” Today’s Affirmation – Six of Swords (Reversed)”

Astrology

” Today’s Affirmation – Six of Swords (Reversed)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ” Today’s Affirmation – Six of Swords (Reversed)” ဆိုတဲ့တားရော့သတင်းလေးပဲ ဖြစ်ပါတယ်။

” Today’s Affirmation – Six of Swords (Reversed)”
Tarot Card Mockup

ဒီကတ်လေးကိုမြင်တဲ့အခါမှာ အရှေ့အရပ်ကိုမျက်နှာမူပြီး “ငါရှေ့ဆက်သွားရမယ်”ဆိုတဲ့ဆန္ဒလေး ပြုလိုက်စေချင်ပါတယ် ။

Six of Swords Reversed လေးရဲ့ အဓိပ္ပါယ်တွေထဲကတစ်ခုက လက်ရှိဘဝလမ်းခရီးက ဝေဝါးနေနိုင်သေးပေမယ့် ကိုယ်လမ်းမှန်ရောက်နေပြီဆိုတာလေး ပြပေးနေပါတယ် ။ အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ပူနေရလား? ရေရှည်အကျိုးရှိဖို့အတွက် လက်ရှိမှာသည်းခံနေရလား? တစ်နည်းပြောရင် အသာစံဖို့အတွက် အနာခံနေရတာလား?

ကိုယ့်ခရီးလေး အောင်မြင်ဖို့နီးလာပါပြီ ။

အရာအားလုံးချောမွေ့လွယ်ကူ အဆင်ပြေနေဖို့တော့မရှိဘူးပေါ့.. ဒါလည်း ကိုယ်သိထားတဲ့အရာထဲက တစ်ခုမို့ ထူးပြီးတွေးပူဖို့မလိုဘူး ။ ကိုယ့်ဆန္ဒတွေပြည့်ဖို့ ခရီးရောက်နေပြီဆိုတာ ယုံထားလိုက်ပါ ။ ဒါပေမယ့်လေ.. တစ်ခုရှိတယ်သိလား စိတ်ခေါ်မှုလေးတွေတော့ ကျန်နေသေးတယ် ။ ဟုတ်ပါ့မလား ဖြစ်ပါ့မလားဆိုတာလေးတွေကို အရင်ဆုံးကျော်ဖြတ်ဖို့လိုတယ် ။ ဒါကိုကျော်နိုင်တာနဲ့ အောင်ပြီလို့ စိတ်ဒုံးဒုံးချနိုင်တော့မယ်

Toxic Relationship တစ်ခုက ရုန်းထွက်နေသူလား? ချစ်သူနဲ့ပေါင်းရဖို့ ၊ ဒါမှမဟုတ် ကိုယ့်ဘဝတက်လမ်း ပညာရေး အလုပ်အကိုင်တွေအတွက် ငွေတွေခြစ်ကုတ်စုနေလား? အလုပ်အကိုင်အခွင့်အလမ်း.. Scholarship အတွက်ပဲ စောင့်ဆိုင်းမျှော်လင့်နေသလား? သတင်းကောင်းလေးက အောင်မြင်ခြင်းတွေရောက်လာပါတော့မယ် ။
ဒီတစ်ခုပဲ ကိုယ်လုပ်ရမှာ.. ကြန့်ကြာခြင်း တွေဝေခြင်းဆိုတဲ့ဒီအတားအဆီးလေးတစ်ခုကို ကိုယ်ကျော်လိုက်နိုင်တာနဲ့ရပြီ ။ ဆုတောင်းနေရုံနဲ့ဘာမှဖြစ်မလာဘူးဆိုတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဘာမှမလုပ်ပဲ ရလာဒ်ကောင်းမျှော်လင့်နေတာကလည်း အတော်ကို Foolish ဖြစ်ပါလိမ့်မယ် ။ ဒါကြောင့်မို့ ဇွဲမလျော့ပါနဲ့ ၊ စိတ်ကလည်း ကောင်းသောအကျိုးပေးတွေကို ကိုယ်အလိုရှိတဲ့အရာအတွက် အကျိုးပေးလာဖို့ ဆန္ဒပြုထားစေချင်တယ် ။

လက်ရှိမှာ မမျှော်လင့်တဲ့အပြောင်းအလဲလေးကြောင့် စိတ်ရှုပ်နေရတဲ့သူတွေ ဒါကိုကျော်လွန်နိုင်တာနဲ့ ကိုယ့်နေ့သစ်တစ်ခု ရောက်လာတော့မယ် ။ အကောင်းမြင်လိုက်ပါ ၊ အားပြန်တင်းလိုက်ပါ ဆုပ်ကိုင်ထားတဲ့ယုံကြည်ချက်လေးကို မဖြည်ချလိုက်ပါနဲ့ ။ ကိုယ်ဇွဲရှိရှိနဲ့ ရှေ့ဆက်နေတာလည်းဖြစ်မယ် ၊ သတ္တိရှိရှိနဲ့ နောက်ပြန်ဆုတ်ရုန်းထွက်နေတာလည်း ဖြစ်မယ် ။
သေချာတာတစ်ခုက.. လှိုင်းထန်ချင်ထန်မယ် ဒွိဟဆိုတဲ့မြူခင်းတွေရှိနိုင်သေးပေမယ့် ကိုယ့်လှေကလေးက လမ်းကြောင်းမှန်ပေါ်ရှိနေပြီဆိုတာလေးသိထားခြင်းနဲ့ ရင်အေးစေဖို့မျှော်လင့်ပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။