မြန်မာမှာ ပြည်တွင်းနေရပ်စွန့်ခွာစစ်ရှောင်ရသူပေါင်း ၂ သန်းခန့်ရှိလာပြီလို့ ISP Myanmar ထုတ်ပြန်

Local News

မြန်မာမှာ ပြည်တွင်းနေရပ်စွန့်ခွာစစ်ရှောင်ရသူပေါင်း ၂ သန်းခန့်ရှိလာပြီလို့ ISP Myanmar ထုတ်ပြန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာမှာ ပြည်တွင်းနေရပ်စွန့်ခွာစစ်ရှောင်ရသူပေါင်း ၂ သန်းခန့်ရှိလာပြီလို့ ISP Myanmar ထုတ်ပြန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု နှစ်နှစ်ထဲ ဝင်လာချိန်မှာ စစ်တပ်နဲ့ အာဏာသိမ်းဆန့်ကျင်ရေး lat natကိုင်တပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် လူပေါင်း ၂ သန်းနီးပါး ပြည်တွင်းစစ်ရှောင်တွေ ဖြစ်လာရတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့က ပြောလာပါတယ်။

၂၀၂၂ခုနှစ်အတွင်းမှာကို တိုက်ပွဲတွေ၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ရှောင် တစ်သန်းသုံးသိန်းခွဲကျော် တိုးလာတာလို့ (ISP-Myanmar) ရဲ့ သုတေသနတွေ့ရှိချက်အရ သိရပါတယ်။

သန်းနဲ့ချီမြင့်တက်လာနေတဲ့စစ်ရှောင်တွေအရေးအတွက် လူသားချင်းစာနာမှု အကူအညီ ပေးနိုင်စွမ်းက ပြည်တွင်းမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်ကန့်သတ်ချက် တွေကြောင့် ထိန်းချုပ်နယ်မြေရှိတဲ့အဖွဲ့တွေတောင် အတားအဆီးတွေဖြစ်နေတယ်လို့ တိုင်းရင်းသားlat natကိုင်အဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို မဖြတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေကနေတဆင့် အကူအညီတွေပေးပို့ တိုင်းရင်းသား lat nat ကိုင်အဖွဲ့အစည်းတွေက တောင်းဆိုနေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ရှောင် ၂ သိန်းအထိ မြင့်တက်လာတဲ့ ကရင်နီပြည်နယ်ထဲမှာတော့ စစ်ရှောင် ထောက်ပံ့ရေး ကိစ္စတွေဟာ အခက်ကြုံနေရတာကြောင့် ထိုင်းနယ်စပ်ကနေ အကူအညီပေးနိုင်ရေး လုပ်ဆောင်တာတွေရှိတဲ့အကြောင်း ကရင်နီတပ်မတော် KA ရဲ့ နိုင်ငံရေးအဖွဲ့အစည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီက အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီဒေသထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့lat nat ကြီး တွေဟာ စစ်ရှောင်တွေနေထိုင်တဲ့ နေရာတွေဆီကို ကျရောက်ပေါက်ကွဲတဲ့ဖြစ်စဥ်တွေကြောင့် ကူညီစောင့်ရှောက်ရေးအပြင် စစ်ရှောင်တွေရဲ့ လုံခြုံရေးကိုပါ ဂရုတစိုက် ကိုင်တွယ်ရတဲ့ အခြေအနေရှိတယ် လို့လည်း သူက ပြောပါတယ်။

ကရင်နီဒေသအလားတူ စစ်အာဏာ သိမ်းမှုကိုlat nat ကိုင် ဆန့်ကျင်တော်လှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း ၂၀၂၂ခုနှစ်အတွင်း စစ်ဘေးရှောင် သိန်းနဲ့ချီပြီးတိုးလာနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေအပြင် နေအိမ်မီးရှို့ခံရတာတွေကြောင့် စစ်ရှောင်ဖြစ်လာသူအရေအတွက် ၈ သိန်းနီးပါးအထိရှိလာတာပါ။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲမှာတင် အခုနှစ် အတွင်း ကျေးရွာပေါင်း ၂၀ ကျော်က နေအိမ်ပေါင်း ၁၆၀၀ ကျော် မီးရှို့ခံရလို့ ဒေသခံ သောင်းချီ ပြည်တွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတယ်လို့ မြေပြင်အကူအညီပေးနေသူ တွေက ပြောပါတယ်။

စစ်ကိုင်းစစ်ဘေးရှောင်အရေး ကူညီနေသူ ကုလသမဂ္ဂ ကတော့ ကမ္ဘာတဝန်းမှာ အခုနှစ်အတွင်း အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါ ရွှေ့ပြောင်းနေရသူ သန်း ၁၀၀ အထိ မကြုံစဖူး မြင့်တက်လာပြီး မြန်မာအပါအဝင် ယူကရိန်း၊ ဆီးရီးယားနဲ့ အီသီယိုးပီးယားက အခြေအနေကြောင့် ဒီလောက်အထိတိုးလာတာလို့ ပြောထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။