တစ်ကြိမ်အားသွင်းရုံဖြင့် ကီလို ၁၀၀၀ မောင်းပြီး ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ လျှပ်စစ်ကား

Tech
တစ်ကြိမ်အားသွင်းရုံဖြင့် ကီလို ၁၀၀၀ မောင်းပြီး ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ လျှပ်စစ်ကား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တစ်ကြိမ်အားသွင်းရုံဖြင့် ကီလို ၁၀၀၀ မောင်းပြီးဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ လျှပ်စစ်ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေရောင်ခြည်စွမ်းအင် တစ်ကြိမ်သွင်းပြီး ၆၂၁ မိုင် (ကီလိုမီတာ ၁၀၀၀) အကွာအဝေးအထိ မောင်းနှင်နိုင်ခဲ့တဲ့ လျှပ်စစ်ကားဟာ ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။


ဆိုလာစွမ်းအင်သုံး Sunswift 7 ကားဟာ ပျမ်းမျှအားဖြင့် တစ်နာရီ ၅၃ မိုင်နှုန်း (၈၅ ကီလိုမီတာ)နီးပါး မောင်းနှင်နိုင်ခဲ့တာပါ။ Sunswift 7 ကားဟာ တစ်ကြိမ်အားသွင်းရုံနဲ့ ပတ်လမ်းကို အပတ်ရေ ၂၄၀ အထိ မောင်းနှင်နိုင်ခဲ့ပြီး အဲဒီအကွာအဝေးက ဆစ်ဒနီမြို့ကနေ မဲလ်ဘုန်းမြို့ကြား အကွာအဝေးလောက် ရှိခဲ့ပါတယ်။

Sunswift 7 ကားဟာ ဆစ်ဒနီမြို့အခြေစိုက် နယူးဆောက်ဝေးလ်တက္ကသိုလ်ရဲ့ ဆိုလာစွမ်းအင်သုံး ကားတွေထဲမှာ နောက်ဆုံးထုတ် ကားတစ်စီးပါ။ အလေးချိန် ၁၂၀၀ ပေါင် (၅၀၀ ကီလိုဂရမ်)ပဲ ရှိပြီး Tesla ကား အလေးချိန်ရဲ့ ၄ ပုံ၊ ၁ ပုံပဲ ရှိသလို လေခွင်းအားကောင်းတဲ့ ဒီဇိုင်း၊ မော်တာနဲ့ drive chain စွမ်းဆောင်ရည်၊ စွမ်းရည်ကုန်မှု အံ့အားသင့်စရာ လျှော့ချပေးမှု စတဲ့ အားသာချက်တွေလည်း ရှိပါတယ်။
Sunswift 7 ကားဟာ ရာသီဥတုဆိုင်ရာ ထိန်းချုပ်မှု၊ လေအိတ် အစရှိတဲ့ မရှိမဖြစ် အရာတွေ မပါဝင်သေးလို့ လမ်းပေါ်မှာ တရားဝင် မောင်းနှင်ခွင့်တော့ မရှိသေးပါဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တစ်ကြိမ်အားသွင်းရုံဖြင့် ကီလိုမီတာ ၁၀၀၀ ကျော် မောင်းနှင်နိုင်တဲ့ အမြန်ဆုံး လျှပ်စစ်ကားအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါပြီ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။