူဆရလို့ စကင်န် ရိုက်ရတာ။ မဟုတ်ဘူးလို့ အဖြေထွက်လာတယ်တဲ့။ ဒီဇင်ဘာ ၁၄ ရက်နေ့က ဒေါက်တာရဲလွင်နဲ့ ကိုကျော်ဇေယျ ရုံးချိန်းလည်း လိုပြသက်သေမလာလို့ နောက် ရုံးချိန်းပြောင်းတယ်။ တရားလိုပြက ဌာနဆိုင်ရာတွေ ၂၅ ယောက်တောင်” လို့ တရားရုံးအသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။​

ဒေါက်တာရဲလွင်နဲ့ မန္တလေးစည်ပင်ကော်မတီဝင်ဟောင်းဦးကျော်ဇေယျတို့ကို ပုဒ်မ ၄၀၉ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုထားပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အိုးဘိုထောင်တွင်းအထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာဖြစ်ပါတယ်။

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်းမှာ ဒီရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့ခွင့်တွေကို တင်းကျပ်ထားသလို နေထိုင်ပုံစံတွေမှာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ရုံးချိန်း တစ်ခါထုတ်တိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ဆံပင်တစ်ခါညှပ်ခိုင်းပြီး မညှပ်ထားတာစစ်ဆေးတွေ့ရှိရင် ကြီးကြပ်သူတွေပါ ဒဏ်ရိုက်တယ်လို့ ဆိုပါတယ်။

“ရုံးချိန်း ထုတ်တိုင်း ဆံပင်ညှပ်ရတယ်။ တစ်ခေါက်ထုတ် တစ်ခါညှပ်နဲ့ ဘာကြောင့်လုပ်နေလဲ မပြောတတ်ဘူး။ ထောင်ဝင်စာပို့တာလည်း နှစ်ပတ်တစ်ခါပေမဲ့ နှစ်ထုတ်ပို့မရဘူး။ ထောင်တွင်း တင်းကျပ် တာတွေက နိုင်ကျဉ်းတွေပဲ အကျပ်ခံရတာ” လို့ ထောင်တွင်းအခြေနေအကြောင်း သိရှိသူတစ်ယောက်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်းက နိုင်ငံရေးအမှုတွေကိုလိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေနဲ့ အထက်တန်းရှေ့နေတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အခုအခါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ၅၀(ည)နဲ့ စွဲဆိုထားပါတယ်။

အဲဒီထဲကမှ နာမည်ကြီးတရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်ရွက်နုအောင်ကိုတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။