လသာရဲစခန်းအနီး လုံခြုံရေးဘန်ကာ ဗုံးပစ်ခံရ မငြိမ်သက်ဘူးဆိုတာ သိစေချင်လို့ တိုက်ခိုက်ဟုဆို

Local News

လသာရဲစခန်းအနီး လုံခြုံရေးဘန်ကာ ဗုံးပစ်ခံရ မငြိမ်သက်ဘူးဆိုတာ သိစေချင်လို့ တိုက်ခိုက်ဟုဆို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လသာရဲစခန်းအနီး လုံခြုံရေးဘန်ကာ ဗုံးပစ်ခံရ မငြိမ်သက်ဘူးဆိုတာ သိစေချင်လို့ တိုက်ခိုက်ဟုဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့တွင် ယမန်နေ့(ဒီဇင်ဘာ ၂၈) ညနေပိုင်းက လသာမြို့နယ် မြို့မရဲစခန်းအနီးရှိ လုံခြုံရေး ဘန်ကာကို မြေအောက်တော်လှန်ရေးအဖွဲ့များက ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ဗုံးပစ်တိုက်ခိုက်ခံရသည့် လုံခြုံရေးဘန်ကာမှာ လသာမြို့နယ်ထွေအုပ်ရုံးရှေ့တွင် ရှိပြီး မြို့မရဲစခန်းနှင့် မျက်စောင်းထိုးအနေအထား မနီးမဝေးဖြစ်သည်ဟုလည်း သိရသည်။

ပုံစာ – ရန်ကုန်မြို့လယ်တစ်နေရာရှိ စစ်ကောင်စီ၏ လုံခြုံရေးဘန်ကာတစ်ခုကို ယခုနှစ် မေလအတွင်းက တွေ့ရစဉ်။

ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ထိုခိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဗုံးစထိမှန်သည် ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် Freeland Attack Force (FLA) မှ တာဝန်ခံတစ်ဦးက ဆိုသည်။ “လုံခြုံရေးကြပ်နေတာရယ်၊ ပြည်သူတွေလဲသွားလာနေတော့ လုပ်ရတာ ခက်ခဲတယ်။ thayတာမthayတာထက် လုံခြုံရေးကြပ်နေလဲလုပ်မှာပဲ မြို့ပြမှာ မငြိမ်သက်ဘူးဆိုတာ သိစေချင်တယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်အခြေစိုက် မြို့ပြတော်လှန်ရေးအဖွဲ့ သုံခုမှ အဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့ရောက်ရှိသွားချိန်တွင် လုံခြုံရေးဘန်ကာ၌သာမက ထွေအုပ်ရုံးနှင့် ရဲစခန်း၌ပါ စစ်သားနှင့် ရဲများရှိနေသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိ သည့်နည်းတူ သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်မေးမြန်း၍ မရပေ။ ပေါက်ကွဲမှုကြောင့် အနီးရှိ ကားတစ်စီး အနည်းငယ်ထိမှန်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဟု စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြသည်။
စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ပြည့်လုချိန်အထိ ရန်ကုန်မြို့တွင် စစ်ကောင်စီက ဘက် တော်သားများကို ပစ်မှတ်ထားသည့် ဖောက်ခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်လုပ်ကြံမှုများ အဆက်မ ပြတ်ပေါ်ပေါက်နေဆဲဖြစ်သည်။

ရေးသားသူ –Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။