တပို့တွဲလ မွေးဖွားသူများ

Astrology

တပို့တွဲလ မွေးဖွားသူများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့တပို့တွဲလ မွေးဖွားသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


တပို့တွဲလ မွေးဖွားသူတို့သည် ပင်ကိုယ်စိတ်ဓါတ် ဖြူစင်မြင့်မြတ်သူများ ဖြစ်ပြီး ဉာဏ်ပညာ အလွန်ထက်မြက်သူများ ဖြစ်တယ်။ အတွက်အချက် ပညာတို့တွင် ပါရဂူမြောက်အောင် ထူးချွန်တတ်ကြမယ်။ မည်သည့်ကိစ္စမဆို ယုတ္တိကျကျက ကျိုးကြောင်း တိကျစွာ တွေးခေါ် ယူဆနိုင်စွမ်း ရှိကြမယ်။ ဖြတ်ထိုးဉာဏ် အလွန်ကောင်းမယ်။ အနေအထိုင် စကားနည်းပြီး သီးသီးသန့်သန့်နှင့် အေးအေးချမ်းချမ်း နေလိုမယ်။ သူတစ်ပါးကို အနှောက်အယှက် လုံးဝမပေးတတ်ပါ။ ကိုယ်တာဝန် ယူထားသောကိစ္စများကို အပြီး ဆောင်ရွက်တတ်ကြတယ်။

မည်သည့် ကိစ္စမဆို အပင်ပန်းခံပြီး လုပ်တတ်တယ်။ စည်းစနစ်နှင့် သုံးစွဲသဖြင့် နှမြောတွန့်တိုလို အထင်ခံကြရတတ်တယ်။ အအိပ်မက် ပျင်းရိစိတ် ဝင်လာပါက ဘာမှမလုပ်ဘဲ နေတတ်တယ်။ အလှအပ အထူးကြိုက်တတ်တယ်။ အလှအပမြင်သမျှ သဘောကျတတ်တဲ့ ဉာဉ်ရှိမယ်။ ပင်ကိုယ်စိတ်ဓါတ် တည်ကြည်တယ်။ ထက်မြက်ပြီး သစ္စာရှိတယ်။

rary Wai Yan Thiri Online Lib

ဘဝတွင် အပြောင်းအလဲများစွာ ကြုံရတတ်တယ်။ ဘဝတွင် အမြဲတမ်း လှုပ်ရှားရှင်သန်နေရမယ်။ အနစ်နာခံ၊ အပင်ပန်းခံ၊ အနွံတာခံပြီး ကြိုးစားကြရတတ်တယ်။ ကိုယ်တိုင်ကလည်း မလုပ်ဘဲနေလျှင်သာ ငြိမ်နေတတ်ပြီး လုပ်ပြီဆိုက သူများထက် သွက်လက်ထက်မြက်မယ်။ စိတ်ထားဖြောင့်သလောက် ကားပြောရာတွင် မထင်လျှင် မထင်သလို ကျွတ်ဆတ်ဆတ် ပြောချင်တတ်ကြတယ်။

ရည်မှန်းချက် မြင့်မားစွာထားပြီး စိတ်ပါလက်ပါ ကြိုးစားပါက ထိပ်တန်းရောက်အောင် အောင်မြင်သွားတတ်တယ်။ သတိထားရမှာက သူတစ်ပါးကို ယုံလွယ်ခြင်း ပုံအပ်တတ်ခြင်း ခေါင်းမာစွာ ဆုံးဖြတ်တတ်ခြင်းတို့ကြောင့် နာမည်ပျက်ခြင်း ရှိရင်းစွဲအောင်မြင်မှုကို ထိခိုက်တတ်ခြင်း စည်းစိမ် ဥစ္စာများ ပျက်စီးသွားခြင်းလည်း ဖြစ်တတ်ကြ၍ အထူးသတိပြု နေထိုင်လုပ်ကိုင်ပါ။

တပိုတွဲလ မွေးဖွားသူတို့သည် ဓါးသွေးကျောက်သဖွယ် သူတစ်ပါးတို့အတွက် အနစ်နာခံပြီး ကူညီချင်မယ်။ သူတစ်ပါးအတွက်ဆိုလျှင် ကိုယ်ကျိုးစီးပွားအပျက်ခံပြီး ကူညီတတ်ကြတယ်။ မိတ်ဆွေမဖြစ်ခင်သာ ဘာသိဘာသာ နေတတ်ပြီး မိတ်ဆွေဖြစ်သွားပါက တစ်ခါတွေ့ တစ်သက် မမေ့နိုင်လောက်အောင် မိတ်ဆွေပီသသူများ ဖြစ်ပြီး အနစ်နာခံသူများ ဖြစ်တယ်။ သူတစ်ပါးအတွက် ကြားဝင်ခံရခြင်းမျိုးလည်း ကြုံတတ်ကြမယ်။ ကိုယ်နှင့်ဝေးမှ ချီးကျူးခံရတတ်တယ်။ သေပြီးမှ ချီးမွမ်းခံရတတ်သော ဇာတာရှင်များ ဖြစ်တယ်။

ဘာသာရေး ပါရမီရင့်သန်သူများ ဖြစ်တယ်။ သို့သော် ဘာသာရေးတွင် အယူသည်းမယ်။ အချို့ကိစ္စများတွင် အများနှင့် အမြင်မတူသဖြင့် လူ့ခွစာများ အမြင်ခံနေရမယ်။ အကြံကောင်းအတိုင်း ကြိုးစားက ပစ္စည်းဥစ္စာချမ်းသာပြီး အမည် ကျော်စောတတ်မယ်။ လူမျိုးခြား နိုင်ငံခြားကိစ္စတို့ အထူး ကောင်းကျိုးပေးမယ်။

တပို့တွဲလ မွေးဖွားသူတို့သည် အချစ်နှင့်ပတ်သက်၍ အလွန်ခံစားချက် ပြင်းထန်ပြီး အချစ်ကို အလွန် တန်ဖိုးထားတတ်ကြမယ်။ အချစ်ကံ ခေတတ်ကြတယ်။ အချစ်အတွက် တစ်ဖက်သတ် ပေးဆပ်နေကြရသူများ ဖြစ်တယ်။ ကိုယ်က ချစ်သလောက် တစ်ဖက်သတ် ပေးဆပ်နေကြရသူများ ဖြစ်မယ်။ ကိုယ်က ချစ်သလောက် ကိုယ့်အပေါ် တုံ့ပြန်မေတ္တာ အားနည်းသော အနေအထားကိုသာ ကြုံတတ်ကြရတယ်။ အုံ့ပုန်း အချစ်သမားများသာ ဖြစ်တတ်ကြတယ်။ အချစ်ရေးတွင် အသည်းကွဲရတတ်တယ်။

အကယ်၍ ကိုယ့်ချစ်သူနှင့် လက်တွဲရသောအခါတွင်လည်း ကိုယ်က အယူအစွဲကြီးခြင်း အယူသည်းခြင်း၊ ခေါင်းမာခြင်း တို့ကြောင့် ပြဿနာ မကြာခဏ ဖြစ်တတ်တယ်။ အချစ်ရေးတွင် သဝန်တိုတတ်တယ်။ ချစ်သူတို့သည် ဘဝအတွက် ကိုယ့်ကို လှေကားထစ်သဖွယ် အသုံးပြုကာ နင်းတက်သွားကြမယ်။ ကိုယ့်ကို မေ့ပစ်တတ်ကြမယ်။ အိမ်ထောင်ရေးတွင် ကံကောင်းပါမယ်။ အနည်းအကျဉ်း စကားများရုံမှအပ ကြီးမားသော ပြဿနာမရှိတတ်ပါ။

အထူးသာယာသော အိမ်ထောင်ရေး ဖန်တီးနိုင်ပါမယ်။ ကိုယ့်ဒူး ကိုယ်ချွန် ကြိုးစားပြီး ကြီးပွားမည့်သူများ ဖြစ်ကြမယ်။ အမြဲတမ်း ပြောင်းလဲလှုပ်ရှားကာ ရှင်သန်နေရသော အလုပ်များကို လုပ်ကိုင်ရတတ်တယ်။ ပုံသေဖြစ်သော အလုပ်တို့နှင့် မကိုက်ညီပါ။ အချက်အလက် စုဆောင်းမှု ကောင်းခြင်း၊ အတွက်အချက် တော်ခြင်းတို့ကြောင့် သူတစ်ပါးတို့ထက်ပို၍ ထူးချွန်သူများ ဖြစ်မယ်။ အထူးသဖြင့် စာရေးဆရာ အလုပ်တွင် ထူးချွန်သူများ ဖြစ်တတ်တယ်။

စကားပြောများခြင်း၊ နှုတ်ဖွာခြင်းတို့ကြောင့် ကိုယ့်ရဲ့ အကြံဉာဏ်ကောင်းများသည် သူတစ်ပါးတို့ထံသို့ ရောက်ကာ သူတစ်ပါးတို့တွင် အလွန် အောင်မြင်သွားတတ်ကြမယ်။ ကိုယ်တိုင်က အထင်သေး၍ စွန့်ပစ်ထားသော အကြံဉာဏ်တို့ကြောင့် သူတစ်ပါးတို့က ကြီးပွားသွားတတ်တယ်။ ဘဝတွင် အနှောက်အယှက်များ အတိုက်အခံများ များစွာကြုံရတတ်တယ်။ သူတစ်ပါးတို့အတွက် ငဲ့ကွက်ရင်း နစ်နာတတ်တယ်။ ကိုယ့်အကျိုးစီးပွားကို အပျက်ခံပြီး သူတစ်ပါးကို ကူညီမိတတ်လို့ ကျေးဇူးကန်းခံရခြင်း မနာလိုခံရခြင်း၊ ချောက်တွန်းခံရခြင်းတို့ ကြုံရတတ်ပါတယ်။ သတိပြုပါ။

ဒုတိယ အရွယ်တွင် အိုးပိုင် အိမ်ပိုင်နှင့် နေနိုင်နိုင်မယ်။ အလုပ် (၃)မျိုး ပြောင်းပြီးမှ တည်ငြိမ်တတ်တယ်။ သို့မဟုတ် နေရာ (၃)နေရာခန့် ပြောင်းပြီးမှ တည်ငြိမ်တတ်မယ်။ မိသားစုသံယောဇဉ် ကြီးမားသူများ ဘဖစ်တယ်။ သို့သော် မွေးရပ်မြေမှ ဝေးရာတွင် ကြီးပွားချမ်းသာပြီး အောင်မြင်တတ်ကြပါတယ်။ ရတနာပစ္စည်းများစွာကိုလည်း စုဆောင်းမိတတ်တယ်။

အနုပညာ၊ စာပေများကို နှစ်သက်မယ်။ အထူးသတိပြုရန်မှာ ဘဝတွင် အောင်မြင်မှုရရှိပြီးမှ နာမည်ပျက်ခြင်း ချမ်းသာကြွယ်ဝပြီးမှ ပစ္စည်းများ ဆုံးရှုံးသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ စာပေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း မြေအရောင်းအဝယ်လုပ်ငန်း ဆရာဝန်လုပ်ငန်း စက်ပစ္စည်းတို့ဖြင့် ကြီးပွားချမ်းသာ အကျိုးပေးတတ်ပါတယ်။

တပိုတွဲလ မွေးဖွားသူတို့သည် အများအားဖြင့် အဆစ်အမြစ်ကိုက်ခဲခြင်း အမြဲရှိမယ်။ အခန့်မသင့်လျှင် လေးဘက်နာအထိ ဖြစ်တတ်တယ်။ ထို့အပြင် ဝမ်းပျက်ခြင်း ဝမ်းကိုက်ခြင်း အစာအိမ်ရောဂါ၊ အသည်းနှင့် ဆိုင်သောရောဂါ၊ သွေးကြောနှင့် ဆိုင်သောရောဂါ၊ ထုံကျင် ကိုက်ခဲသောရောဂါတို့ သတိပြုပါ။ အမျိုးသားများ ဆီးကြိတ်နှင့် ဆိုင်သောရောဂါ ဖြစ်တတ်ပါတယ်။

တပိုတွဲလ မွေးဖွားသူတို့သည် တစ်မူထူးခြားသော ဘဝပိုင်ရှင်များ ဖြစ်ကြတယ်။ အေးဆေး တည်ကြည်မယ်။ မာနကြီးမယ်။ မိရိုးဖလာ အတွေးအခေါ် အယူအဆများကို စွန့်လွှတ်ကာ အယူအဆသစ်များ ထူထောင်တတ်ကြမယ်။ သူတစ်ပါးအတွက် အနစ်နာခံတတ်ကြတယ်။ ချမ်းသာကထပ်ဆုံး ဆင်းရဲကအောက်ဆုံး ဖြစ်တတ်ကြတယ်။ ဘ၀ အပြောင်းအလဲမြန်သူများ ဖြစ်လို့ လောင်းကစားကိစ္စများ ရှောင်သင့်ပါတယ်။ တစ်စုံတစ်ဦးကို ယုံ၍ ပုံအောပြီး ငွေရှာခြင်းကြောင့် စီးပွားပျက် ကျရှုံးခြင်း ကြုံတတ်တယ်။ တပို့တွဲလ မွေးဖွားသူတို့သည် ထူးခြားသော ကိုယ်ပိုင်ဟန်နှင့် ဆွဲဆောင်မှု ရှိတတ်တယ်။ သံလိုက်ဓါတ်အား ကောင်းပြီး ဆန့်ကျင်ဘက်အပေါ် ဆွဲဆောင်အား ကောင်းကြမယ်။ တစ်ခါတရံ အတွေးသမား အငေးသမား အပြောသမားများ ဖြစ်နေတတ်ပြီး အမှားအမှန်ကို ခွဲခြားနားမလည်ဘဲ ဖြစ်တတ်ကြတယ်။

ပုလဲနက်၊ စိန်နက်၊ မဟူရာကျောက်၊ ရေသံကျောက်တို့ကို ဆောင်ထားပါ။ ကိုယ်တိုင် အကြံကောင်းများကို အကောင်အထည် ဖော်လုပ်ပါ။ ကိုယ်ယုံကြည်ရာ အလုပ်တစ်ခုကို လုပ်မည်ဟု ဆုံးဖြတ်ပြီးက အားကုန် ကြိုးစားပေးခြင်းဖြင့် ထိပ်တန်းရောက်အောင် ကြီးပွားအောင်မြင်ပါမယ်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။