နေ့ခင်း တစ်ရေးလောက် အိပ်စက် ပေးပါ

Health

နေ့ခင်း တစ်ရေးလောက် အိပ်စက် ပေးပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့ခင်း တစ်ရေးလောက် အိပ်စက် ပေးပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေ့ခင်းဘက် တစ်ရေးလောက်အိပ်တာက လူတိုင်းအတွက် တကယ်ကောင်းပါတယ်။ အထူးသဖြင့် နေ့လည်ထမင်းစားပြီး (၁၅) မိနစ်လောက် တစ်ရေးလောက်အိပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ တချို့လူတွေက တစ်ရေးလောက်အိပ်လောက်ပေမယ့် အချိန်အကြာကြီး အိပ်မိသွားကြတာလည်း ရှိပါတယ်။ နေ့လည်စာစာပြီး ဗိုက်ပြည့်အင်သွားတဲ့အခါမှာဆို နေ့ခင်း (၁) နာရီနဲ့ ၃နာရီကြားမှာ အိပ်ချင်စိတ်ဖြစ်လာတာ ပုံမှန်ပါပဲ။ (၁၅-၂၀) မိနစ်လောက် တစ်ရေးအိပ်စက်ပေးတာက သင့်ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အတွက် ကောင်းမွန်တယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားပါတယ်။


ဒါ့အပြင် သိမြင်နိုင်စွမ်းအား၊ မှတ်ဉာဏ်အားတိုးလာအောင် ကူညီပေးနိုင်ပါတယ်။ တစ်ရေးအိပ်တာက ကော်ဖီသောက်သုံးတာထက် ပိုကောင်းတာကိုလည်း တချို့လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါပေမဲ့ တစ်ရေးအိပ်တယ်ဆိုတဲ့ အတိုင်းပဲ နေ့ခင်းကို မိနစ် (၂၀-၃၀) လောက်ပဲ အိပ်ဖြစ်ပါစေ။ မိနစ် (၆၀-၉၀) လောက်အိပ်မိသွားရင် မူးနောက်နောက်ဖြစ်တာ စိတ်မကြည်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်းဘက် အရမ်းမအိပ်မိဖို့ ရှောင်ကျဉ်ပါ။ ကဲ… နေလည်ခင်း တစ်ရေးအိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတချို့ကို တစ်ချက်ကြည့်လိုက်ရအောင်…။

မှတ်ဉာဏ်အားကောင်းစေတယ်

လေ့လာချက်တစ်ခုမှာ နေ့လည်ခင်း မိနစ် (၂၀-၃၀) လောက် တစ်ရေးအိပ်စက်လေ့ရှိတဲ့ သူတွေက သိမြင်နိုင်စွမ်းအား၊ မှတ်ဉာဏ်အားကောင်းပြီး ပိုပြီးနိုးနိုးကြားကြား ရှိလာတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ မိနစ် (၂၀-၃၀) ထက်ကျော်ပြီး တစ်ရေးအိပ်စက်တဲ့သူတွေက မူးနောက်နောက်ဖြစ်ပြီး ဘယ်လိုတိုးတတ်မှုမျိုးမှမပြဘူးလို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းအား တိုးလာစေတယ်

တစ်ရေးအိပ်စက်တာက စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ဖို့ အကူအညီပေးတဲ့အပြင် အာရုံစိုက်နိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ဖြတ်ထိုးဉာဏ်ကောင်းလာစေပြီး တီထွင်ဖန်တီးလိုစိတ် အားတိုးလာစေတယ်လို့လည်း လေ့လာချက်တွေက ဆိုထားပါတယ်။

စိတ်စွမ်းအားကောင်းလာစေတယ်

အလွန်အမင်းပင်ပန်းတဲ့အခါ သင့်စိတ်က ဘာမှလုပ်ချင်စိတ်မရှိ ဖြစ်လာပါတယ်။ ဦးနှောက်လန်းဆန်းတဲ့ အချိန် မနက်ခင်းမှာ စိတ်စွမ်းအားပိုမြင့်တတ်ပါတယ်။ နေ့လည်ဘက်တွေဆို ဘာမှအာရုံစိုက်နိုင်စွမ်း မရှိဘဲ စိတ်စွမ်းအား နည်းနေတတ်ပါတယ်။ သင် အိပ်ချင်တဲ့အခါ သင့်ဦးနှောက်က အာရုံစိုက်နိုင်စွမ်းအားမရှိတော့ဘဲ အနှောင့်အယှက်တွေကို လျစ်လျူရှုပစ်တတ်ပါတယ်။ နေ့လည်တစ်ရေးအိပ်တာက စိတ်စွမ်းအားကောင်းလာစေပြီး အာရုံစိုက်နိုင်စွမ်းရှိစေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။