“Today’s Affirmation – The Moon (Upright)”

Astrology

“Today’s Affirmation – The Moon (Upright)”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့”Today’s Affirmation – The Moon (Upright)”ဆိုတဲ့တားရော့သတင်းလေးပဲ ဖြစ်ပါတယ်။

The Moon ကတ်လေးကိုမြင်တဲ့အခါမှာ အနောက်ဖက်အရပ်ကိုလှည့်ပြီး ကိုယ့်စိတ်ရဲ့မရေရာခြင်းတွေကို အသိအမှတ်ပြုလိုက်သင့်ပါတယ် ။

Tarot Card Mockup

ကိုယ်ကအတိတ်ကိုစွန့်လွှတ်လာနိုင်ပြီ Move On လုပ်ခဲ့ပြီဆိုရင်တောင်မှ ပစ္စုပ္ပန်နဲ့အနာဂတ်အတွက်တော့ တွေးပူစရာလေးတွေ ရှိနေသေးပါလိမ့်မယ် ။ ဒီကတ်လေးကိုယ့်မျက်လုံးရှေ့ ပေါ်လာတယ်ဆိုရင် ကိုယ့်မှာအနာဂတ်အစီအစဥ်တွေ မရေရာသေးတာ ၊ Creativity နဲ့ပတ်သက်ပြီး Blocked ဖြစ်နေတာ ၊ ဖြစ်ချင်တဲ့ဆန္ဒတွေအတွက် စိတ်လောနေတာ ၊ အဆင်ပြေရင်တောင်မှ အားမရဖြစ်တာ ကြံဖန်တွေးကြောက်နေရတာလေးတွေ ရှိနေတယ်လို့ ပြောနိုင်တယ် ။

ကိုယ်လုပ်ရမှာက ကိုယ့်ဘဝလမ်းကြောင်းလေးမှာနေပါ ၊ ဒီတစ်ရက်ကတော့ စိတ်ရှည်ခြင်း ၊ အတွေးမလွန်ခြင်းနဲ့ ကိုယ့်ကိုကိုယ်ပြန်ရှာဖွေဖို့လိုပါတယ် ။ ကိုယ့်စိတ်ထဲ Rush လုပ်ချင်တာလေးတွေအောင့်ထားပြီး မြူတွေပြယ်တဲ့အထိ စောင့်ကြည့်သင့်တဲ့နေ့ပါပဲ ။

အားငယ်တဲ့ကာလမျိုးမှာ ဖြစ်မလာသေးတဲ့အရာတွေ ၊ ရမလာခဲ့တာတွေကို သူများ Timeline နဲ့နှိုင်းယှဥ်ပြီး စိတ်အားလျော့သွားတတ်တယ် ။ အများအမြင်မှာ မနေပါနဲ့.. သွေးသားကတောင့်တတဲ့ကြားက ကိုယ်စိတ်ပိုင်းဖြတ်ပြီး ရှောင်ခဲ့တာတွေ ၊ လူမသိသူမသိ ကိုယ်ရဲရင့်ခဲ့တာ ၊ ပြန်ရုန်းထခဲ့တာ ၊ ကိုယ့်ရဲ့တစ်ကိုယ်တော် Achievement တွေ ၊ ကိုယ့်အနားမှာရှိတဲ့ တန်ိဖုးထားရတဲ့လူတွေ ၊ နိမ့်ကျစဥ်ထဲကအတူရှိပေးကြ ၊ ဘာမှပြန်မမျှော်လင့်ပဲ ကိုယ့်အတွက် အသင့်ဖြစ်နေကြတဲ့မိသားစုဝင်တွေ မိတ်ဆွေတွေကို မြင်အောင်ကြည့်ကြမယ် ။

အောင်မြင်ပြည့်စုံတဲ့ဘဝတစ်ခုရဖို့ သိပ်အရေးပါတာ သေချာပါတယ် ။ ဒီလိုပဲ ကိုယ်ကသီလလုံအောင်နေတယ် ၊ သမာအာဇီဝမဟုတ်တဲ့အရာမျိုး ဘယ်လောက်ပဲလိုအပ်နေနေ မထိဘူး ။ ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းတယ် ၊ နိုင်သလောက်လေး ကူပေးတတ်တယ် ၊ ကိုယ့်ကြောင့် သူများစိတ်မဆင်းရဲစေဘူး ။ ဒါတွေကို ချမ်းသာခြင်းလို့မပြောရင် ဘယ်အရာတွေကိုပြောကြမလဲ?

ဒီတစ်နေ့က Charge လုပ်ပြီး ပြေးတက်သွားရမယ့်နေ့မဟုတ်ပါဘူး ။ အသီးအပွင့်ခံစားမယ့်နေ့ မျှဝေရမယ့်နေ့တစ်ခု မဟုတ်လောက်သေးဘူး ၊ ဒီနေ့ကကိုယ့်အနာဂတ်အသစ်တစ်ခုအတွက် မြေစမ်းဖို့ ၊ မြက်နှုတ်ပေါင်းသင်ဖို့ ၊ ကိုယ့်အားသာချက်တွေကို ပြန်မြင်ယောင်ကြည့်ဖို့ ၊ ကိုယ့်ပူပင်သောကတွေကို အေးချမ်းစေဖို့ မျိုးစေ့ချရမယ့်နေ့တစ်နေ့ပါပဲ ။

လတ်တလောဖြစ်မလာသေးဘူးဆိုတာ ဘယ်တော့မှ ဖြစ်မလာတော့တာမဟုတ်ဘူးလေ ။ ကိုယ့်မှာအစွမ်းအစတွေရှိတယ် ၊ ကိုယ်ရအောင်လုပ်ယူနိုင်တယ် ။ တစ်ရက်မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ကိုယ်စိုက်ထားတဲ့အပင်လေး သီးပွင့်လာမှာအသေအချာပါပဲ ။
ဒီတော့ ကိုယ်သိထားဖို့က.. ဘဝက အပင်ဘယ်လောက်ကြီးဖို့ ဘယ်လောက်မြန်မြန်သီးပွင့်ဖို့ဆိုတာထက်.. ဘယ်လောက်တာရှည်ခံဖို့ ၊ ဘယ်လောက်ချိုမြိန်ဖို့/အရိပ်ရဖို့နဲ့ အရေးအကြီးဆုံးက ကိုယ်တိုင်လည်းစားသုံးနိုင်သလို ကိုယ့်အနားကလူတွေကို ဘယ်လောက်ထိအရိပ်ပေးနိုင်သလဲ မျှဝေပေးနိုင်သလဲဆိုတာလေး သတိရဖို့လိုတယ် ။ လက်ရှိမှာ ကိုယ့်အရိပ်လေး သေးငယ်နေနိုင်သေးတယ် ။ ဒါပေမယ့် တဖြည်းဖြည်းကိုယ် Grow ဖြစ်နေပါတယ် ။ ကိုယ့်ကိုကိုယ်ချစ်ပါ ၊ ကိုယ့်ဒဏ်ရာတွေကိုချစ်ပါ ။ ဒါတွေက ကိုယ့်ကိုမြန်မြန်ရင့်ကျက်စေပါတယ် ။

စိတ်အားငယ်တယ်ဆိုတာ ကိုယ့် Strength အစစ်အမှန်တွေကို မြင်ယောင်ကြည့်ဖို့မေ့လျာ့နေလို့ပါပဲ ။ ကိုယ့်အကြောက်တရားတွေကို အသိအမှတ်ပြုမှပဲ ပြန် Heal လုပ်ဖို့ ရှေ့ဆက်လျှောက်ဖို့အဆင်ပြေမယ် ။ ပျော်ရွှင်ပြည့်စုံခြင်းတွေ ကိုယ်နဲ့ထိုက်တန်ပါတယ်

အတောင်အလက်မပြည့်စုံသေးတဲ့ ကာလမှာတောင်မှ ကိုယ့်တစ်ကိုယ်စာလုံတယ် ၊ ကိုယ်ချစ်ရသူအနည်းငယ်ကို နိုင်သလောက်လေးအရိပ်ကျပေးနိုင်တယ်ဆိုရင် တစ်နေ့သီးပွင့်လာမယ့်ကိုယ်ကအဖိုးသိပ်တန်တဲ့မျိုးစေ့လေးဆိုတာ သေချာပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။