ကုလလုံခြုံရေးကောင်စီမှာ အတည်ပြုခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းမှာ လက်တွေ့အပြောင်းအလဲဖြစ်စေမယ့်အချက်တွေမပါဘူးလို့ ‌ဝေဖန်မှုတွေရှိနေ

International News Local News
ကုလလုံခြုံရေးကောင်စီမှာ အတည်ပြုခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းမှာ လက်တွေ့အပြောင်းအလဲဖြစ်စေမယ့်အချက်တွေမပါဘူးလို့ ‌ဝေဖန်မှုတွေရှိနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကုလလုံခြုံရေးကောင်စီမှာ အတည်ပြုခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းမှာ လက်တွေ့အပြောင်းအလဲဖြစ်စေမယ့်အချက်တွေမပါဘူးလို့ ‌ဝေဖန်မှုတွေရှိနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ကုလလုံခြုံရေးကောင်စီမှာ အတည်ပြုခဲ့တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းမှာ နှစ်ပေါင်း ၇၄နှစ်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ထွက်လာတာပဲဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက အဆိုပြုခဲ့တဲ့ ဒီမြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းကို တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ကြားနေမဲပေးခဲ့ပေမဲ့ ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံရဲ့ ထောက်ခံမှုနဲ့အတူ ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လက်တွေ့အပြောင်းအလဲဖော်ဆောင်နိုင်မယ့် အချက်မျိုးတွေမပါဝင်ဘူးလို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။

“အရေးကြီးတဲ့အချက်မှန်သမျှကို တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ကို ဖြတ်တောက်ဖယ်ရှားခဲ့ပါတယ်။ အဲဒီလိုဖယ်ရှားခဲ့ပြီးမှ တရုတ်နဲ့ ရုရှားတို့က ဗီတိုမသုံးတော့ဘဲ ဆုံးဖြတ်ချက် ထွက်လာနိုင် တာဖြစ်ပါတယ်။ အဓိကကတော့ အာဏာသိမ်းစစ်တပ်ရဲ့ဝင်ငွေတွေကို ဖြတ်တောက်ရေးနဲ့ လက်နက်တင်ပို့မှု ကမ္ဘာလုံးဆိုင်ရာပိတ်ဆို့ရေးဆိုတဲ့အချက်တွေ မပါဝင်တော့တာတွေ့ရပါတယ်” လို့ မြန်မာ့ အရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဗြိတိန် အပါအဝင် နိုင်ငံတကာ အစိုးရ အဖွဲ့တွေကို ဝေဖန် အကြံပြုနေတဲ့ ဘားမားကင်ပိန်း ယူကေ အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာက ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် အခုအတည်ပြုလိုက်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းဟာ ကိုက်နိုင်တဲ့ သွားတွေကို အကုန်နုတ်ပစ်ပြီးကာမှ ဆုံးဖြတ်ချက်အသွင်ထွက်လာတာလို့ သူက ဆက်ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် စတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ အချက်တွေပါဝင်ပေမဲ့ မလွှတ်ပေးရင်နောက်ဆက်တွဲလုပ်ဆောင်မယ့်အချက်တွေတော့ မပါဝင်လာဘူးလို့ ထောက်ပြနေကြတာဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။