မောင်တောတွင် ဝါးခုတ်သွားသည့် ရွာသားနှစ်ဦး ခုတ်ထစ်thetဖြတ်ခံရ

Local News

မောင်တောတွင် ဝါးခုတ်သွားသည့် ရွာသားနှစ်ဦး ခုတ်ထစ်thetဖြတ်ခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မောင်တောတွင် ဝါးခုတ်သွားသည့် ရွာသားနှစ်ဦး ခုတ်ထစ်thetဖြတ်ခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရခိုင်ဒေသ မောင်တောမြို့ မေယုတောင်တွင် ပျောက်ဆုံးနေသူနှစ်ဦးကို လိုက်လံရှာဖွေရာ ၎င်းတို့၏ ရုပ်အလောင်းများကိုသာ တွေ့ရသည်။ lat nat ကိုင်အဖွဲ့တစ်ခု၏လက်ချက်ဟု ယူဆနေကြသည်။

ရခိုင်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင် အသက် ၃၀ ကျော်အရွယ် အမျိုးသား၂ ဦး ခုတ်ပိုင်းthetဖြတ်ခံထားရသည်ကို ယမန်နေ့ (ဒီဇင်ဘာ ၁၉) နံနက်က တွေ့ရှိခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

thayဆုံးသူ မြို့ပေါ်နှင့် ၄ မိုင်ခန့်ဝေးသော ရွှေတောင်ကျေးရွာနေ ကိုသိန်းထွန်းနှင့် ကိုဦးဘသန်းတို့ ဖြစ်သည်၊ ဒီဇင်ဘာ ၁၈ နံနက်က ဝါးခုတ်သွားကြသူများ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသခံရွာသားများ လိုက်လံရှာဖွေစဉ် အလောင်းများတွေ့ရှိရာအနီးမှ တဲတစ်လုံးအား တွေ့ရစဉ်။

“ဝါးခုတ်သွားတဲ့ ရွှေတောင်ရွာက ရွာသားနှစ်ယောက် ပျောက်နေလို့ ရွာသားတွေ လိုက်ရှာကြတာ။ thetဖြတ်ခံထားရတဲ့ ခန္ဓာကိုယ်အပိုင်းအစကိုပဲ တွေ့ခဲ့တယ်လို့ ပြောတယ်” ဟု ရွှေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေမောင်က ပြောသည်။

ယမန်နေ့ နံနက် ၈ နာရီခန့်တွင် ဒေသခံတို့က ရွာအ‌ရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ မေယုတောင်ဘက်သို့ လိုက်လံရှာဖွေကြသည်၊ နံနက် ၁၁ နာရီခန့်တွင် ခန္ဓာကိုယ်အပိုင်းအစများ တွေ့ကြသည်ဟု ဆိုသည်။

တောတွင်းစခန်းဟု ယူဆရသည့် တဲတချို့ကို တွေ့ရှိပြီးနောက် ထိုတဲမှ တစ်မိုင်ခန့်အကွာတွင် အလောင်းများတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု လူပျောက်ရှာဖွေရာ၌ ပါဝင်ခဲ့သော ရွာသားတစ်ဦးက ပြောသည်။

“အဲဒီတဲကနေပြီး တွေ့တဲ့လမ်းအတိုင်း တောင်ကို တက်တဲ့အချိန်မှာ ဝါးခုတ်တဲ့နေရာနဲ့ ရွာသားနှစ်ယောက် ဖိနပ်၊ လွယ်အိတ်ကို တွေ့တယ်။ အဲဒီနေရာမှာ ဝါးခုတ်နေချိန် အဖမ်းခံရတာဖြစ်မယ်” ဟု ဆိုသည်။

“မေယုတောင်ကြောပေါ်ကနေ အရှေ့ဘက်ခြမ်းကို တစ်ဖာလုံလောက် ဆင်းပြီးမှ မိုးတွင်း ရေကျတဲ့ ကျောက်တွင်းတစ်ခုမှာ ခုတ်ဖြတ်ထားတဲ့ အလောင်းတစ်ခုကို စတွေ့ရတယ်။ ပြီးတော့ အဲဒီနေရာနဲ့ ကိုက် ၅၀ လောက်အကွာမှာ နောက်တစ်လောင်းကို ထပ်တွေ့တာပါ”

ထိုနှစ်ဦးမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က အမှတ်(၁) နယ်ခြားစောင့်ကွပ်ကဲမှုဌာနချုပ် ကျီးကန်းပြင်အနီးရှိ အောင်ဇေယျကျေးရွာမှ မိသားစုလိုက်ပြောင်းရွှေ့လာသူများဖြစ်သည်၊ lat nat ကိုင်အဖွဲ့တစ်ခုနှင့် တွေ့ရာမှ အthetခံရခြင်း ဖြစ်နိုင်သည်ဟု သွားရောက်ရှာဖွေခဲ့သည့် ဒေသခံများက ဆိုကြသည်။

ရခိုင်ဒေသတွင် စစ်ကောင်စီတပ်၊ ရက္ခိုင့်တပ်တော် (AA)၊ ARSA ရိုဟင်ဂျာlat natကိုင်အဖွဲ့နှင့် အခြားသော အဖွဲ့ငယ်တချို့ လှုပ်ရှားမှုများရှိနေသည်။

မေယုတောင်ခြေသို့ ငါးရှာ၊ ဟင်းခူးသွားနေသည့် ဒေသခံတချို့မှာလည်း ကျောပိုးအိတ် လွယ်ထားသော လူတချို့ကို မကြာခဏဆိုသလို တွေ့ရကြောင်း၊ အသွားအလာဆင်ခြင်ကြရန် ဒေသခံများအချင်းချင်း သတိပေးထားကြကြောင်း ရွှေတောင်ရွာမှ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ကလည်း မောင်တောမြို့နယ်တောင်ပိုင်း မောရဝတီကျေးရွာအနောက် တစ်မိုင်ခန့်အကွာ နွားခြံတစ်ခုတွင် ညစောင့်အိပ်နေသည့် ပန်းတောပြင်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသားတစ်ဦးနှင့် မောရဝတီကျေးရွာမှအသက် ၆၀ အရွယ် အမျိုးသားတစ်ဦးတို့ကို လူတစ်စုက ဓားဖြင့် ဝင်ခုတ်ခဲ့ကြ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

ရခိုင်မြောက်ပိုင်းတွင် စစ်တပ်နှင့် AA တို့ အပစ်ရပ်ပြီးနောက် ဒေသတွင်း စစ်ရေးအခြေအနေ တင်းမာနေကာ မောင်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့တွင်လည်း အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်နေသည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။