NDAA ဥပဒေ၊ အကြမ်းဖက်မှုအားပေးကာ ပြည်တွင်းရေးစွက်ဖက်တယ်လို့ စစ်ကောင်စီထုတ်ပြန်

Local News

NDAA ဥပဒေ၊ အကြမ်းဖက်မှုအားပေးကာ ပြည်တွင်းရေးစွက်ဖက်တယ်လို့ စစ်ကောင်စီထုတ်ပြန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ NDAA ဥပဒေ၊ အကြမ်းဖက်မှုအားပေးကာ ပြည်တွင်းရေးစွက်ဖက်တယ်လို့ စစ်ကောင်စီထုတ်ပြန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

NDAA ဥပဒေ၊ အကြမ်းဖက်မှုအားပေးကာ ပြည်တွင်းရေးစွက်ဖက်တယ်လို့ စစ်ကောင်စီထုတ်ပြန်

အမေရိကန်ဘက်က အခုအက်ဥပဒေကို အတည်မပြုခင်ကတည်းက ကြိုတင်ကန့်ကွက်မှုတွေကို ဆက်တိုက် ပြုလုပ်ခဲ့တာတွေကိုလည်း ဒီကနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ ဒီဇင်ဘာ ၂၃ရက်နေ့က အတည်ပြုခဲ့တဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေး အက်ဥပဒေထဲက မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ “BURMA Act of 2022” ကိုထည့်သွင်းခဲ့ပြီး NUG ၊ NUCC ၊ CRPH နှင့် PDF များအား ကူညီထောက်ပံ့မှုတွေလုပ်မယ့်လုပ်ရပ်ဟာ အကြမ်းဖက်မှုကို အားပေးရာရောက်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သလို၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကသူတို့အနေနဲ့ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကို အဖက်ဖက်ကနေ လုပ်ဆောင် နေကြောင်းနဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar – IIMM) ကို ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်သလို၊ ဒီလုပ်ရပ်က ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လို့ ပြင်းထန်စွာကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလိုစစ်ကောင်စီဘက်က ကန့်ကွက်တာတွေလုပ်ခဲ့ပေမယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (Bill of National Defence Authorization Act – NDAA) က အတည် ဖြစ်လာလို့ ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းမှာ အရေးကြီးတဲ့ အရွေ့လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မြင်ကြပါတယ်။

ဒီ NDAA ဥပဒေထဲမှာ Burma Unified through Rigorous Military Accountability (BURMA) Act of 2022 ကို ထည့်သွင်းလိုက်နိုင်တာက “ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကြီးမား တဲ့ အောင်ပွဲ” လို့ ဒီမူကြမ်းကို ဦးဆောင်တင်သွင်းခဲ့တဲ့ လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂရေဂရီ မိခ် က ပြောကြားထားပါတယ်။

ဒီဥပ‌ဒေထဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားlat natကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုlat natမဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့အချက်တွေ ထည့်သွင်းထားတာဖြစ်ပါတယ်။

လာမယ့် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒီဥပဒေအရ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန် ဒေါ်လာ ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့်ပြုထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ဝန်ထမ်းတွေ ငွေကြေးဖောင်းပွမှု ဒဏ်ကိုခံနိုင်အောင် မူလတောင်းခံထားတာထက် ဒေါ်လာ ၄၅ ဘီလီယံ ပိုချပေးထားတာပါ။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး