
Local News

လောင်းလုံးတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး ၂ ဦး တို့ ပစ်ခတ် ခံရပြီး ၃ ဦးthayဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လောင်းလုံးတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး ၂ ဦး တို့ ပစ်ခတ် ခံရပြီး ၃ ဦးthayဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် ပျူစောထီး ၂ ဦးတို့ ပစ်ခတ် ခံရပြီး ၃ ဦးthayဆုံး​ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံး-ကျောက်နီမော် လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ပြုံးချိုကို လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့-LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးthayဆုံးခဲ့ကြောင်း သိရသည်။

thayဆုံးသွားသော တပ်ကြပ်ကြီး ပြုံးချိုထံမှ စစ်ဝတ်စုံ ယူနီဖောင်း ၂ စုံ ၊ ခရာကြိုး ၁ ခု ၊လုံချည် ၂ ထည်၊ အင်္ကျီ ၂ ထည် ၊ မှတ်ပုံတင် ၃ ချပ် ၊ ဆိုင်ကယ် ၁ စီး၊ မှတ်တမ်းစာအုပ် ၁ အုပ်၊ ကြည့်မျက်မှန် ၁ ခု၊ ဖုန်း ၁ လုံး၊ ကြောပိုးအိတ် ၁ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ စစ်ကောင်စီတပ်ဖွဲ့ ဝင် ကဒ် ၁ ကဒ်၊ ဓာတ်မီး ၁ လုံး၊ စာရွက်စာတန်းများ၊ စားစရာတချို့နှင့် ပိုက်ဆံ ၂၅၃၀၀ ကျပ်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် မောင်းမကန် ရွာတွင် နေထိုင်သည့် ပျူစောထီး ခေါင်း ဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက်ဖြစ်သူ စစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းဆင်း နိုင်ဦးတို့ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး thayဆုံးခဲ့ကြောင်း သိရသည်။

thayဆုံးသွားသော ပျူစောထီး ခေါင်းဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက် ဖြစ်သူ ပျူစောထီး နိုင်ဦးတို့သည် lat natကိုင်ဆောင်ပြီး ပျူစောထီးများကို စစ်သင်တန်းပြန်ပေးနေသူများ ဖြစ် ကြောင်း၊ သမီးဖြစ်သူ အေးလဲ့ထွေး(ခ) မီးကန်းသည် ငွေကြေးဖြင့် ပျူစောထီးအဖွဲ့ဝင်များ တိုးပွားရန် စုဆောင်းသူဖြစ် ကြောင်း၊ စစ်ကောင်စီထံ သတင်းပေး၍ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခိုင်း သူတစ် ဦးလည်းဖြစ်ကြောင်း၊ လောင်းလုံး PDF တပ်ဖွဲ့က အကြိမ်ကြိမ် စောင့်ကြည့်ခဲ့ပြီး ၎င်းတို့ နေအိမ်များ အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ကာ လုံခြုံရေးအရ lat natရှာဖွေ သိမ်းဆည်းနိုင်ခြင်း မရှိ ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။