စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို RCSS နဲ့ NMSP တို့မတက်

Local News

စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို RCSS နဲ့ NMSP တို့မတက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို RCSS နဲ့ NMSP တို့မတက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားlat nat ကိုင်အဖွဲ့ ၅ ဖွဲ့ တို့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်က စလို့နေပြည်တော်မှာတွေ့ဆုံနေပြီး ဒီဆွေးနွေးပွဲကိုဒီဇင်ဘာ၃၀ ရက်နေ့အထိ လေးရက်ကြာပြုလုပ်မှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဖိတ်ခေါ်ထားတဲ့ဒီဆွေးနွေးပွဲမှာ PPST ထဲက စစ်ကောင်စီနဲ့ အရင်တွေ့ဆုံပွဲတွေမှာ ပါဝင်တဲ့ နှစ်ဖွဲ့ကတော့ ဒီဆွေးနွေးပွဲကို တက်ရောက်လာတာမရှိပါဘူး။

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို အင်အားသုံးမဖြေရှင်းဘဲနဲ့ စားပွဲခုံပေါ်မှာဖြေရှင်းရေးဆိုတဲ့ NCA ကနေ ဆင်းသက်လာတဲ့အစဥ်အလာအရပဲ ဒီကိစ္စတွေအပေါ်မှာ ကျွန်မတို့ဆွေးနွေး နေခြင်းဖြစ်ပါတယ်” လို့ ဆွေးနွေးပွဲကိုတက်ရောက်နေတဲ့ ရခိုင်ပြည်လွတ်မြောက် ရေး ပါတီ(ALP) ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကပြောပါတယ်။
ပထမနေ့က နှစ်ဘက်ညှိနှိုင်းသဘောတူ ထားတဲ့ အစီအစဉ် ၈ ရပ်ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ဆွေးနွေးနေကြတာပါ။

ဒီဆွေးနွေးပွဲကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) က
ကိုယ်စားလှယ်တွေတက်ရောက်နေကြတာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ PPST အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့မွန်ပြည်သစ်ပါတီ(NMSP) တို့တော့ ဆွေးနွေးပွဲကို တက်ရောက်မလာကြပါဘူး။

“ခုနစ်ဖွဲ့လုံးရဲ့ညှိနှိုင်းဆွေးနွေးသဘောတူညီမှုအရလောလောဆယ်ကျွန်တော်တို့ရည်မှန်းနေတဲ့နှစ်ဖက်လုံးကအဆင်ပြေတဲ့အခင်းအကျင်းကိုလည်း အလွတ်သဘောကနေ ကြိုတင်ညှိနှိုင်းဆွေး နွေးမှုတွေ မလုပ်နိုင်ခင်မှာ ဒီဖိတ်ခေါ်မှုကိုတက်ရောက်ဖို့ကတော့ အခက်အခဲရှိတယ်ဆိုတာကို စာပြန်ကြားပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ EAO ခုနစ်ဖွဲ့ဆိုတာ ကိုယ့်အဖွဲ့တစ်ဖွဲ့ချင်း စီရဲ့အခြေအနေအပေါ်မှာ လွတ်လွတ်လပ်လပ်ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ လုပ်နိုင်တဲ့အခွင့်အရေးတွေရှိတဲ့အေပေါ်မှာကတော့ ငါးဖွဲ့ကတော့သွားတွေ့ဖြစ်တယ်” PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)ဟာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးဖို့ စတင် အဆိုပြု ကမ်းလှမ်းခဲ့ပေမဲ့ စစ်ကောင်စီဘက်က အဲဒီအချိန်တုန်းက လက်မခံခဲ့ပါဘူး။
အဲဒီနောက် စစ်ကောင်စီဘက်ကဦးစီးကျင်းပတဲ့ ဒီဇင်ဘာ ၂၇ ရက် အခုကျင်းပနေတဲ့နေပြည်တော်ဆွေးနွေး ပွဲအတွက် PPSTအဖွဲ့ဝင် ၇ဖွဲ့ကို ပြန်ဖိတ်ကြားခဲ့ပေမဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့က ဆွေးနွေးပွဲမတက်ရောက်တော့တာပဲ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမတက်တဲ့ကိစ္စနဲ့ပတ်သက်လို့ RCSS နဲ့ NMSP ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။