အင်္ဂါဂြိုဟ်ရဲ့ တချို့နေရာတွေထက်တောင် ပိုအေးတဲ့ ကမ္ဘာ့အအေးခဲဆုံးနေရာ

Knowledge

အင်္ဂါဂြိုဟ်ရဲ့ တချို့နေရာတွေထက်တောင် ပိုအေးတဲ့ ကမ္ဘာ့အအေးခဲဆုံးနေရာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အင်္ဂါဂြိုဟ်ရဲ့ တချို့နေရာတွေထက်တောင် ပိုအေးတဲ့ ကမ္ဘာ့အအေးခဲဆုံးနေရာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှ အအေးခဲဆုံးနေရာဟာ အန္တာတိကအရှေ့ပိုင်းကုန်းမြင့်ပေါ်က တောင်စွယ်ဖြစ်ပြီး အပူချိန် -၁၃၅ ဒီဂရီဖာရင်ဟိုက် (- ၉၃.၂ ဒီဂရီဆဲလ်စီးယက်)အထိ ရှိတယ်လို့ နာဆာရဲ့ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးဂြိုဟ်တုတွေက ဖော်ပြပါတယ်။

အဲဒီလောက် အေးခဲနေတဲ့ အပူချိန်မျိုးမှာ အထူးဝတ်စုံမပါဘဲ စက္ကန့်ပိုင်းလောက် အအေးဒဏ်ခံမိရင် အသက်ဆုံးရှုံးစေနိုင်ပါတယ်။ -၉၅ ဒီဂရီဖာရင်ဟိုက် အပူချိန်မှာ အအေးဓာတ်မိတာနဲ့ ၂ မိနစ်အတွင်း နှင်းကိုက်ဝေဒနာခံစားရနိုင်တယ်လို့ အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

What Is the Coldest Place on Earth?

ကမ္ဘာ့အအေးခဲဆုံးနေရာမှ အပူချိန်ဟာ အင်္ဂါဂြိုဟ်ပေါ်က တချို့နေရာတွေရဲ့ အပူချိန်ထက်တောင် ပိုနည်းနေပါသေးတယ်။ (အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ယှဉ်ရင် နေထက် ပိုဝေးတဲ့နေရာဖြစ်လို့ ပိုအေးပါတယ်)။ အန္တာတိကအရှေ့ပိုင်းကုန်းမြင့်ဟာ နာဆာအဖွဲ့က အဲဒီနေရာမှာ အပူချိန် ကိန်းဂဏန်းအချက်အလက်တွေ စတင်ကောက်ယူတဲ့ ၂၀၁၃ ခုနှစ်ကတည်းက ကမ္ဘာ့အအေးခဲဆုံးနေရာအဖြစ် မှတ်တမ်းဝင်နေခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။