ခက်ခဲသောပြိုင်ပွဲ ချိုမြိန်သောရလဒ် မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရပြီ

Sports

ခက်ခဲသောပြိုင်ပွဲ ချိုမြိန်သောရလဒ် မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခက်ခဲသောပြိုင်ပွဲ ချိုမြိန်သောရလဒ် မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရပြီဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယနေ့ည ယှဉ်ပြိုင်ကစားကြသည့် အာဂျင်တီးနားနှင့် ပြင်သစ်အသင်းတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ နှစ် ဖက်အသင်းအားပေးသူများကို အမှန်တကယ်ပင် ရင်ခုန်စိတ်လှုပ်ရှားစေခဲ့သည်။ အာဂျင်တီးနားအသင်း ကပွဲချိန်မိနစ် ၈၀ အထိ နှစ်ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ပြင်သစ်အသင်း၏ အံ့အားသင့်ဖွယ်ချေပဂိုး များကြောင့် အချိန်ပိုဆက်ကန်ခဲ့ရသည်။

အချိန်ပိုဒုတိယပိုင်းတွင် ဗိုလ်လုပွဲရောက် ဒိတ်ဒိတ်ကျဲ ဘောလုံးသမားနှစ်ဦးဖြစ်သော မက်ဆီနှင့် မက် ပေတို့က တစ်ဦးစီထပ်မံသွင်းယူခဲ့ကြရာ ကစားပွဲမှာ အထူးပင်စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။ မိနစ် ၁၂၀ အထိ သုံးဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် အာဂျင်တီးနားအသင်းက ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခြင်းဖြစ်သည်။

အာဂျင်တီးနား မာတီးနက်ဇ်က တစ်လုံးကာကွယ်နိုင်ခဲ့ကာ ပြင်သစ်အသင်းမှ တတိယမြောက်ဘောလုံးကို ချူအာမေနီ ကန်သွင်းရာတွင် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ခြေရည်တူနှစ်သင်း၏ ဗိုလ်လုပွဲဖြစ်သည်နှင့်အညီ ပွဲအစကတည်းက စိတ်လှုပ်ရှားစရာ ကောင်းခဲ့သည်။ ပထမပိုင်းတွင်သွင်းယူခဲ့သော ဦးဆောင်ဂိုးနှစ်ဂိုးဖြင့် အာဂျင်တီးနားအသင်းက မိနစ် ၈၀ အထိ အနိုင်ရရှိခဲ့သော် လည်း ပြင်သစ်အသင်းမှ မက်ပေ၏ အံ့အားသင့်ဖွယ်ချေပဂိုးများအကြောင့် အချိန်ပိုဆက်ကန် ခဲ့ရခြင်းဖြစ်သည်။ အချိန်ပိုပထမပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိသော်လည်း ဒုတိယ ပိုင်းတွင် မက်ဆီက အာဂျင်တီးနားအတွက် တတိယမြောက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
သို့သော် ပွဲချိန် ၁၁၈ မိနစ်တွင် ပြင်သစ်အသင်းက ပင်နယ်တီကန်သွင်းခွင့်ရပြီး မက်ပေကပင် အမှားအယွင်းမရှိ ကန်သွင်းယူသည်။ မက်ပေအနေဖြင့် ဗိုလ်လုပွဲတွင် တစ်ပွဲတည်းသုံးဂိုးသွင်း (Hat-track) သွင်းယူနိုင်ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလား ဗိုလ်လုပွဲခြောက်ကြိမ်ရောက် အာဂျင်တီးနားအသင်းမှာ ၁၉၇၈ နှင့် ၁၉၈၆ ခုနှစ်တို့တွင် ဗိုလ်စွဲခဲ့ပြီးနောက် တတိယအကြိမ်မြောက် ချန်ပီယံဆုရရှိခြင်းဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၇ ကြိမ်ရ နာမည်ကျော် ဘောလုံးသမား မက်ဆီအနေဖြင့် ၂၀၁၄ ကမ္ဘာ့ ဖလားတွင် ဗိုလ်လုပွဲအထိရောက်ပြီးမှ ချန်ပီယံဆုဖလားနှင့် ဝေးခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင် အောင်အောင်မြင်မြင် ဖလားကိုင်မြှောက်နိုင်ပြီဖြစ်သည်။

ရေးသားသူ –Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။