အင်းတော်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၄၀ နီး ပါး ဒဏ်ရာရ thayဆုံးမှုရှိ၊ တိုက်ပွဲအနီးမှ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ

Local News

အင်းတော်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၄၀ နီး ပါး ဒဏ်ရာရ thayဆုံးမှုရှိ၊ တိုက်ပွဲအနီးမှ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်းတော်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၄၀ နီး ပါး ဒဏ်ရာရ thayဆုံးမှုရှိ၊ တိုက်ပွဲအနီးမှ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်း၊ ဂျုံးဂျုံးကျ၊ ပိန်းအင်းရွာအနီး တွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၄၀ နီးပါးthayဆုံးခဲ့ကြောင်း Indaw Revolution – IR က ပြောသည်။
စစ်အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ စစ်ကြောင်းကို KIA ၊ PDF ၊ အင်းတော် PDF တို့ က ပူးပေါင်း တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ နီးပါး ထိခိုက် thayဆုံး မှုရှိကြောင်း၊ အထိနာသွားသော စစ်ကြောင်းကို ထီးချိုင့် မြို့ နယ်ဘက် တွင် လှည့်ပတ်မီးရှို့နေသော အကြမ်း ဖက်စစ်သား အင်အား ၂၀၀ နီးပါးခန့်ကို ထပ်မံ ပူးပေါင်းထားကြောင်း Indaw Revolution – IR မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ဓာတ်ပုံ- အင်းတော်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးထားသော ကျေးရွာများ။

“အင်အား ၇၀ လောက်ပဲပါတာ၊ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်တော့ အခု အင် အား ၃၀ လောက်ပဲရှိတော့ လို့ နောက်ထပ်အင်အား ၂၀၀ နီးပါးလောက် ထပ် ဖြည့်ထားတယ်၊ အခုကောင်တွေက ထီးချိုင့်မှာ မီးပတ် ရှို့ နေတဲ့ကောင်တွေ၊ မှန်ဘီလူးနဲ့ကြည့်တာတော့ အလောင်းတွေရော၊ ဒဏ်ရာရတဲ့ဟာတွေရော ထမ်း သယ်သွားတာမြင်ရတယ်၊ ထီးချိုင့်ဘက်လည်းသယ်သွားကြတယ်၊ thayဆုံးသွား တဲ့ စစ်ခွေး တွေကို နေအိမ်တွေနဲ့ရောပြီး မီးရှို့သွားတယ်လို့ကြားတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ၆ လုံးနှင့် စား သောက် ဆိုင်၂ ဆိုင်၊ ဂျုံးဂျုံးဂျရွာမမှ နေအိမ် ၁၁ လုံး၊ မအူကုန်းရွာမှ နေအိမ် အလုံး၂၀နှင့် ပိန်းအင်းရွာမှ နေအိမ် ၁ လုံး မီးရှို့ခံထားရပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရ သည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးကို အရှင်ဖမ်းမိ ထားကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးရဲဘော်တစ်ဦး ရင်ဘတ်ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။