မြတ်စွာဘုရား၏ အသက်ကို ဘာသာခြားက လုပ်ကြံမည်ကို စိုးရိမ်၍ သံဃာ တော် ၅၀၀ ခြံရံ ကြွချီရဟု သီတဂူ ပြောဆိုချက် လွဲမှားနေဟု ဆရာတော် မင်းသုည မိန့် ကြား၊ သီတဂူ ကြောက် စိတ် ဖြစ်နေပြီး မင်းအောင်လှိုင် အလိုကျ လုပ်နေဟု ဝေဖန်

Local News

မြတ်စွာဘုရား၏ အသက်ကို ဘာသာခြားက လုပ်ကြံမည်ကို စိုးရိမ်၍ သံဃာ တော် ၅၀၀ ခြံရံ ကြွချီရဟု သီတဂူ ပြောဆိုချက် လွဲမှားနေဟု ဆရာတော် မင်းသုည မိန့် ကြား၊ သီတဂူ ကြောက် စိတ် ဖြစ်နေပြီး မင်းအောင်လှိုင် အလိုကျ လုပ်နေဟု ဝေဖန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြတ်စွာဘုရား၏ အသက်ကို ဘာသာခြားက လုပ်ကြံမည်ကို စိုးရိမ်၍ သံဃာ တော် ၅၀၀ ခြံရံ ကြွချီရဟု သီတဂူ ပြောဆိုချက် လွဲမှားနေဟု ဆရာတော် မင်းသုည မိန့် ကြား၊ သီတဂူ ကြောက် စိတ် ဖြစ်နေပြီး မင်းအောင်လှိုင် အလိုကျ လုပ်နေဟု ဝေဖန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက သံဃာတော် ၅၀၀ ခြံရံ ကြွချီ တော်မူခဲ့မှုသည် ဘာသာခြားများက အသက်အန္တရာယ်ကို လုပ်ကြံမည့်အရေး စိုးရိမ်၍ ဖြစ်သည်ဟု သီတဂူ ပြောဆိုချက်မှာ လွဲမှားနေပြီး ဘုရား ဟော လည်း မဟုတ်ကြောင်း ဆရာတော်မင်းသုညက မိန့်ကြားသည်။

သီတဂူက ဒီဇင်ဘာလ ၂၄ ရက်နေ့ အိန္ဒိယနိုင်ငံ၊ ဂယာမြို့၊ မဟာဗောဓိ ပရဟိ တ မြန်မာကျောင်းတွင် မြတ်စွာဘုရားသည် အသက်အန္တရာယ် လုပ်ကြံ မည့်အ ရေး စိုးရိမ်၍ သံဃာတော် ၅၀၀ အမြဲတမ်းခြံရံ ကြွချီ လှည့်လည်တော်မူသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြတ်စွာဘုရား သံဃာတော် ၅၀၀ နဲ့ခရီးလှည့်တယ်။ အဲဒီသံဃာတော် ၅၀၀ နဲ့ခရီး လှည့်တယ်ဆိုတာက ပဋိကတ်မှာ နေရာတိုင်းပဲ။ ဘုရားခရီးထွက်ရင် တစ်ပါး၊ နှစ်ပါးတည်းနဲ့ခရီးသွားတာက စိတ်ပျက်လို့ ခရီးထွက်သွား တာပဲရှိ တယ်။ စိတ်ပျက်လို့ ဆိုတာ ထည့်ပြောတာပါ။ ဘုရား စိတ်ပျက်လို့ ဆိုတာ ဘယ်ရှိမလဲ။ စိတ်ပျက်စရာကောင်းလောက်အောင် ရန်ဖြစ်ကြတယ်။ အဲဒီလို တစ်ပါးတည်းထွက်သွားတာက အဲဒီလောက်ပဲရှိတယ်။ အခု မြတ်စွာဘုရားက သံဃာတော် ၅၀၀ နဲ့သွားတယ်ဆိုတာက နေရာတကာ တွေ့တယ်။ စာမှာ တိတိ ကျကျ မပါဘူး။ ဘယ်မှ မပါဘူး။ ဘာသာရေး ဂိုဏ်းတွေက Religious School တွေက ဘုရား ထက်စောပြီးတော့ အများကြီးပေါ်နေပြီးပြီ။

ဘုရားနဲ့ခေတ်ပြိုင် ဘာသာရေးဂိုဏ်းတွေက အများကြီး။ မြတ်စွာဘုရားကို လုပ်ကြံတာတွေက ပြိုင်ဘက် ဘာသာရေးဂိုဏ်းတွေက လုပ်ကြံတာတွေ။ thayတဲ့အထိ Assassinate လုပ်ကြတာ။ အဲဒါကြောင့် စွပ်စွဲမှုတွေ၊ ရုန်းရင်းဆန်ခတ် ဖြစ် အောင် လုပ်တာတွေ thetဖြတ်မှုတွေ လုပ်ကြံမှုတွေ ရှိနေတဲ့အတွက် ကြောင့် ဘုရားက ခရီးသွားရင် သံဃာ ၅၀၀ ခေါ်သွားတာက သူရဲ့ အန္တရာယ် ကာကွယ်ဖို့ Protection ဖြစ်ရမယ်လို့ တွေးကြည့်တာပေါ့” ဟု သီတဂူက ပြောဆိုသည်။

သီတဂူသည် ဘုရားဟောမဟုတ်သော ပဋိကတ်တွင် မပါသော အကြောင်း အရာ များကို ဟောပြောနေပြီး အဓမ္မကို ဓမ္မအဖြစ် ပြောဆိုနေကြောင်း ၊ မြတ်စွာ ဘုရားတို့မည်သည် သူတစ်ပါး ပယောဂဖြင့် ပျံလွန်တော်မူရိုး ထုံးစံ မရှိဟု ဘုရားရှင်ကိုယ်တိုင် မိန့်ဆိုခဲ့ကြောင်း ဆရာတော်မင်းသုညက ထောက်ပြ သည်။

“သီတဂူအခု ဒီလိုပြောတာက လုပ်ကြံပြီးပြောတာပါ။ ဘုရားက တစ်ပါးတည်း ကြွတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ အင်္ဂုလိမာလလို ဓားထမ်းပြီးတော့ အမေကို လိုက်နေတဲ့နေရာတောင်မှပဲ မြတ်စွာဘုရား တစ်ပါးတည်းသွား ပြီး တော့ တရားဟောတာလည်း အားလုံးအသိပါပဲ။ ရောဟိနီမြစ်ကို အကြောင်း ပြုပြီးတော့ မင်းညီမင်းသားတွေ ရေလုတဲ့ ပြဿနာမှာလည်း တစ်ပါးတည်း သွားပြီးတော့ ဟောတာပါ။ ပြောချင်တာက တစ်ပါးတည်းသွားတဲ့ သာဓကတွေ အများကြီးပဲရှိပါတယ်။ မြတ်စွာဘုရားက ရဟန်းသံဃာတွေနဲ့ အခြွေအရံ ကြွ တာ က ဆွမ်းခံကြွတာတို့ ဒီလိုမျိုးတွေပဲရှိပါတယ်။ သူပြောသလို အခြံအရံ တွေနဲ့ ဘာသာခြားတွေက လုပ်ကြံမှာစိုးလို့ ကြွတာက ဘုရားရဲ့ ပဋိကတ်သုံးပုံ တွေကော အဌာကထာတွေရောမှာ ဘယ်နေရာမှ မရှိပါဘူး။ ဘာကိုရည်ရွယ် နေလဲ ဆိုတာကတော့ သူက ဘာသာခြားတွေကို တိုက်ခိုက်နေတာ ကြာခဲ့ပြီ။

ဘာသာခြားတွေကြောင့် စိုးရိမ်ရတယ်ဆိုတဲ့ အခြေအနေနဲ့ သူ့ရဲ့ ကြောက်စိတ် အခုဆိုလိုရှိရင် သူက စစ်တပ်နဲ့ဝန်းရံပြီးသွားတဲ့ဟာတွေကိုလည်း ဦးဇင်းတို့ ကြားရတယ်။ ပြီးတော့ သံဃာတွေ ဝန်းရံပြီးသွားနေတာလည်း ကြားရတယ်။ ဘာသာရေးနဲ့ပတ်သက်ပြီး သူ မီးမွှေးခဲ့တာကြာခဲ့ပြီ။ အိမ်ရှင် ဧည့်သည်ဆိုပြီး အစ္စလမ်ဘာသာဝင်တွေ မုန်းတီးရေး သူလုပ်ခဲ့တာ။ မဘသအဖွဲ့အစည်းမှာ လည်း သူက နာယက အဖြစ် ပါဝင်ခဲ့တာ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောထားတဲ့အထဲမှာ အဓမ္မကို ဓမ္မအဖြစ် ဟောတာ အပြစ် အကြီးဆုံးပဲ” ဟု ဆရာတော်မင်းသုညက ရှင်းပြသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။