လူအများရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့တဲ့ တော်ဝင်မင်းသားလေးလူးဝစ်

Celebrity International News

လူအများရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့တဲ့ တော်ဝင်မင်းသားလေးလူးဝစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူအများရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့တဲ့ တော်ဝင်မင်းသားလေးလူးဝစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝေလမင်းသားဝီလျံနဲ့ ဝေလမင်းသမီး ကိတ်တို့ရဲ့ အငယ်ဆုံးသားလေးဟာ ခရစ္စမတ်နေ့က သူ့မိဘတွေ၊ သူ့အစ်ကို၊အစ်မတွေနဲ့အတူ စိန့်မေရီမာဂဒလင်းဘုရားကျောင်းကို တက်ရောက်ခဲ့ပါတယ်။ တော်ဝင်မင်းသားလေးလူးဝစ်က ဘောင်းဘီတိုနဲ့ အပြာရင့်ရောင်ဂျာကင်အရှည်တို့ကို ဝတ်ဆင်ခဲ့တာပါ။ အခုလိုဝတ်စားဆင်ယင်မှုက ဗြိတိန်တော်ဝင်ကလေးငယ်တွေအတွက် ရိုးရာဓလေ့ပုံစံမျိုးဖြစ်ပါတယ်။

ဘုရားကျောင်းတက်လာတဲ့ တော်ဝင်မိသားစုတွေထဲမှာ မင်းသားလေးလူးဝစ်က အရမ်းချစ်စရာကောင်းနေတဲ့အတွက် လူအများက သူ့ကို အာရုံစိုက်မိခဲ့ပါတယ်။ တော်ဝင်မိသားစုက လမ်းလျှောက်ပြီး ပြည်သူလူထုကို နှုတ်ဆက်တွေ့ဆုံနေစဉ် မင်းသားလေးလူးဝစ်က သူ့အမေ ကိတ်ရဲ့လက်ကို ကိုင်ထားခဲ့တာပါ။ သူက ကိတ်ရဲ့လက်ကို အတင်းကြီးဆွဲပြီး မြန်မြန်လာဖို့ ခေါ်နေတာလည်းတွေ့ရပါတယ်။ အိမ်ပြန်ချင်စိတ်များနေပုံရပါတယ်။ သူ့မိဘတွေ၊ သူ့အစ်ကိုအစ်မတွေနဲ့အတူ မရှိဘဲ နောက်မှာ တစ်ယောက်တည်းကျန်နေခဲ့တာလည်း တွေ့ရပါတယ်။

တော်ဝင်ပရိသတ်တစ်ဦး ရိုက်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာဆိုရင် ဘုရားကျောင်းအပြင်ဘက်မှာ (၄) နှစ်သားလေး လူးဝစ်က နောက်မှာတစ်ယောက်တည်း ကျန်ရစ်နေခဲ့တဲ့အထင်နဲ့ သူ့မိဘတွေနောက်ကို ပြေးလိုက်နေခဲ့တယ်။ သူ့ရဲ့အစ်မဖြစ်သူ မင်းသမီးချားလော့ရဲ့နာမည်ကိုလည်း အော်ခေါ်နေခဲ့တာပါ။

ခရစ္စမတ်နေ့မှာ တော်ဝင်မိသားစုနဲ့အတူ ဘုရားကျောင်းတက်ရောက်တာက မင်းသားလေးလူးဝစ်အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အဲဒီနေ့က ချားလ်ဘုရင်နဲ့ ဘုရင်မ ကမီလာတို့နဲ့အတူ တော်ဝင်မိသားစုတော်တော်များများလည်း ဘုရားကျောင်းတက်ရောက်ခဲ့ကြပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။