Breaking News – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်၊ အမှုအားလုံးပြီးပြတ် သွားချိန် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထား

Local News

Breaking News – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်၊ အမှုအားလုံးပြီးပြတ် သွားချိန် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ထပ်မံ ချမှတ်၊ အမှုအားလုံးပြီးပြတ် သွားချိန် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ယနေ့ ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်ကြောင်း တရားရုံးသတင်းရပ်ကွက်က အတည်ပြုသည်။
ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဌားရမ်းခြင်း၊ ဝယ်ယူခြင်း နှင့် သက်ဆိုင်သည့် အမှု များ ဖြစ်သည့် အမှု အမှတ် ၄၆၊ ၄၇၊ ၄၈ နှင့် အမှု အမှတ် ၅၀ တို့ အတွက် ထောင်ဒဏ် ၃ နှစ်ဆီ တစ်ပေါင်းတည်း ချမှတ်ပြီး အမှု အမှတ် ၄၉ အတွက် ထောင်ဒဏ် ၄ နှစ် ကျခံရန် အမိန့်ချမှတ် ခဲ့သည့် အတွက် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရားအမှု ဆင် ဖမ်းဆီးထားသော အမှု လက် ကျန်များအတွက် စုစုပေါင်း ယနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ ခြင်း ဖြစ်ရာ မူလကလည်း ဒေါ်အောင်ဆန်း စုကြည် အပေါ် စစ်ကောင်စီက ထောင် ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သဖြင့် အမှုအားလုံးပြီး ပြတ်ချိန်တွင် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥပဒေနှင့်မညီဘဲ အာဏာသိမ်းယူခဲ့ပြီး လက်ရှိအချိန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန် တောင်းဆိုမှု နှင့်နိုင်ငံတကာ၏ ဖိအားများကို ငြင်းဆန်နေဆဲဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။